လောက်ကိုင်မြို့ ဈေးမီးလောင် တရုတ်ယွမ်ငွေ ၁၀ သန်းခန့် ပျက်စီးဆုံးရှုံး

သျှမ်းပြည် လောက်ကိုင်မြို့ ဆုံဖုန်းထ အပိုင်းရှိ ဈေးဟောင်းတွင် မီးလောင်ခဲ့ခြင်းကြောင့် တရုတ်ယွမ်ငွေ ၁၀ သန်းခန့် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သတင်းသိရသည်။

ဖေဖော်ဝါရီလ ၁၈ ရက် နေ့လယ်ပိုင်းတွင် လောက်ကိုင်မြို့ ရပ်ကွက်(၃) ဆုံဖုန်းထ အပိုင်းရှိ ဈေးဟောင်းတွင် မီးလောင်ကျွမ်းခဲ့ခြင်းကြောင့် ကုန်စုံဆိုင်၊ အဝတ်အထည်ဆိုင် အပါအဝင် ဆိုင်ခန်း ၁၆ ခန်းထက်မနည်း မီးလောင်ပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးသည် တရုတ်ယွမ်ငွေ ၁၀ သန်းခန့် (မြန်မာကျပ်ငွေ ကာလပေါက်ဈေး သိန်း ၅ သောင်းနီးပါး) ရှိကြောင်း ကိုးကန့် မီဒီယာမှ ဖေဖော်ဝါရီ ၁၉ ရက်တွင် ထုတ်ပြန်လာသည်။

လောက်ကိုင်ဈေးတွင် မီးစတင်လောင်ကျွမ်းသည့် အကြောင်းရင်းကို မသိရှိရသေးဘဲ ဆိုင်ခန်းများတွင် ရောင်းချသည့် မီးရှူးမီးပန်းနှင့် ဗျောက်အိုးများလည်း လွှင့်စင်ပေါက်ကွဲခြင်းကြောင့် MNDAA ၏ မီးသတ်တပ်ဖွဲ့မှ ၅ နာရီအကြာတွင်မှ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

မီးလောင်ကျွမ်းခဲ့သည့် လောက်ကိုင်ဈေးဟောင်း အနီးတဝိုက်တွင် လူနေအိမ်ခြေ သိပ်သည်းသော်လည်း လူထိခိုက်မှု မရှိကြောင်း လောက်ကိုင်မြို့ ဒေသခံများထံမှ သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၂ ရက်နေ့ကလည်း ပန်ဆိုင်း(ကြူကုတ်)ရှိ မြို့မဈေးအတွင်း လျှပ်စစ်မီးဝါယာရှောခ့်ကြောင့် ဈေးဆိုင်ခန်း ၈၀ နီးပါး မီးလောင်ပြာကျခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ တရုတ်ယွမ်ငွေ ၂,၃၇၉,၄၀၀ (မြန်မာကျပ်ငွေ သိန်း ၁၀၀၀၀ ကျော်) ရှိကြောင်း ကိုးကန့်မီဒီယာမှ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA ၏ ထိန်းချုပ်မှုအောက်ရှိ လောက်ကိုင်မြို့တွင် အုပ်ချုပ်ရေး၊ ပညာရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း ကိုးကန့်အထူးဒေသ(၁) စစ်ရေးအုပ်ချုပ်မှုကော်မတီက ကြေညာထားသည်။

တရုတ်နှစ်သစ်ကူးပြီးနောက် ပိတ်ထားခဲ့သည့် လောက်ကိုင်မြို့ရှိ စာသင်ကျောင်းများကိုလည်း ဖေဖော်ဝါရီ ၁၇/၁၈ ရက်တို့တွင် မူလတန်း၊ အလယ်တန်းများအတွက် ကျောင်းအပ်လက်ခံခဲ့ပြီး ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

လောက်ကိုင်မြို့တွင် ပြန်လည်ဖွင့်လှစ်သည့် ကောင်းတုံအထက်တန်းကျောင်းတွင်လည်း ယခင် ပညာသင်နှစ် လက်ကျန်အတန်းများကို ဆက်လက်သင်ကြားပေးနေပြီး ကိုးကန့်တပ်ဖွဲ့၏ ပညာရေးနှင့် ယဉ်ကျေးမှုဌာန သတ်မှတ်ချက် ကိုက်ညီသည့် မြန်မာလူမျိုး ဆရာ/မ ၃ ဦးသာ ရှိကြောင်း ဖေဖော်ဝါရီ ၁၈ ရက် ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိ လောက်ကိုင်မြို့နယ်တွင် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် အလုပ်သမားများ ပြန်လည်ခေါ်ယူနေသော်လည်း ၎င်းတို့အထဲတွင် ရန်သူ့သူလျှို ပါလာလျှင် ကုမ္ပဏီနှင့် အလုပ်ရှင်များကို အရေးယူသွားမည်ဟု ကိုးကန့်တပ်ဖွဲ့ MNDAA က ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...