သဲထိတ်ရင်ဖို အရဲစွန့် အိမ်ပြန်ခရီးလမ်း

“ကျနော်တို့ ချင်းရွှေဟော်ကို မကျော်မချင်းကတော့ စိတ်ထဲမှာ ကိုယ့်ကိုယ်သေပြီလို့ပဲ ဆုံးဖြတ်လိုက်တယ် “ လို့ ဆိုကာ မိုင်းအိုက်တား (အမည်လွှဲ) က ကျော်ဖြတ်လာတဲ့ အိမ်ပြန်လမ်းခရီး ခက်ခဲမှု အတွေ့အကြုံတွေကို ရင်ဖွင့်လာပါတယ်။

မိုင်းအိုက်တားဟာ လောက်ကိုင်မြို့ က ဟိုတယ်တစ်ခုမှာ သန့်ရှင်းရေး လုပ်ငန်း လုပ်နေသူ တစ်ဦးပါ။

“၁၀၂၇ စစ်ဆင်ရေး“ တိုက်ပွဲကြောင့် လောက်ကိုင်မြို့မှာ လဝက်နီးပါးကြာ ပိတ်မိနေပြီး တစ်ရက်မှာတော့ သူငယ်ချင်းတွေနဲ့အတူ အရဲစွန့်ပြီး ကျောက်မဲမြို့ရှိ နေရပ်အိမ်သို့ ပြန်ရန် ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

Photo – Credit ( တိုက်ပွဲကြား နေရပ်သို့ ပြန်တဲ့ ပြည်သူများ)

တိုက်ပွဲဖြစ်ပွားမှုကြောင့် အရင်က ပြန်နေကြ လောက်ကိုင် – ချင်းရွှေဟော် – သိန္နီ လမ်းပိုင်းမှာလည်း ဖြတ်သန်းသွားလာလို့ မရတော့ကာ၊ “ဝ “ ဒေသ နမ့်တစ် – ပန်ဆန်းမှ တစ်ဆင့် တန့်ယန်း – သီပေါ – ကျောက်မဲမြို့သို့ ပြန်ရန် စီစဉ်ခဲ့ပါတယ်။

မပြန်ခင် ရှေ့ရက် အနည်းငယ်မှာလည်း လမ်းပိုင်းတွေကို စုံစမ်းမေးမြန်းထားပြီး ဖြစ်သလို အရဲစွန့်ပြီး ပြန်သွားတဲ့သူတွေ အချို့ရှိနေတယ်ဆိုတဲ့ သတင်းကြောင့် ပြန်ဖို့ တွန်းအား ဖြစ်စေခဲ့တာပါ။

နေရပ်ပြန်စဉ် လမ်းတစ်ဝက်မှာ စားသောက်ဖို့အတွက် စားနပ်ရိက္ခာတွေအပြင် အိပ်စက်ရန်အတွက် အထိုင်အခင်း၊ စောင်တွေလည်း တစ်ပတ်စာ ကြိုတင်ပြင်ဆင်ခဲ့ပါတယ်။

Photo – Credit ( တိုက်ပွဲကြား နေရပ်သို့ ပြန်တဲ့ ပြည်သူများ)

အဲ့နောက် (နိုဝင်ဘာလ ၉ ရက်) မနက် အာရုံမတက်မှီအချိန်မှာ မိုင်းအိုက်တားတို့ ဆိုင်ကယ် ၆ စီး နဲ့ သူငယ်ချင်း ၁၂ ယောက်ဟာ လောက်ကိုင်မြို့ကို စတင်စွန့်ခွာခဲ့ပါတယ်။ အဲ့ ၁၂ ယောက်ထဲမှာလည်း တအာင်းလူမျိုးတွေပါသလို သျှမ်းလူမျိုးတွေလည်းပါ ပါတယ်။

ကားငှားပြီး လာကြသူအချို့ကတော့ ကားခတစ်ယောက်ကို တရုတ်ယွမ် ၂ ထောင် (မြန်မာငွေ ကာလပေါက်စျေး ကျပ် ၉ သိန်း ) မှ ၃ ထောင် (မြန်မာငွေ ကာလပေါက်စျေး ကျပ် ၁၃ သိန်းခွဲ) ပေးရပါတယ်။

မိုင်းအိုက်တား တို့ ဆိုင်ကယ်ဖြင့် ၁ နာရီခန့်ကြာ မောင်းနှင်လာပြီးနောက် လောက်ကိုင် – ချင်းရွှေဟော်ကြား ပါစင်ကျော်ရွာ အကျော်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်အနီးကို ရောက်ရှိလာတဲ့အချိန်မှာတော့ ဘဝတလျှောက် မကြုံဖူးသေးတဲ့ စိန်ခေါ်မှုကြီး တစ်ရပ်ကို စတင်ရင်ဆိုင်လိုက်ရတယ်။

