Tuesday, January 27, 2026

TSU အလုပ်အမှုဆောင်တစ်ဦးနှင့် အခြားလူငယ် ၄ ဦးကို MNDAA မှ အဓမ္မ ဖမ်းဆီးခံရ

သျှမ်းပြည် လောက်ကိုင်မြို့သို့ ခေတ္တရောက်ရှိနေသော သျှမ်းကျောင်းသားသမဂ္ဂ အလုပ်အမှုဆောင် တစ်ဦးနှင့်အတူ အခြားလူငယ် ၄ ဦးတို့သည် ကိုးကန့်တပ်ဖွဲ့ MNDAA ၏ အဓမ္မ ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် လောက်ကိုင်မြို့သို့ ခေတ္တရောက်ရှိနေသည့် သျှမ်းကျောင်းသားသမဂ္ဂ (TSU) အလုပ်အမှုဆောင်အဖွဲ့ဝင် အသက် ၂၄ နှစ်အရွယ်ရှိ စိုင်းညွန့်သည် စစ်ဘေးရှောင်များနှင့် လမ်းလျှောက်၍ နေရပ်ပြန်လာစဉ် ပါစင်ကျော်ကျေးရွာအနီးတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ၏ အဓမ္မ တပ်သားစုဆောင်းခြင်းကို ခံလိုက်ရကြောင်း သျှမ်းကျောင်းသားသမဂ္ဂမှ ဖေဖော်ဝါရီလ ၁၇ ရက်တွင် သတင်းထုတ်ပြန်သည်။

“စိုင်းညွန့်က ဆယ်တန်းအောင်ထားတာ မကြာသေးဘူး၊ ကျောင်းဆက်တက်ဖို့ စောင့်နေတဲ့လူပါ။ သူက လောက်ကိုင် တိုက်ပွဲကြားမှာ ပိတ်မိသွားရင်းနဲ့မှ နိုဝင်ဘာ ၂၄ လောက်မှာ တိုက်ပွဲငြိမ်သွားပြီး ပြန်လို့ရပြီ ဆိုပြီးတော့ အရဲစွန့်ပြီး လမ်းလျှောက်ပြန်လာတာလို့ ပြောတယ်။ ပါစင်ကျော်ဂိတ် ရောက်တဲ့အခါကျတော့ သူရော သူငယ်ချင်းတွေရော ၅ ‌ယောက် အဖမ်းခံလိုက်ရတယ်”ဟု သျှမ်းကျောင်းသားသမဂ္ဂမှ ဦးဆောင်ကော်မတီဝင် ဗင်ဒါ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လောက်ကိုင်မြို့ ပါစင်ကျော်ဂိတ်အနီးတွင် စိုင်းညွန့်နှင့်အတူ ကိုးကန့်တပ်ဖွဲ့ MNDAA ၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် အခြားလူငယ် ၄ ဦးမှာ အသက် ၂၀ မှ ၂၅ နှစ်အကြားဖြစ်ပြီး ၎င်းတို့(၅)ဦးစလုံးမှာ သျှမ်းမြောက် နမ္မတူမြို့နယ် ဇာတိဖြစ်ကြောင်း သိရသည်။

“အဲ့ ၅ ယောက် အဖမ်းခံလိုက်ရပြီး စစ်သားစုဆောင်းရေးကို ပို့ခံလိုက်ရတယ်လို့ သိရတယ်။ အဲ့တာကို ဘယ်လိုသိရလဲဆိုတော့ တစ်ယောက်က ထွက်ပြေးပြီး ပြန်လွတ်လာတော့မှ သူတို့က အဲ့လိုမျိုး အဖမ်းခံလိုက်ရတယ်ဆိုတာ ပြန်သိရတာ။ အဲ့တစ်ယောက်ကလည်း ဇန်နဝါရီလ ဒုတိယပတ်လောက်မှပဲ ပြန်လွတ်လာတာ”ဟု သျှမ်းကျောင်းသားသမဂ္ဂမှ ၎င်းဦးဆောင်ကော်မတီဝင် ဗင်ဒါ က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

သျှမ်းကျောင်းသားသမဂ္ဂအနေဖြင့် စိုင်းညွန့် ဖမ်းဆီးခံရသည်ကို သိလျှင်သိချင်း သက်ဆိုင်ရာ အဖွဲ့အစည်းများထံသို့ ဆက်သွယ်ကာ ပြန်လည်လွတ်ပေးရန် အကူအညီ တောင်းခံခဲ့သော်လည်း မည်သည့်တုန့်ပြန်မှုမှ မရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

စိုင်းညွန့် အပါအဝင် သျှမ်းလူငယ်များအား ကိုးကန့်တပ်ဖွဲ့ MNDAA မှ အဓမ္မ စစ်သားစုဆောင်းနေမှုများကို သျှမ်းကျောင်းသားများသမဂ္ဂမှ ထုတ်ပြန်ချက်တွင် ပြင်းထန်စွာ ကန့်ကွက်ထားသည်။

MNDAA တပ်ဖွဲ့အနေဖြင့်လည်း ဒေသတွင်း အတူနေ လူမျိုးစုများ စည်းလုံးညီညွတ်ရေးနှင့် ဘုံရန်သူကို ချေမှုန်းရေးအတွက် ရေရှည်ကို ရှေ့ရှုကာ အဓမ္မစစ်သား စုဆောင်းထားသော လူငယ်များကို ပြန်လွတ်ပေးရန်လည်း သျှမ်းကျောင်းသားများသမဂ္ဂမှ တောင်းဆိုထားသည်။

သျှမ်းမြောက်တွင် “၁၀၂၇ စစ်ဆင်ရေး”အတွင်း ထွက်ပြေးလာရသည့် အရပ်သားများကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က အဓမ္မ စစ်သားစုဆောင်းခြင်းသည် ဥပဒေနှင့်မညီသည့် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW က ဒီဇင်ဘာ ၂၁ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်ထားသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ကွမ်းလုံတံတားတွင် MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်း

0
သျှမ်းပြည် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးပေါ်ရှိ ကွမ်းလုံတံတားတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာသည့် ခရီးသည်နှင့် ယာဉ်မောင်းများကို ကွမ်းလုံတံတားတွင်...

လားရှိုး-မိုင်းရယ်တွင် ရွေးကောက်ပွဲနောက်ပိုင်း ဒေသခံများကို MNDAA အခွန်ဆောင်ခိုင်း

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်များကို ၂၀၂၆ နှစ်ဆန်းပိုင်းမှ စတင်ပြီး တစ်လချင်း အခွန်ပေးဆောင်ရန် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၂ ရက်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက် နမ့်ပေါင်၊ ဟိုယ ကျေးရွာအုပ်စုများရှိ ဈေးဆိုင်များနှင့်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...