လောက်ကိုင်မြို့အတွင်း ပြည်သူ့စစ် အချင်းချင်း ပစ်ခတ်မှုမှ လေယာဥ်ဗုံးကြဲသည်အထိ တိုက်ပွဲပြင်းထန်

သျှမ်းပြည် လောက်ကိုင်မြို့အတွင်းတွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား တိုက်ပွဲဆက်လက် ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

လောက်ကိုင်မြို့မှ နေရပ်ပြန်သူများ

ထို့တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်မှ လေကြောင်းလိုင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည်အထိ တိုက်ပွဲပြင်းထန်ကြောင်း သိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၀ ရက်တွင် အာဏာသိမ်း စစ်ကောင်စီ တပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တပ်တို့သည် လောက်ကိုင်မြို့၊တာရွေထန် နှင့် ဆီအောနယ်တို့ဘက်၌ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုခဲ့ကြောင်းလည်း သိရသည်။

“သူတို့တိုက်ပွဲက ဒီဇင်ဘာလ ၁၉ ကတည်းက စခဲ့တာပါ။ ပြည်သူ့စစ်အချင်းချင်း အရင်ပစ် ကြတာ။ ပြီးမှ စစ်ကောင်စီ နဲ့ ကိုးကန့်တိုက်ပွဲ စဖြစ်ပြီး လေယာဥ်စစ်ကူနဲ့ ဗုံးတွေကြဲချတာ။ အဆောက် အအုံတွေ ထိတယ်၊ လူတွေလည်းထိလောက်တယ်။ အတိအကျတော့ မသိဘူး။ ပြည်သူ့စစ်တွေ ရှိတဲ့ နေရာလည်း စစ်ကောင်စီက ဗုံးကြဲချတယ်” ဟု လောက်ကိုင်မြို့ခံ အသက် (၃၀) အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Photo- Credit * လောက်ကိုင်မြို့မှ ထွက်ခွာသည့် စစ်ဘေးတိမ်းရှောင်သူများ)

အလားတူပင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်တွင်လည်း လောက်ကိုင်မြို့တွင်း သွားလာလှုပ်ရှားသည့် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် တပ်ဖွဲ့ ဖြစ်ကြသည့် ပယ်ရှောက်ချိန် တပ်ဖွဲ့ နှင့် ကောဝူး ဆိုသူ ခေါင်းဆောင်သည့် ပြည်သူ့စစ်တပ်ဖွဲ့တို့ အချင်းချင်း ပစ်ခတ်မှု ဖြစ်ခဲ့ကြောင်းသိရသည်။

ယင်းကဲ့သို့ ပြည်သူ့စစ် တပ်ဖွဲ့ အချင်းချင်း ပစ်ခတ်မှု ရှိနေသည့်အချိန် ကိုးကန့်တပ်ဖွဲ့မှလည်း စစ်ကောင်စီ တပ်ကို ထိုးစစ်ဆင်မှု ပြုလုပ်လာရာ စစ်ကောင်စီမှ လေယာဥ်စစ်ကူဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း အသက် (၃၀) ဝန်းကျင် အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“မြေပြင် အင်အား အခြေအနေအရ ကိုးကန့်ကို စစ်ကောင်စီက မယှဥ်နိုင်လို့ လေယာဥ် စစ်ကူနဲ့ ဗုံးကြဲချတာ ထင်တယ်။ ဒါပေမဲ့ ထူးဆန်းတာက ကိုးကန့်တပ်တွေ ရှိတဲ့နေရာရော၊ ပြည်သူ့စစ်တွေ ရှိတဲ့နေရာရော အကုန်ရော ကြဲချသွားတာ” ဟု အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ဆိုသည်။

လောက်ကိုင်မြို့တွင်း တိုက်ပွဲဖြစ်စဥ်ကြောင့် ထိခိုက်သေဆုံးမှု အရေအတွက်များကို သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်တွင် ရန်လုံကျိုင်းနယ်စပ်ဂိတ်ကို ကိုးကန့်တပ်ဖွဲ့မှ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် လောက်ကိုင်မြို့ဘက် တိုက်ပွဲ ဆက်လက်ပြင်းထန်လာခြင်း ဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၂ ရက်ကလည်း လောက်ကိုင်မြို့အထွက် တုန်ချိန်နှင့် ဆယ်တန်ဂိတ်တို့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့် ပြည်သူ ၈ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

လောက်ကိုင် MNDAA ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးတွင် ထပ်မံလွှတ်ပေး

0
သျှမ်းပြည် လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးမြို့၌ ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၁၅ ရက်) နေ့လယ်ပိုင်းတွင် တိုက်ပွဲအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း (၂၀၀) နီးပါးကို သိန္နီဘက်မှ ကားဖြင့်တင်ဆောင်လာပြီး...

လောက်ကိုင်တွင် လူသတ်မှုကျူးလွန်သူ အမျိုးသား ၄ ဦးကို MNDAA သေဒဏ်စီရင်

0
ထိုင်း-မြန်မာနယ်စပ် လောက်ကိုင်မြို့တွင် လူသတ်မှုအပါအဝင် ရာဇဝတ်မှုများ ကျူးလွန်သည်ဟုဆိုကာ အမျိုးသား ၄ ဦးကို ကိုးကန့်တပ် (MNDAA) က ဇွန်လ ၁၃ ရက် နံနက်ပိုင်းတွင် သေဒဏ်စီရင်ခဲ့ကြောင်း MNDAA ၏ ထုတ်ပြန်ချက်အရ သိရသည်။ လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်ရှိ အားကစားကွင်းတွင် ကျင်းပသည့် အဆိုပါတရားစီရင်ရေး...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...