“ကျနော်တို့ကို ခေါ်ပြီး ဆိုင်ကယ်သော့တွေ ထားခဲ့ရတယ်။ ပစ္စည်းတွေ ဘာမှမယူနဲ့ အဲ့လိုမျိုးခေါ်ပြီးတော့ သူတို့စောင့်တဲ့နေရာရောက်ရင် အကုန်စစ်တယ်။ ဖုန်းတွေ၊ ပါလာတဲ့ ပစ္စည်းတွေ အကုန်ယူထားတယ်။ ကိုယ့်ဖုန်းတွေ သူ့တို့ကို မပေးရင်လည်း နောက်ထပ်စစ်လို့ တွေ့ရင် ပစ်သတ်မယ်လို့ အဲ့လိုပြောတာ “ ဟု မိုင်းအိုက်တားက ရှင်းပြနေပါတယ်။

Photo – Credit ( MNDAA တပ်ဖွဲ့မှ နေရပ်ပြန်မယ့် ပြည်သူတွေရဲ့ ဖုန်းကို သိမ်းဆည်းထား)

စစ်ဆေးမေးမြန်းမယ်ဆိုတဲ့ အကြောင်းပြချက်နှင့် ပါလာတဲ့ ကား၊ ဆိုင်ကယ်၊ ဖုန်းနဲ့ စားနပ်ရိက္ခာတွေကို သယ်ယူသွားခွင့်မပေးတော့ပဲ ဂိတ်ဝမှာ လွှတ်ချခဲ့ရတယ်လို့ ၎င်းက ဆိုပါတယ်။

ဒေသတွင်း မီဒီယာတစ်ခုဖြစ်တဲ့ ရွှေဖီမြေသတင်းဌာနကလည်း လောက်ကိုင်ကနေ ပြန်လာတဲ့ မန်တုံမြို့နယ် လွယ်ကန်ရွာက ဒေသခံ ၂၀ ကျော်အပါအဝင် ဒေသခံတွေရဲ့ ဖုန်းတွေကို ကိုးကန့်တပ်ဖွဲ့ MNDAA က သိမ်းဆည်းထားတဲ့အတွက် ဒေသခံတွေ နေရပ်ပြန်လာကြရန် အခက်တွေ့နေတယ်ဆိုတဲ့ သတင်းကို နိုဝင်ဘာ ၁၀ ရက်က ရေးသားဖော်ပြထားပါတယ်။

အဆိုပါ ဖုန်းသိမ်းဆည်းခြင်းနှင့် ပတ်သက်၍ ကိုးကန့်တပ်ဖွဲ့ MNDAA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းကလည်း လုံခြုံရေးအရကြောင့် ဖုန်းသိမ်းဆည်းရကြောင်း ပြန်လည်ဖြေကြားထားပါတယ်။

မူရင်းလင့် –

https://www.facebook.com/photo/?fbid=664499802523954&set=a.404503215190282

ဒါ့အပြင် တိုင်းရင်းသားဖြစ်ကြတဲ့ တအာင်း (ပလောင်)၊ သျှမ်း နှင့် ဗမာ စတဲ့ တိုင်းရင်းသားလူမျိုးကိုလည်း ကိုးကန့်တပ်ဖွဲ့ MNDAA မှ ခွဲခြား ဆက်ဆံပြီး သေနတ်ဖြင့် ခြိမ်းခြောက်၊ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ မိုင်းအိုက်တားက ပြောပါတယ်။

Photo – Credit ( တိုက်ပွဲကြား နေရပ်သို့ ပြန်တဲ့ ပြည်သူများ)

“ သူတို့ လူမျိုး၊ တရုတ်လူမျိုးတွေ စကားသွားပြောရင် ပြန်လွှတ်ပေးတယ်။ ဆိုင်ကယ်၊ ကားကအစ ပြန်ယူခွင့် ပြုတယ်။ ကျနော်တို့ တိုင်းရင်းသားတွေ စကားသွားပြောရင် သေနတ်နဲ့ ခြိမ်းခြောက်တယ်။ အစပိုင်းတော့ သေနတ်ကို အပေါ်ထောင်ပစ်တယ်။ နောက်ပိုင်းကျတော့ အောက်မြေပြင်ကို ရမ်းပစ်တယ်။ အဲ့နေ့ ၃ ယောက်တောင် ထိတယ်။ တစ်ယောက်က ခေါင်းမှာရှပ်ထိသွားတယ်။ တစ်ယောက်က ခြေတစ်လုံးနဲ့ တစ်ယောက်က ခြေဖဝါးထိသွားတယ် “ ဟု မိုင်းအိုက်တားက ပြောပါတယ်။

