TSU အလုပ်အမှုဆောင်တစ်ဦးနှင့် အခြားလူငယ် ၄ ဦးကို MNDAA မှ အဓမ္မ ဖမ်းဆီးခံရ

သျှမ်းပြည် လောက်ကိုင်မြို့သို့ ခေတ္တရောက်ရှိနေသော သျှမ်းကျောင်းသားသမဂ္ဂ အလုပ်အမှုဆောင် တစ်ဦးနှင့်အတူ အခြားလူငယ် ၄ ဦးတို့သည် ကိုးကန့်တပ်ဖွဲ့ MNDAA ၏ အဓမ္မ ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် လောက်ကိုင်မြို့သို့ ခေတ္တရောက်ရှိနေသည့် သျှမ်းကျောင်းသားသမဂ္ဂ (TSU) အလုပ်အမှုဆောင်အဖွဲ့ဝင် အသက် ၂၄ နှစ်အရွယ်ရှိ စိုင်းညွန့်သည် စစ်ဘေးရှောင်များနှင့် လမ်းလျှောက်၍ နေရပ်ပြန်လာစဉ် ပါစင်ကျော်ကျေးရွာအနီးတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ၏ အဓမ္မ တပ်သားစုဆောင်းခြင်းကို ခံလိုက်ရကြောင်း သျှမ်းကျောင်းသားသမဂ္ဂမှ ဖေဖော်ဝါရီလ ၁၇ ရက်တွင် သတင်းထုတ်ပြန်သည်။

“စိုင်းညွန့်က ဆယ်တန်းအောင်ထားတာ မကြာသေးဘူး၊ ကျောင်းဆက်တက်ဖို့ စောင့်နေတဲ့လူပါ။ သူက လောက်ကိုင် တိုက်ပွဲကြားမှာ ပိတ်မိသွားရင်းနဲ့မှ နိုဝင်ဘာ ၂၄ လောက်မှာ တိုက်ပွဲငြိမ်သွားပြီး ပြန်လို့ရပြီ ဆိုပြီးတော့ အရဲစွန့်ပြီး လမ်းလျှောက်ပြန်လာတာလို့ ပြောတယ်။ ပါစင်ကျော်ဂိတ် ရောက်တဲ့အခါကျတော့ သူရော သူငယ်ချင်းတွေရော ၅ ‌ယောက် အဖမ်းခံလိုက်ရတယ်”ဟု သျှမ်းကျောင်းသားသမဂ္ဂမှ ဦးဆောင်ကော်မတီဝင် ဗင်ဒါ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လောက်ကိုင်မြို့ ပါစင်ကျော်ဂိတ်အနီးတွင် စိုင်းညွန့်နှင့်အတူ ကိုးကန့်တပ်ဖွဲ့ MNDAA ၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် အခြားလူငယ် ၄ ဦးမှာ အသက် ၂၀ မှ ၂၅ နှစ်အကြားဖြစ်ပြီး ၎င်းတို့(၅)ဦးစလုံးမှာ သျှမ်းမြောက် နမ္မတူမြို့နယ် ဇာတိဖြစ်ကြောင်း သိရသည်။

“အဲ့ ၅ ယောက် အဖမ်းခံလိုက်ရပြီး စစ်သားစုဆောင်းရေးကို ပို့ခံလိုက်ရတယ်လို့ သိရတယ်။ အဲ့တာကို ဘယ်လိုသိရလဲဆိုတော့ တစ်ယောက်က ထွက်ပြေးပြီး ပြန်လွတ်လာတော့မှ သူတို့က အဲ့လိုမျိုး အဖမ်းခံလိုက်ရတယ်ဆိုတာ ပြန်သိရတာ။ အဲ့တစ်ယောက်ကလည်း ဇန်နဝါရီလ ဒုတိယပတ်လောက်မှပဲ ပြန်လွတ်လာတာ”ဟု သျှမ်းကျောင်းသားသမဂ္ဂမှ ၎င်းဦးဆောင်ကော်မတီဝင် ဗင်ဒါ က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

သျှမ်းကျောင်းသားသမဂ္ဂအနေဖြင့် စိုင်းညွန့် ဖမ်းဆီးခံရသည်ကို သိလျှင်သိချင်း သက်ဆိုင်ရာ အဖွဲ့အစည်းများထံသို့ ဆက်သွယ်ကာ ပြန်လည်လွတ်ပေးရန် အကူအညီ တောင်းခံခဲ့သော်လည်း မည်သည့်တုန့်ပြန်မှုမှ မရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

စိုင်းညွန့် အပါအဝင် သျှမ်းလူငယ်များအား ကိုးကန့်တပ်ဖွဲ့ MNDAA မှ အဓမ္မ စစ်သားစုဆောင်းနေမှုများကို သျှမ်းကျောင်းသားများသမဂ္ဂမှ ထုတ်ပြန်ချက်တွင် ပြင်းထန်စွာ ကန့်ကွက်ထားသည်။

MNDAA တပ်ဖွဲ့အနေဖြင့်လည်း ဒေသတွင်း အတူနေ လူမျိုးစုများ စည်းလုံးညီညွတ်ရေးနှင့် ဘုံရန်သူကို ချေမှုန်းရေးအတွက် ရေရှည်ကို ရှေ့ရှုကာ အဓမ္မစစ်သား စုဆောင်းထားသော လူငယ်များကို ပြန်လွတ်ပေးရန်လည်း သျှမ်းကျောင်းသားများသမဂ္ဂမှ တောင်းဆိုထားသည်။

သျှမ်းမြောက်တွင် “၁၀၂၇ စစ်ဆင်ရေး”အတွင်း ထွက်ပြေးလာရသည့် အရပ်သားများကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က အဓမ္မ စစ်သားစုဆောင်းခြင်းသည် ဥပဒေနှင့်မညီသည့် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW က ဒီဇင်ဘာ ၂၁ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်ထားသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...