လောက်ကိုင်မြို့ ညမထွက်ရအမိန့်ထုတ်ပြီးနောက် ရိက္ခာအလုအယက်ဝယ် ဆန်စျေးတက်

သျှမ်းပြည် လောက်ကိုင်မြို့နယ်အတွင်း ယနေ့ (အောက်တိုဘာလ ၂၉ ) ရက်မှစပြီး အခြေအနေများ ရှုပ်ထွေးမှုကြောင့်ဆိုကာ ညအမိန့်ထုတ်ပြန်လိုက်ကြောင်း သတင်းသိရှိရသည်။

လောက်ကိုင်

မြန်မာစံတော်ချိန် ည ၁၀ နာရီမှ နံနက် ၄ နာရီခွဲအချိန်ထိ ညမထွက်ရအချိန်အဖြစ် သတ်မှတ်ထားပြီး လိုက်နာခြင်း မရှိပါက ဉပဒေနှင့်အညီ အရေးဆောင်ရွက်သွားမည်ဟု ကိုးကန့် MNDAA မှ ထုတ်ပြန်ထားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မြို့ထဲတော့ လောလောဆယ် အဆင်ပြေတယ်။ အပြင်မထွက်ရဘူး။ ညမထွက်ရအမိန့်ထုတ်ထားတယ်။ စားစရာတွေတော့ ဝယ်စုထားရတာပေါ့။ ဆန်ဈေးတွေတော့ ရှယ်တက်နေတယ်။ ပိုက်ဆံရှိတာတောင်မှ ဝယ်လို့မရတဲ့အခြေအနေဖြစ်တယ်။ ဖွင့်လည်းမဖွင့်ဘူး၊ ရောင်းလည်းမပေးဘူး “ ဟု ၎င်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခင်က ဆန်တစ်အိတ်လျှင် တရုတ်ယွမ်ငွေ ၂၅၀ ယွမ် ( ကျပ်ငွေ ၁ သိန်း) ရှိသော်လည်း လက်ရှိမှာ ဆန်တစ်အိတ်လျှင် ယွမ်ငွေ ၁,၀၀၀ (ကျပ်ငွေ ၄ သိန်းနီးပါး) အထိ မြင့်တက်နေလျက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ သျှမ်းပြည် ဟိုပန်မြို့နယ်တွင်လည်း တိုက်ပွဲကြောင့် လမ်းကြောင်းပိတ်ဆို့ခြင်း၊ တံတားကျိုး ပြတ်ခြင်းကြောင့် ကုန်သွင်း၊ ထွက်ကုန် ပြတ်တောက်ကာ စားနပ်ရိက္ခာကို အလုအယက် ပြေးဝယ်နေရကြောင်း ဟိုပန်မြို့ဒေသခံတစ်ဦးက ပြောသည်။

“ ဒီမှာတော့ ကုန်ဈေးနှုန်းတွေ တက်နေတယ်။ အရင်က ၁၉ ပြည်လောက်ရှိတဲ့ ဆန်တစ်အိတ်ကို ကျပ် ၁ သိန်းနဲ့ ရောင်းတာ။ အခုတော့ ဆန်တစ်အိတ်ကို ၂ သိန်းကျော်ပြီ။ ကျနော်တို့တွေ အလုအယက်နဲ့ ဝယ်ထားရတာ အခုတော့ ရောင်းဖို့မကျန်တော့ဘူး။ တံတားတွေလည်းပြတ်၊ လမ်းတွေလည်း ပိတ်တော့ လာမရဘူးလေ “ ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် (အောက်တိုဘာလ ၂၇ ရက်)မှစပြီး ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့၊ ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲကြောင့် နယ်မြေဒေသအတွင်း တည်ငြိမ်မှုမရှိရာ ကုန်ဈေးနှုန်း မြင့်တက်လာရခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...