ထိုကဲ့သို့ ကိုးကန့်တပ်ဖွဲ့မှ သေနတ်ဖြင့် ရမ်းသမ်းပစ်လိုက်တာကြောင့် စုဝေးနေတဲ့ လူအုပ်ကြီး (နေရပ်ပြန်သူ) တွေဟာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ပြေးလွှားခဲ့ကြရာ တိုက်ပွဲအလား ထင်ယောင်ထင်မှား ဖြစ်ခဲ့သည်ဟု ၎င်းက ဆိုပြန်တယ်။

ထို့နောက် ပြေးလွှားနေကြတဲ့ လူအုပ်ကြီးကို ကိုးကန့်တပ်ဖွဲ့မှ သေနတ်ကို မိုးပေါ်ထောင်ပစ်ပြီး ခြိမ်းခြောက်ကာ ပြန်လည် စည်းရုံးခဲ့တယ်လို့ မိုင်းအိုက်တားက ပြောဆိုပါတယ်။

“ ထမင်းစားဖို့ နေနေသာသာ ကျနော်တို့ပါလာတဲ့ ပစ္စည်းတွေကအစ ပေးမယူဘူး။ အမှန်ဆို ကျနော်တို့ ပြန်မယ့်နေ့ ကတည်းက စားသောက်စရာတွေ တစ်ပတ်စာအကုန်လုံး ပါခဲ့ပြီ။ ရေကအစ သူတို့ ပေးမသောက်ဘူး။ ကိုယ့်ရေကအစ သူတို့ပေးမယူဘူး။ တိုက်လည်းမတိုက်ဘူး “ လို့ မိုင်းအိုက်တားနဲ့အတူ နေရပ်ပြန်လာတဲ့ စိုင်းအောင် (အမည်လွှဲ) က ပြောပါတယ်။

Photo – Credit ( တိုက်ပွဲကြား နေရပ်သို့ ပြန်တဲ့ ပြည်သူများ)

တစ်ရက်လုံးလုံး အစာရေစာ ငတ်ပြတ်ခဲ့ရပြီး ပင်ပန်းနွမ်းနယ်စွာဖြင့် လမ်းဘေးမှာ နာရီပေါင်းများစွာ စောင့်ဆိုင်းခဲ့ရတယ်လို့ ဆိုပြီး ညနေပိုင်းမှာ ကိုးကန့်တပ်ဖွဲ့က ၂၂ ဘီးတွဲကားနဲ့ “ ၀ “ဒေသ နမ့်တစ်မြို့ရှိ စစ်ရှောင် စခန်းသို့ ပို့ပေးဆောင် ပေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ နမ့်တစ်မြို့မှ တစ်ဆင့် ပန်ဆန်းမြို့တွင် တစ်ညအိပ်ပြီး ပန်ဆန်းမှ တန့်ယန်း – သီပေါ – ကျောက်မဲ မြို့သို့ ရောက်ရှိခဲ့တယ်လို့ စိုင်းအောင်က ပြောပါတယ်။ လောက်ကိုင်မြို့မှ ကျောက်မဲမြို့သို့ ပြန်လာချိန် လမ်းမှာ ၅ ရက်သာ ကြာမြင့်ပြီး နိုဝင်ဘာလ ၁၃ ရက် ညတွင် အိမ်သို့ ပြန်ရောက်ခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

“ ကျနော်တို့ လောက်ကိုင်ကနေ စထွက်ခဲ့တော့ လောက်ကိုင်ကနေ ပါစင်ကျော် – ချင်းရွှေဟော် – နမ့်တစ်ကို ရောက်လာတယ်။ နမ့်တစ်ကိုရောက်တော့ အဲ့ညဒုက္ခသည်အဖြစ် တစ်ညအိပ်ခဲ့ရတယ်။ အဲ့နေ့ နောက်ဆုံးက ကျနော်တို့ ၆ ယောက်ပဲကျန်တော့တယ်။ ကားခလည်း မတတ်နိုင်တော့ဘူး။ ကျနော်တို့ပေါင်းပြီးတော့ ဆိုင်ကယ် အဟောင်း ၂ စီး ပြန်ဝယ်လိုက်တယ်။ ဆိုင်ကယ် ၁ စီးကို ၃ ယောက်စီးပြီး ခရီးဆက် နေရပ်လာခဲ့တယ်၊ မနေ့ကမှ အိမ်ကိုရောက်တယ် “ လို့ စိုင်းအောင်က ပြောပါတယ်။

