လောက်ကိုင် စကစ လက်အောက်ခံ ခလရ-၁၂၅ တပ်ရင်းတစ်ရင်းလုံး ထပ်မံလက်နက်ချ အလင်းဝင်

သျှမ်းပြည် လောက်ကိုင်မြို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ) လက်အောက်ရှိ ခလရ-၁၂၅ တပ်ရင်းတစ်ရင်းလုံးသည် ကိုးကန့်တပ်ဖွဲ့ MNDAA ထံသို့ ထပ်မံလက်နက်ချ အလင်းဝင်ခဲ့ကြောင်း စုံစမ်းသိရသည်။

လောက်ကိုင်

ကုန်းကြမ်းမြို့နယ်အခြေစိုက် စစ်ကောင်စီ ခလရ-၁၂၅ တပ်ရင်းကို ညီနောင်မဟာမိတ်တပ်ဖွဲ့များမှ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ခမရ-၁၂၅ တပ်ရင်းမှူးနှင့် တပ်ဖွဲ့ဝင်များအပါအဝင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်များ စုစုပေါင်း (၂၇၂)ဦးသည် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထံသို့ လက်နက်ချအလင်းဝင်ခဲ့ကြောင်း ကိုးကန့်မီဒီယာမှ သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်နေ့အထိ ကုန်းကြမ်းမြို့နယ် စစ်ကောင်စီ တပ်စခန်း (၅)ကို ကိုးကန့်တပ်ဖွဲ့ MNDAA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ခလရ-၁၂၅ တပ်ရင်းတစ်ရင်းလုံးမှာ အလံဖြူထောင်ပြီး ၎င်းတပ်ရင်းမှ တပ်ရင်းမှူးသည် ရဲဘော်တစ်ဦးနှင့်အတူ လက်နက်ချအလင်းဝင်ရန် ကိုးကန့်တပ်ဖွဲ့ MNDAA ထံသို့ ဆွေးနွေးတောင်းဆိုခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ကုန်းကြမ်းမြို့နယ်တွင် နှစ်ပေါင်း (၃၀)ခန့် တပ်စွဲထားခဲ့သော စစ်ကောင်စီတပ်များမှ ကိုးကန့်တပ်ဖွဲ့ MNDAA သို့ လက်နက်ချ အလင်းဝင်လာသူများမှာ ခလရ-၁၂၅ အဖွဲ့ဝင် (၉၃)ဦး၊ စကခ-၁၆ အဖွဲ့ဝင် (၃၆)ဦး၊ စကခ-၁၂ အဖွဲ့ဝင် (၁၄)ဦး၊ စစ်ဆင်ရေးအကြံပေးသူ (၅)ဦး၊ ပြည်သူ့စစ်အဖွဲ့ဝင် (၂၇)ဦး၊ ရဲတပ်ဖွဲ့ဝင် (၁၁)ဦးနှင့် စစ်မိသားစုဝင် (၈၆)ဦး စုစုပေါင်း ၂၇၂ ဦး ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

လောက်ကိုင် စကစ အလင်းဝင်

လက်နက်ချ အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စစ်သုံ့ပန်းဥပဒေအရ ထိန်းသိမ်းစောင့်ရှောက်ထားပြီး ၎င်းတို့၏ မိသားစုဝင်များနှင့် ဒဏ်ရာရလူနာများကို စောင့်ရှောက်ပေးထားကြောင်း ညီနောင်မဟာမိတ်တို့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ခလရ-၁၂၅ တပ်ရင်းမှူး၏ ပြောဆိုချက်အရ စစ်ကောင်စီ စကခ-၁၆၏ စကခမှူးမှာ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အဖွဲ့ဝင် ၁၀၀ ကျော် ခေါ်ဆောင်ထွက်ပြေးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယခုကဲ့သို့ ကုန်းကြမ်းမြို့နယ်မှ ခလရ-၁၂၅ တပ်ရင်းတစ်ရင်းလုံး ကိုးကန့်တပ်ဖွဲ့ MNDAA ထံသို့ လက်နက်ချ အလင်းဝင်ခဲ့ခြင်းကြောင့် ကုန်းကြမ်းမြို့နယ် ဒေသတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ကိုးကန့်တပ်ဖွဲ့ MNDAA က ကြေညာသည်။

အလားတူ နိုဝင်ဘာ ၁၂ ရက်ကလည်း လောက်ကိုင်မြို့နယ် ညံခွမ်း(ရန်ခွမ့်)ရွာတွင် အခြေစိုက်သည့် ခလရ-၁၂၉ တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်သည့် တပ်ဖွဲ့ဝင် ၁၂၆ ဦးနှင့် မိသားစုဝင် ၁၃၄ ဦး၊ စုစုပေါင်း ၂၆၂ ဦးတို့က ပြည်သူ့ရင်ခွင်သို့ အလင်းဝင်ရောက်လာခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က နိုဝင်ဘာ ၁၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

လောက်ကိုင်မြို့အခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) လက်အောက်တွင် ခလရ-၁၂၅ (ကုန်းကြမ်း)၊ ခလရ-၁၂၈ (ပါစင်ကျော်)၊ ခလရ-၁၂၉ (ညံခွမ်း)၊ ခလရ-၂၃၉ နှင့် ခမရ-၃၂၂ ဟူ၍ တပ်ရင်းတို့ရှိပြီး ကိုးကန့်တပ်ဖွဲ့ MNDAA က လောက်ကိုင်မြို့အား ဝင်ရောက်တိုက်ခိုက်မည်ဟု ကြေညာအပြီးနောက် ယခုကဲ့သို့ ခလရ-၁၂၅ (ကုန်းကြမ်း) တပ်ရင်းတစ်ရင်းလုံးသည် ညီနောင်မဟာမိတ်ထံသို့ တတိယမြောက်တပ်ရင်းအဖြစ် လက်နက်ချ အလင်းဝင်ရောက်လာခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

လောက်ကိုင် MNDAA ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးတွင် ထပ်မံလွှတ်ပေး

0
သျှမ်းပြည် လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးမြို့၌ ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၁၅ ရက်) နေ့လယ်ပိုင်းတွင် တိုက်ပွဲအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း (၂၀၀) နီးပါးကို သိန္နီဘက်မှ ကားဖြင့်တင်ဆောင်လာပြီး...

လောက်ကိုင်တွင် လူသတ်မှုကျူးလွန်သူ အမျိုးသား ၄ ဦးကို MNDAA သေဒဏ်စီရင်

0
ထိုင်း-မြန်မာနယ်စပ် လောက်ကိုင်မြို့တွင် လူသတ်မှုအပါအဝင် ရာဇဝတ်မှုများ ကျူးလွန်သည်ဟုဆိုကာ အမျိုးသား ၄ ဦးကို ကိုးကန့်တပ် (MNDAA) က ဇွန်လ ၁၃ ရက် နံနက်ပိုင်းတွင် သေဒဏ်စီရင်ခဲ့ကြောင်း MNDAA ၏ ထုတ်ပြန်ချက်အရ သိရသည်။ လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်ရှိ အားကစားကွင်းတွင် ကျင်းပသည့် အဆိုပါတရားစီရင်ရေး...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...