Sunday, July 21, 2024

လောက်ကိုင် ဆန် ပြတ်လပ် ခေါက်ဆွဲခြောက်ဝယ်ရခက်

Must read

သျှမ်းပြည် လောက်ကိုင်မြို့တွင် ဆန်ပြတ်လပ်နေပြီး၊ ခေါက်ဆွဲခြောက်များလည်း ရှာဝယ် ရခက်နေကြောင်း စုံစမ်းသိရသည်။

လောက်ကိုင်

သျှမ်းပြည် လောက်ကိုင်မြို့တွင် အနီးတဝှိက် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် (၃)ဖွဲ့တို့ စစ်ရေး ပြင်းထန်နေပြီး၊ လက်ရှိ ပိတ်မိနေသည့် ပြည်သူများသည် ဆန်ပြတ်လပ်မှု၊ ခေါက်ဆွဲခြောက် ရှားပါးမှု စတင်ကြုံတွေ့နေရကြောင်း လောက်ကိုင်တွင် ပိတ်မိနေသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဟုတ်တယ် ဆန်တွေကတော့ ဝယ်လို့မရတော့ဘူး၊ အခု ခေါက်ဆွဲတွေလည်း ဝယ်ရခက်နေတာ ဆိုင်တွေတောင် ပိတ်ကုန်ပြီ။ ကျနော်တို့ ဆန်ရှာဝယ်တာ ဝယ်လို့မရတော့ဘူး”ဟု လောက်ကိုင်မြို့တွင် ပိတ်မိနေသည့် အမျိုးသားတစ်ဦးက ပြောသည်။

လောက်ကိုင်တွင်ပိတ်မိသူ ထောာင်နှင့်ချီ ရှိပြီး အချို့တွင်လည်း စစ်ဘေးရှောင် စခန်းတွင် ပြန်လည် ရောက် ရှိနေကြောင်း လွတ်မြောက်လာသူ အမျိုးသားတစ်ဦးကပြောသည်။

လောင်ကိုင်မြို့တွင်းတွင် စစ်မဖြစ်သော်လည်း မြို့နှင့် အနီးတစ်ဝိုင်တွင် လက်နက်ကြီးသံများ ကြားနေရကြောင်း ဒေသခံများကပြောသည်။

လောက်ကိုင်မြို့တွင်း တစ်နေရာ

လက်ရှိ လောက်ကိုင်မြို့ အခြေအနေသည် ခေါက်ဆွဲ အထုပ်သေး ရှာဝယ်ရခက်နေပြီး၊ အသင့်စားခေါက်ဆွဲဗူး တစ်ဗူးလျှင် ၁၅ယွမ်( မြန်မာကာလပေါက်စျေး ၆၀၀၀ကျပ်)ထိ ထိုးတက်သွားကြောင်း၊ ယခုရက်ပိုင်းအတွင်း ကုန်စျေးနှုန်းများ အဆမတန် မြင့်တက်နေပြီး ဖုန်းလိုင်းများ ဖြတ်တောက်ထား‌သောကြောင့် ဒေသခံများ အခက်အခဲ ဖြစ်နေကြရကြောင်း သိရသည်။

Photo – Credit ( တိုက်ပွဲကြား နေရပ်သို့ ပြန်တဲ့ ပြည်သူများ)

ထိုပြင် ပြီးခဲ့သည့်ရက်ပိုင်း ( နိုဝင်ဘာလ ၄ ရက် ) နှင့် (နိုဝင်ဘာလ ၅ ရက် ) နှစ်ရက်အတွင်း လောက်ကိုင်မြို့ ကို အရဲစွန့်ပြီး နေရပ်ပြန်လာကြသူ လူဦးရေ ထောင်ချီ ကျော်သည် ပြန်လာစဉ် လောက်ကိုင် – ချင်းရွှေဟော် ကြားရှိ ပါစင်ကျော်ရွာအနီး လမ်းတစ်ဝက်တွင် ပိတ်မိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက် နေ့လည်ပိုင်းတွင် လောက်ကိုင်မြို့အထွက်၊ ၁၀ တန်ဂိတ်အနီး၌ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ၃ ဦးသေဆုံးခဲ့ပြီး၊ ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article