စစ်မြေပြင်ကြားက လွှတ်မြောက်လာသူများ

အခင်းမပါ၊ ခြုံထည်မပါဘဲ မြေကြီးပေါ် လူထောင်ချီတွေဟာ ဖြစ်သလို လှဲလှောင်းနေကြပါတယ်။

ထိုလှဲလှောင်း အိပ်စက်နေတဲ့သူတွေဟာ သျှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသ လောက်ကိုင်မြို့ မှာ “ ၁၀၂၇ စစ်ဆင်ရေး” ကြောင့် အောက်တိုဘာ နောက်ဆုံးပတ်မှာ ထွက်ပြေးတိမ်းရှောင်လာကြသူတွေ ဖြစ်ပါတယ်။

စစ်မြေပြင်ကြားလွှတ်မြောက်လာသူများ

သူတို့လှဲလှောင်းနေတဲ့ လာရာလမ်းတလျှောက်မှာ စစ်ကောင်စီရဲ့ စစ်ဆေးမှု၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ ဖြစ်တဲ့ “ဝ” တပ်ဖွဲ့ UWSA စစ်ဆေးမှု နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) စစ်ဆေးမှုတွေကို အဆင့်ပေါင်းများစွာ ခက်ခက်ခဲခဲ ကျော်ဖြတ်လာခဲ့ပါတယ်။

“လမ်းမှာ တစ်ပတ်ကျော်လောက် ကြာခဲ့တယ်။ အဲ့တစ်ပတ်ကျော်က ကျနော်အတွက် ဒုက္ခငရဲလိုပဲ” လို့ အသက် ၃၀ အရွယ်ရှိ ကိုရဲက ဝမ်းနည်းတဲ့ လေသံနဲ့ ပြောလာပါတယ်။

ကိုရဲဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်အတွင်း အလုပ်အကိုင် ရှားပါးမှုကြောင့် ၂၀၂၂ ခုနှစ်မှာ ရန်ကုန်ကနေ ကိုးကန့်ဒေသ လောက်ကိုင်မြို့သို့ အလုပ်သွားလုပ်တဲ့ လူငယ်တစ်ဦး ဖြစ်ပါတယ်။

သူ စတင်သွားချိန်တုန်းက ရန်ကုန်ကနေ လားရှိုးမြို့ကို တရက်သာ သွားရပြီး၊ လားရှိုးကနေ လောက်ကိုင်ကို ၄ နာရီခရီးခန့်သာ သွားခဲ့ရပါတယ်။

ဒါပေမယ့် အောက်တိုဘာ ၂၇ ရက်နေ့က “ ၁၀၂၇ စစ်ဆင်ရေး” ဖြစ်လာပြီးနောက်ပိုင်းမှာတော့ လမ်းတွေ၊ တံတားတွေ ဖျက်ဆီးခံရပြီး၊ လာရာလမ်းကနေ ပြန်ထွက်လို့ မရဘဲ ကိုးကန့်ဒေသကနေ “ဝ” ဒေသ အဲ့ကနေ သျှမ်းပြည်အရှေ့ပိုင်း မိုင်းယန်းဘက်ကို ခက်ခဲစွာ ပတ်ပြန်ခဲ့ရပါတယ်။

စစ်မြေပြင်ကြားလွှတ်မြောက်လာသူများ

“ အစတုန်းက ကိုးကန့် ကနေ နမ့်တစ် သွားချိန်က တိုင်းရင်းသားလက်နက်ကိုင်တွေက မှတ်ပုံတင်တွေ သွားမယ့်နေရာတွေ စစ်တယ်။”ဝ” အဝင်မှာ အများစုကတော့ ဖုန်းတွေထားရ၊ တချို့ကတော့ ခိုးပြီးသယ်သွားတာပေါ့။ ပိုက်ဆံဆိုရင်လည်း ခွဲထားရတယ်” လို့ ကိုရဲ က လမ်းမှာ ကြုံရတဲ့ အခက်အခဲကို ပြောပါတယ်။

ကိုရဲတို့ အပြန်လမ်းခရီး တတိယမြောက်နေ့မှာ စစ်ကောင်စီ ထိန်းချုပ်နေတဲ့ သျှမ်းပြည် အရှေ့ပိုင်း မိုင်းယန်းမြို့ကို စတင် အခြေချ ရောက်ရှိလာပြီး၊ ကြီးလေးတဲ့ ဒုက္ခတွေ စစ်ကောင်စီရဲ့ စစ်ဆေးချက်တွေကို စတင်ကြုံလာရတော့တာပါပဲ။

သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ကနေ လာတဲ့ စစ်ဘေးရှောင်တွေဟာ သျှမ်းပြည်အရှေ့ ပိုင်း မိုင်းယန်းမြို့မှာ တောင်ပေါ်ရဲ့ ဆောင်းဝင်ခါစ နှင်းစက်တွေအောက်မှာ အခင်းမပါဘဲ ၃ ည ဆက်တိုက် ထပ်မံ အိပ်စက်ရ ပြန်ပါတယ်။

“မိုင်းယန်း ရောက်ရောက်ချင်းတော့ လောက်ကိုင်ကလာတဲ့ စစ်ရှောင် ၃၀၀ ကို ဘုန်းကြီးကျောင်းနဲ့တူတဲ့ ကွင်းပြင်မှာ တစ်ညအိပ်ရတယ်။ ဘယ်မှ ပေးမသွားဘူး။ ဘာမှလည်း မကျွေးဘူး။ နောက် နှစ်ညကတော့ ဘော်လုံးကွင်းမှာ ထပ်ထားတယ်။ ၃ ရက် စလုံးကတော့ မြေကြီးပေါ်မှာ နှင်းတွေကကျ တော်တော်လေး ဆင်းရဲတယ်” လို့ ကိုရဲ က သူကြုံတွေ့ရတာကို ပြန်ပြောပါတယ်။

စစ်မြေပြင်ကြားလွှတ်မြောက်လာသူများ

အဲ့ဒီ စစ်ရှောင် ၃၀၀ နီးပါးကို စစ်ကောင်စီ က ထမင်းမကျွေးဘဲ ၃ ညတာ အတွင်း စစ်ဆေးမှု ပြုလုပ်ခဲ့ရပြီး၊ စစ်ရှောင်တွေကို စားစရာ လာရောက် ရောင်းသူများလည်း စျေးတင်ပြီး ရောင်းချကြပါတယ်။

“ထမင်းက ငတ်တယ်။ လောက်ကိုင်ကနေ ရောက်လာတဲ့ လူတချို့လည်း ပိုက်ဆံမပါတော့ ငတ်တာများတာပေါ့။ လာရောင်းတဲ့ လူတွေကလဲ ဈေးကြီးတာကို။ လာလှူတာလည်း ရှိတယ် လူများတော့ မလောက်ငှဘူးလေ” လို့ ကိုရဲက စိတ်မကောင်းစွာ ဆိုပြန်ပါတယ်။

၃ ရက်သာ စစ်ဆေးမှု အပြီးမှာတော့ မိုင်းယန်း၊ မိုင်းခတ်၊ ကျိုင်းတုံ၊ ဟိုပုံး နဲ့ တောင်ကြီးမြို့သို့ ခရီးပြန်ထွက်ခွာခဲ့ရပါတယ်။

အလားတူ လောက်ကိုင်ကနေ စစ်ရှောင်လာတဲ့ အသက် ၂၈ နှစ်အရွယ် စစ်ကိုင်းတိုင်းက ကိုအေးမင်းလည်း ပါဝင်ခဲ့ပါတယ်။

“ကျနော်တို့က စစ်ကိုင်းကနေ စစ်ရှောင်ပြီး လောက်ကိုင်မှာ အလုပ်သွားလုပ်တယ်။ လောက်ကိုင်မှာ အခု တိုက်ပွဲဖြစ်တော့ ပြန်ရတယ်။ ကျနော်ကတော့ လောဆယ် မပြန်သေးဘူး။ တောင်ကြီးထဲမှာ နေပြီး အလုပ်ရှာမယ်။ လောက်ကိုင်မှာ ပန်းရံလုပ်တယ်” လို့ ကိုအေးမင်းက သူ့ အခက်အခဲကို ပြောလာပါတယ်။

လက်ရှိမှာတော့ ကိုအေးမင်း တစ်ယောက် စစ်ကိုင်းတိုင်းရှိ နေအိမ်ကို ပြန်ရန်လည်း မဖြစ်နိုင်သေးသဖြင့် သျှမ်းပြည်တောင်ပိုင်းမှာ အလုပ်အကိုင် ရှာဖွေပြီး နေထိုင်သွားရန် စဥ်းစားထားကြောင်း သူက ဆိုပါတယ်။

