တောင်ကြီးတွင် မီးဖိုချောင်သုံး ဂက်စ်များ ဝယ်ယူရန် ခက်ခဲ

သျှမ်းပြည် တောင်ကြီးမြို့ လျှပ်စစ်မီးမရရှိသဖြင့် နေအိမ်များ၊စားသောက်ဆိုင်များမှ မီးဖိုချောင်သုံးဂတ်စ်များကို အစားထိုးအသုံးပြုလာပြီးနောက် ဂက်စ်အိုးများ ဝယ်ယူရန် ခက်ခဲလာကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။

ဂက်စ်အိုးအသေး

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြိုတွင် တန်ဆောင်ပွဲကျင်းပနေသည့် အချိန်ကာလမှ စတင်ကာ အသိပေး ကြေငြာခြင်းမရှိဘဲ ရပ်ကွက်အလိုက် လျှပ်စစ်မီးများကို အလှည့်ကျပေးနေသဖြင့် တစ်နေ့လျှင် ငါးနာရီခြား နှစ်ကြိမ်ခန့်သာ မီးရရှိပြီး နံနက်ပိုင်းနှင့် ညပိုင်းများတွင် အများဆုံး မီးဖြတ်ခံရသဖြင့် ဒေသခံများ လုပ်ငန်း လုပ်ကိုင်ရန်နှင့် ချက်ပြုတ်စားသောက်ရန် အခက်တွေ့နေကြောင်း သိရှိရသည်။

ထိုကဲ့သို လျှပ်စစ်မီးများ ဖြတ်တောက်ခံရချိန် အတွင်း လျှပ်စစ်မီး မဖြစ်မနေ လိုအပ်သော လုပ်ငန်းများ အထူးသဖြင့် စားသောက်ဆိုင်များနှင့် ချက်ပြုတ်စားသောက်ရန် အတွက် မီးဖိုချောင်သုံးဂက်စ်များကို အစားထိုးသုံးရန် လိုနေသော်လည်း တောင်ကြီးမြိုတွင် ဒီဇင်ဘာ အစောပိုင်းမှ စတင်ကာ ဂက်စ်များ စတင် ပြတ်လပ်နေပြီး ဈေးများလဲ အဆမတန် ထိုးတက်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

လက်ရှိ တောင်ကြီးတွင် ပြတ်လပ်နေသည့် ဂက်စ်အိုးအကြီးများ

“မီးဖြတ်ခံနေရတာ နေ့တိုင်းပဲ မနက်ဆို အစောပိုင်းကတည်းက ပျက်နေတာ။ မီးဖြတ်ခံရချိန်တွေကလည်း တစ်ရက်နဲ့တစ်ရက် မတူဘူး။ ဂက်စ်နဲ့ ချက်စားဖို့ကလည်း ဝယ်ရခက်ပြီး ဆိုင်တိုင်းမှာ အလွယ်တကူဝယ်မရတော့ဘူး။ ရတဲ့ဆိုင်တွေဆို ဈေးအရမ်းတင်ကြတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ယခင်တွင် ဂက်စ်ဘူးသေး တစ်ဘူးကို ၈၀၀ကျပ်သာရှိပြီး ယခုမှာ ကျပ်ငွေ ၁၅၀၀၊၁၆၀၀ကျပ်ပေးဆောင်းရသကဲ့သို့ အချို့ဆိုင်များတွင် ကျပ် ၃၀၀၀ ထိမြင့်တက်နေကြောင်း ဒေသခံက ထပ်လောင်းပြောသည်။

တောင်ကြီးမြိုတွင်း ဂက်စ်ဆိုင် အများစုပိတ်ထားကြောင်း၊ လက်ရှိမှာ ဂက်စ်ဘူးသေးများကို ဆိုင်အချို့တွင် ခက်ခက်ခဲခဲ ရှာဝယ်နိုင်သော်လည်း ဂက်စ်အိုများ လဲလှယ်ဝယ်ယူရန် မရနိုင်တော့ကြောင်း လည်း တောင်ကြီးဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

” အခု ဟင်းချက်ဖို့မီးလည်းမလာ၊ ဝယ်စားဖို့ဆိုရင်လည်း ဂက်စ်အိုးက စျေးတက်တော့ ဟင်းတွေလည်း အော်တိုစျေးတက်တယ်လေ၊ အခု မီးသွေးနဲ့ချက်နေရတယ်။ မီးသွေးလည်း အရင်လို မရှိတော့ ဘယ်နေ့ မီးသွေးပြတ်မှာလဲမသိဘူး။ တနေ့ထက်တနေ့ ပိုကျပ်တည်းလာတယ်” ဟု ၎င်းအမျိုးသားက ဆိုပြန်သည်။

လက်ရှိအချိန်တွင် ဂက်စ်ဈေးနှုန်းမှာ တစ်ပိသာလျှင် (၇၅၀၀)ကျပ်မှ (၁၁၀၀၀)ထိ ပေါက်ဈေးမြောက်နေပြီ ဖြစ်ကြောင်းလည်း သိရှိရသည်။ ထိုကဲ့သို ဂက်စ်ဈေးနှုန်းများ အဆမတန်မြင့်မားနေသော်လည်း မီးပြတ်ချိန်ကြာမြင့်မှုကြောင့် ဂက်စ်ပြတ်လပ်မှာကို စိုးရိမ်နေရကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဒေသခံများ အနေဖြင့် ဂက်စ်များ အလွယ်တကူ ဝယ်ယူမရရှိနိုင်တော့၍ မီးသွေး၊ထင်းများ သုံးရန်အတွက်လည်း မီးသွေးတစ်ပိသာလျှင် (၂၀၀၀)ကျပ်ဖြင့် ပေးဝယ်နေရကြောင်း ထပ်မံသိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...