လောက်ကိုင်မှ ထွက်ခွာလာသည့် စစ်ဘေး‌ရှောင်ကြားထဲသို့ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ် ၃ ဦးသေဆုံး

သျှမ်းပြည် လောက်ကိုင်မြို့မှ ထွက်ခွာလာသည့် လူအုပ်ကြားထဲသို့ စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် စစ်ဘေးရှောင် ၃ ဦး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်တွင် လောက်ကိုင်မြို့အထွက် လေးမျက်နှာဘုရား တောင်ကုန်းပေါ်ရှိ စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့ရာ ချင်းရွှေဟော်မြို့ဘက်သို့ ဦးတည်ထွက်ခွာနေသည့် စစ်ဘေးရှောင်ယာဉ်တန်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ဘေးရှောင် ၃ ဦး သေဆုံးခဲ့ကြောင်း လောက်ကိုင်မြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များက ပြောသည်။

Photo- Credit * လောက်ကိုင်မြို့မှ ထွက်ခွာသည့် စစ်ဘေးတိမ်းရှောင်သူများ)

“ပြီးခဲ့တဲ့ ၂၇ ရက်နေ့က စစ်ကောင်စီက လေးမျက်နှာဘုရားကနေ ကိုးကန့်တပ်ကို လှမ်းပစ်တာထင်တယ်၊ အဲ့ထိမရောက်ဘဲနဲ့ လောက်ကိုင်ကနေ ထွက်လာတဲ့ ချင်းရွှေဟော်ဘက်သွားမယ့် ကားတန်းပေါ်ကျပြီး လူ ၃ ယောက် သေသွားတယ်လို့ပြောတယ်။ ထိခိုက်ဒဏ်ရာရတာကတော့ အများကြီးပဲ။ အဲ့မှာ ကားတွေပိတ်ပြီးတော့ ဝင်မရ ထွက်မရဖြစ်တာ၊ ညနေ ၃ နာရီထင်တယ် အဲ့အချိန် လက်နက်ကြီးကျလာတာပဲ”ဟု လောက်ကိုင်မြို့မှ ထွက်ခွာလာသည့် စစ်ဘေးရှောင်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ နိုဝင်ဘာ ၂၂ ရက်ကလည်း လောက်ကိုင်မြို့အထွက် တုန်ချိန်နှင့် ဆယ်တန်ဂိတ်တို့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့် ပြည်သူ ၈ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လောက်ကိုင်ဒေသခံများထံမှ သိရသည်။

Photo- Credit * လောက်ကိုင်မြို့မှ ထွက်ခွာသည့် စစ်ဘေးတိမ်းရှောင်သူများ)

နိုဝင်ဘာလ ၂၆ရက်မှ ၂၈ ရက်နေ့အထိ လောက်ကိုင်မြို့မှ ထွက်ခွာလာသည့် စစ်ဘေးရှောင်ဦးရေ ၃ သောင်းကျော်ခန့်ကို ချင်းရွှေဟော်မြို့မှတဆင့် ကယ်ထုတ်ပေးနေပြီး လားရှိုးမြို့နှင့် “ဝ” ဒေသ နမ့်တစ်မြို့ စသည့် လုံခြုံသည့်နေရာသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း ကိုးကန့်တပ်ဖွဲ့ MNDAA က ကိုးကန့်မီဒီယာမှ နိုဝင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။

ယခုရက်ပိုင်းအတွင်း လောက်ကိုင်မြို့ကို ဝင်ရောက်တိုက်ခိုက်တော့မည်ဟု ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ ထုတ်ဖော်ပြောကြားမှုကြောင့် လောက်ကိုင်မြို့အနီး တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေရာ စစ်ကောင်စီတပ်မှ လက်နက်ကြီးများ အကြိမ်ကြိမ် ပစ်ခတ်နေသည့်အပြင် ကိုးကန့်တပ်ဖွဲ့ MNDAA သိမ်းပိုက်ထားသည့် စခန်းကုန်းအချို့ကိုလည်း လေကြောင်းမှ ပစ်ခတ်နေသောကြောင့် မြို့တွင်းနေ ဒေသခံပြည်သူ သောင်းနှင့်ချီ နေရပ်စွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်နေကြရကြောင်း လောက်ကိုင်ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

လောက်ကိုင် MNDAA ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးတွင် ထပ်မံလွှတ်ပေး

0
သျှမ်းပြည် လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးမြို့၌ ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၁၅ ရက်) နေ့လယ်ပိုင်းတွင် တိုက်ပွဲအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း (၂၀၀) နီးပါးကို သိန္နီဘက်မှ ကားဖြင့်တင်ဆောင်လာပြီး...

လောက်ကိုင်တွင် လူသတ်မှုကျူးလွန်သူ အမျိုးသား ၄ ဦးကို MNDAA သေဒဏ်စီရင်

0
ထိုင်း-မြန်မာနယ်စပ် လောက်ကိုင်မြို့တွင် လူသတ်မှုအပါအဝင် ရာဇဝတ်မှုများ ကျူးလွန်သည်ဟုဆိုကာ အမျိုးသား ၄ ဦးကို ကိုးကန့်တပ် (MNDAA) က ဇွန်လ ၁၃ ရက် နံနက်ပိုင်းတွင် သေဒဏ်စီရင်ခဲ့ကြောင်း MNDAA ၏ ထုတ်ပြန်ချက်အရ သိရသည်။ လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်ရှိ အားကစားကွင်းတွင် ကျင်းပသည့် အဆိုပါတရားစီရင်ရေး...