“ယောင်္ကျားလေးတွေအတွက်က သိပ်ခက်ခဲမှု မရှိပေမယ့် အမျိုးသမီးအတွက်ဆိုရင်တော့ တော်တော်ခက်ခဲတယ်။ လမ်းတလျှောက်မှာဆိုရင်လည်း နေမကောင်းတဲ့သူတွေ အားနည်းတဲ့ သူတွေရှိတယ်။ ကျနော်တို့က ဘယ်နေရာမဆို နေလို့ရပေမယ့် အမျိုးသမီးအတွက်ကျတော့ အဆင်မပြေဘူးလေ” လို့ ကိုအေးမင်းက သူတို့ လမ်းကြောင်းမှာ ကြုံရတာကို ပြန်ပြောပါတယ်။

လောက်ကိုင်မြို့မှ မိုင်းယန်းမြို့ ရောက်လာသည့် စစ်ဘေးရှောင်တွေကို စစ်ကောင်စီက မသင်္ကာပါက ထိန်းသိမ်းထားကြကြောင်းလည်း စစ်ရှောင်လာကြတဲ့ သူတွေက ပြောပြပါတယ်။

“ သူတို့ (စစ်ကောင်စီ) က စစ်ဆေးလို့ မသင်္ကာတဲ့ သူတွေဆိုရင် ထပ်ခေါ်စစ်တယ်”လို့ ကိုအေးမင်းက ပြောပါတယ်။

“၁၀၂၇ စစ်ဆင်ရေး”ကြောင့် စစ်ကောင်စီ နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့နယ်၊ သိန္နီမြို့ နယ်၊ လားရှိုးမြို့နယ်၊ နောင်ချိုမြို့နယ် မှ စတင်လာပြီး အခုနောက်ပိုင်း မူဆယ်မြို့နယ်၊ ပန်ဆိုင်းမြို့နယ် နှင့် နမ့်ခမ်းမြို့နယ် အထိ စစ်ရေးပြင်းထန်လာပြီး၊ လက်ရှိမှာ သျှမ်းပြည်မြောက်ပိုင်းအတွင်း စစ်ရှောင် ၈ သောင်းကျော်ထိ မြင့်တက်လာကြောင်း သိရပါတယ်။

သျှမ်းပြည်အရှေ့ပိုင်း မိုင်းယန်းမြို့သို့ တရက်လျှင် စစ်ရှောင် ၃ ထောင်ကျော် ၄ ထောင် နီးပါးရောက်ရှိလာကြောင်း၊ နေ့စဥ်နဲ့အမျှ ဝင်လာတဲ့ စစ်ရှောင်တွေ များပြားတဲ့အတွက် လှူဒါန်းမှုမှာ မလောက်ငှကြောင်း မိုင်းယန်းဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

“တရက်ကို စစ်ရှောင် ၃၀၀၀ ကျော် ၄၀၀၀ လောက်ရှိတော့ သွားလှူရင်လည်း မလောက်ဘူးပေါ့။ အားလုံး ဒုက္ခရောက်နေချိန် စျေးတင်ရောင်းတာတွေ မဖြစ်သင့်ဘူး။ ဖြစ်နိုင်ရင် လှူတာကောင်းပါတယ်” လို့ သူမ က ဆိုပါတယ်။

စစ်မြေပြင်ကနေ အသက်ရှင်လျက် ထွက်လာနိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ ကိုအေးမင်း တစ်ယောက်ဟာ ယောင်လည်လည် နဲ့ ဘာဆက်ပြီး အလုပ်လုပ်ရမှာ မသိသလို ဝင်ငွေမရှိတော့တဲ့အတွက် ရှေ့ရေးအတွက် တွေးပူနေပါတယ်။

“အလုပ်မရှိ ဝင်ငွေမရှိ ဘာဆက်လုပ်ရမှန်း မသိပေမယ့် အသက်ရှင်နေတာကိုပဲ ကျေးဇူးတင်ရမယ်။ ကျနော်လိုပဲ တခြားသူတွေလည်း အသက်ရှင်လျက် ပြန်လွှတ်လာဖို့ ဆုတောင်းနေပါတယ်” လို့ ကိုအေးမင်းက ပြောဆိုလိုက်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...