ကိုးကန့်ဒေသအတွင်း အလုပ်သမားခေါ်၊ ရန်သူ့သူလျှိုများပါလာရင် အရေးယူမည် MNDAA ထုတ်ပြန်

သျှမ်းပြည် ကိုးကန့် အထူးဒေသ(၁)အတွင်း အလုပ်သမားများပြန်လည်ခေါ်ဆိုနေသော်လည်း ထိုထဲတွင် ရန်သူ့သူလျှိုပါလာလျှင် ကုမ္ပဏီနှင့် အလုပ်ရှင်များကို အရေးယူသွားမည်ဟု MNDAA က ပြောဆိုလိုက်သည်။

စစ်ပွဲငြိမ်းစဲပြီးနောက် ဒေသပြန်လည်တည်ဆောက်ရေးတွင် အလုပ်သမားများနှင့် နည်းပညာရှင် အမြောက်အမြား လိုအပ်ကြောင်း MNDAA က ဖေဖော်ဝါရီ ၁၈ ရက်စွဲဖြင့် ထုတ်ပြန်လာသည်။

ကိုးကန့်တပ် (MNDAA) ထိန်းချုပ်သည့် ဒေသအတွင်း အလုပ်သမားများ ခေါ်ယူနေပြီး၊ အလုပ်သမားဝန်ဆောင်မှု ကုမ္ပဏီများ တည်ထောင်ခွင့်ပြုလိုက်ကြောင်း ဖေဖော်ဝါရီ ၁၈ရက်စွဲဖြင့် ထုတ်ပြန်လာသည်။

ကိုးကန့်ဒေသအတွင်းသို့ ပြင်ပမှ ရောက်ရှိလာသော အလုပ်သမားများတွင် သူလျှိုများ၊ ရန်သူအေဂျင့်များ ရောနှောပါဝင်လာပြီး ထောက်လှန်းရေး သို့မဟုတ် ဖောက်ခွဲရေး အခွင့်အလမ်းများကို စောင့်မျှော်နေခြင်းများ မဖြစ်စေရန် ကြိုတင်ကာကွယ်ရမည်ဟုလည်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

လုပ်ငန်းရှင်များသည် မိမိ ဆန္ဒသဘောဖြင့် အလုပ်သမားတွေများကို ခေါ်ယူခွင့်ရှိပြီး၊ ထိုအလုပ်သမားထဲတွင် ခေါ်ယူသော ပါလာပါက ကုမ္ပဏီ (သို့) အလုပ်ရှင်များကို ထုတ်ပြန်ထားသော စည်းကမ်းချက်နှင့် အညီအရေးယူသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။

ထို့ပြင် အထူးဒေသအတွင်း အလုပ်သမားဝန်ဆောင်မှုကုမ္ပဏီများ တည်ထောင်ဖွင့်လှစ်ရန် ကြိုဆိုသော်လည်း အလုပ်သမားများအနေဖြင့် လုပ်ငန်းပိုင်ရှင်များမိမိသဘောဖြင့် ခေါ်ယူခွင့်ပြုသော်လည်း ခေါ်လာသော အလုပ်သမားများအနက် ရန်သူ့သူလျှိုများ တွေ့ရှိပါက ခေါ်ယူသော ကုမ္ပဏီသို့မဟုတ် လုပ်ငန်းပိုင်ရှင်များကို MNDAA က အရေးယူသွားမည်။

အလုပ်သမားများသည် နိုင်ငံရေး နောက်ခံ မသန့်ရှင်းသူ၊ စစ်ကောင်စီနှင့် ဆက်နွယ်နေသူများကို ခန့်ရန် နှင့် လူမျိုးကန့်သတ်ချက်မရှိကြောင်း MNDAA ပြောခွင့်ရ အရာရှိ လီကျားဝင်းက ဖေဖော်ဝါရီ ၁၈ရက်တွင် Myanmar Now သတင်းဌာနကို ဖြေကြားထားသည်။

ဆက်လက်ပြီး အလုပ်ရှင်နှင့် အလုပ်သမားအကြား အငြင်းပွားမှု တစုံတရာဖြစ်ပေါ်လာပါက သက်ဆိုင်ရာဥပဒေဌာနမျာ တရားစွဲဆိုခြင်း၊ အလုပ်သမား ဝန်ဆောင်မှု ကုမ္ပဏီထံ အကူညီတောင်းခံပြီး ဖြေရှင်းခိုင်းတာတွေ လုပ်ဆောင်နိုင်သည်။

အလုပ်သမားများအားလုံးသည် အထူးဒေသ၁ ရဲတပ်ဖွဲ့ထံမှာ လုပ်ငန်းကဒ် လျှောက်ထားရမည်ဖြစ်၊ လုပ်ငန်းကဒ် ရှိသူများသည် ဒေသအတွင်း ခေတ္တနေထိုင်ခွင့်ရှိသော်လည်း ရပ်ကွက်ကျော် ‌ရွှေ့ပြောင်းနေထိုင်ခြင်းကို ခွင့်မပြုရန် MNDAA ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

အလုပ်သမား ဝန်ဆောင်မှု ကုမ္ပဏီ‌တွင် လျှောက်ထား‌သော လုပ်ငန်များကို ရဲတပ်ဖွဲ့မှ ဦးစွာလပ်ခံလုပ်ဆောင်ပေးပြီး ပြည်ပမှ ရောက်ရှိလာသော အလုပ်သမားများကို အချိန်မှီလုပ်ငန်ဝင်နိုင်ရန် ဆောင်ရွက်ပေးသွားမည်ဟု ထုတ်ပြန်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...