Photo – Credit ( တိုက်ပွဲကြား နေရပ်သို့ ပြန်တဲ့ ပြည်သူများ)

အခုအချိန်ထိ လောက်ကိုင် – ချင်းရွှေဟော်လမ်းကြားတွင်လည်း ပိတ်မိနေတဲ့ နေရပ်ပြန်သူတွေ ရှိနေသေးသလို ပျောက်ဆုံးနေသူလည်း ရှိနေကြောင်း စိုင်းအောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက် နေ့လယ်ပိုင်းအချိန်မှာ လောက်ကိုင်မြို့အထွက်၊ ၁၀ တန်ဂိတ်အနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ၃ ဦး သေဆုံးပြီး၊ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အဲ့ဒီလမ်းပိုင်းတလျှောက်မှာလည်း စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် (၃) ဖွဲ့တို့အကြား တိုက်ပွဲဆက်လက် ဖြစ်ပွားနေတာတွေ ရှိနေတယ်လို့ စစ်ကောင်စီက နိုဝင်ဘာလ ၁၃ ရက်တွင် ထုတ်ပြန်ထားပါတယ်။

Photo – Credit ( တိုက်ပွဲကြား နေရပ်သို့ ပြန်တဲ့ ပြည်သူများ)

ယင်းကဲ့သို့ တိုက်ပွဲကြောင့် လောက်ကိုင်မြို့အတွင်း ပိတ်မိနေကြသူများကလည်း စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ကြုံတွေ့နေရပါတယ်။

“ ၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲစတင်တဲ့ ကာလအတွင်း ဆန်တစ်အိတ်ကို တရုတ်ယွမ်ငွေ ၁၀၀၀ (ကျပ်ငွေ ၄ သိန်း) အထိ မြင့်တက်နေပါတယ်။ သို့သော်လည်း လမ်းပိုင်းပိတ်ဆို့မှုတွေကြောင့် ရောင်းချရန် ဆန်အိမ်များအပြင် အခြေခံ အစားအစာဖြစ်တဲ့ မားမားခေါက်ဆွဲမှာလည်း လောက်ကိုင်မြို့တွင် ပြတ်လပ်နေပါတယ်။

“ အခု ဆယ်တန်ဂိတ်နဲ့ ပါစင်ကျော်ကြားထဲမှာ လူထောင်ချီ ပိတ်မိနေတုန်းပဲ။ ကလေးငယ်ရှိတဲ့ နို့တိုက်မိခင်တွေကော သက်ကြီးရွယ်အိုတွေကော၊ အရေးပေါ် ဆေးကုမယ့်လူနာတွေ အများကြီးရှိတယ်။ စစ်ရေးကလည်း ဖြစ်တော့ အန္တရာယ်ရှိနေတယ်” လို့ လမ်းခရီးအတွင်း ပိတ်မိနေတဲ့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

စစ်ရေး ပြင်းထန်နေတဲ့ သျှမ်းမြောက် ဒေသ လောက်ကိုင်မြို့အတွင်း ပိတ်နေကြတဲ့ ပြည်သူများဟာ မြို့ကိုအရဲစွန့်ပြီး ထွက်ပြေးလာခြင်း ဖြစ်ပါတယ်။

“ အခု ကျနော် အိမ်ပြန်ရောက်ပေမယ့် လက်နက်ကြီး၊ လက်နက်ငယ်သံက ကျနော်မြို့မှာလည်း ကြားနေရတယ်။ လမ်းမှာထက်စာရင်တော့ မိသားစုရှိသေးတယ်ဆိုတဲ့စိတ်နဲ့ သက်သာတာပေါ့” လို့ စိုင်းအောင်က လက်ရှိခံစားချက်ကို ပြောပြပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

ငြိမ်းချမ်းရေးဖိတ်ခေါ်နေချိန် MNDAA နှင့် TNLA နယ်မြေအပါအဝင် မြို့နယ် ၅၀ ကျော်ကို စစ်ကောင်စီ အရေးပေါ်အခြေအနေကြေညာ

0
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဆွေးနွေးရန် ဖိတ်ခေါ်နေသည့်အချိန်မှာပင် အာဏာသိမ်းစစ်ခေါင်းဆောင်က TNLA နှင့် MNDAA တို့ ထိန်းချုပ်ထားသည့် နယ်မြေများအပါအဝင် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၅၀ ကျော်ကို ယမန်နေ့ (ဧပြီလ ၂၄ ရက်) တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။ ထိုသို့...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...