လားရှိုး
မန်ပိန်းစစ်ရှောင် ၂၀၀ ကျော် စားဝတ်နေရေး ခက်ခဲနေ
သျှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူ လားရှိုး ကားလမ်းပေါ် က မန်ပိန်းရွာတဝိုက်တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားမှုကြောင့် မန်ပိန်း အောက်ရွာ သို့ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သတင်းရရှိသည်။ နိုဝင်ဘာလအတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ သျှမ်းပြည် တိုးတက်ရေးပါတီ( SSPP) နှင့် သျှမ်းပြည် ပြန်လည်...
လားရှိုးရောက် စစ်ဘေးရှောင် ၁၀၀၀ ကျော် နေရပ်ရင်းပြန်
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မန်ဆူဘုန်းကြီးကျောင်းတွင်ရောက်ရှိခိုလှုံနေသော လားရှိုးမြို့နှင့် နမ္မတူမြို့ ကျေးလက်များမှ စစ်ဘေးရှောင်များ နေရပ်ပြန်ကုန်ကြပြီဖြစ်ကြောင်းသိရသည်။ လားရှိုးမြို့နယ် မန်ဆူဘုန်းကြီးကျောင်းသို့ရောက်ရှိနေသော အီနိုင်းအုပ်စု ပန်ဟုန်းရွာ၊ ၀မ့်ပိန်းရွာ၊ ၀မ့်နားဟာရွာ၊ ၁၃ မိုင်ရွာ၊ ၁၅ မိုင်ရွာ တို့မှရွာသားများ၊ နမ္မတူမြို့နယ် နားဆိုင်းအုပ်စု မိုင်းတောင်ရွာမှ ရွာသားများ စုစုပေါင်း ၁၀၀၀...
သျှမ်းပြည်သားလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း စစ်ရေးတင်းမာမှုကြောင့် စစ်ရှောင်ရာချီ မြို့ပေါ်ရောက်
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့အကြား တိုက်ပွဲဖြစ်ပွါးသဖြင့် အီနိုင်းအုပ်စုဒေသခံများ လားရှိုးမြို့နယ် မန်ဆူဘုန်းတော်ကြီးကျောင်းသို့စစ်ဘေးရှောင် ၄၀၀ ကျော်ရောက်ရှိခိုလှုံနေကြောင်းသိရသည်။ အောက်တိုဘာလ ၂၉ ရက်နေ့ မနက်ပိုင်းမှစပြီး အီနိုင်းအုပ်စုမှဒေသခံများ မန်ဆူဘုန်းတော်ကြီးကျောင်းသို့ တဖွဲဖွဲရောက် ရှိလာနေကြောင်း ရရှိထားသောစာရင်းအရ ၄၀၀ ဦးခန့်ရှိကြောင်း လားရှိုးခရိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းက...
နှစ်သစ်ကူးအလံတော်အား တောင်ကြီးမှ လားရှိုးသို့ သယ်ဆောင်
လားရှိုးမြို့တွင် ပြုလုပ်မည့် စုပေါင်းသျှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပရေးအတွက် တောင်ကြီးမြို့ သျှမ်းစာပေယဉ်ကျေးမှုအသင်းရုံးရှိ သျှမ်းနှစ်သစ်ကူးအလံတော် အား လားရှိုးမြို့ သျှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပရေးဦးစီးကော်မတီအဖွဲ့က လာရောက်ကြိုဆို သယ်ဆောင်ခဲ့ကြကြောင်း သိရသည်။ အောက်တိုဘာလ ၁၆ ရက်နေ့က တောင်ကြီးမြို့ သျှမ်းစာပေယဉ်ကျေးမှုအသင်းရုံးသို့ လာရောက်သယ်ဆောင်ခြင်းဖြစ်သည်။ “လားရှိုးကကော်မတီက စာတော့ကြိုပို့ထားပါတယ်။ နှစ်သစ်ကူးပွဲတော်ကျင်းပဖို့ ဆွေးနွေးဖို့ လို့ရေးထားပါတယ် ။ ဆွေးနွေးမှုအပြီးမှာတော့ ဒီ...
အသက် ၁၂ နှစ် မှ ၁၄ နှစ်ထိ ကလေးမလေးတဦးအား သားမယားပြုကျင့်မှု လားရှိုးရဲစခန်းတွင်အမှုဖွင့်
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် အဒေါ်ဖြစ်သူ၏အမျိုးသား ဘကြီးတော်စပ်သူက တူမဖြစ်သူအား အသက် ၁၂ နှစ် မှ ၁၄ နှစ်အထိ အိမ်တွင်းပိတ်အကြမ်းဖက် သားမယားပြုကျင့်သည့်အမှုတခုအား အမျိုးသား လွှတ်တော် အမတ် အကူအညီဖြင့် ဖခင်ဖြစ်သူမှ လားရှိုးရဲစခန်းတွင် အမှုဖွင့်အရေး ယူတိုင်ကြားထား ကြောင်းသိရသည်။ လားရှိုးမြို့နယ်ခေးနင်း ဆင်တောင်အုပ်စုဘက်တွင်နေထိုင်သည့် ဒေါ်နန်းခမ်းဆာက...
လားရှိုးမြို့နယ် မိုင်းယော်တွင်တိုက်ပွဲကြောင့် ရွာသား ၁၀၀ ခန့် စစ်ဘေးတိမ်းရှောင်
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်တွင် အစိုးရတပ်နှင့်တအာင်းတပ်ဖွဲ့တို့ကြားတိုက်ပွဲ များငြိမ်သွားပြီ ဟုဆိုသော်လည်း ဒေသခံများစိုးရိမ်မှုရှိနေသေးသဖြင့် ရွာသား ၁၀၀ ၀န်းကျင်မှာ လားရှိုးသို့ တိမ်းရှောင်နေကြောင်းသိရသည်။ ယမန်နေ့က တိုက်ပွဲဖြစ်ပွါးခဲ့သည့် လွယ်ပန်ထီးနှင့် ၀မ့်ပန်ခုတ်ရွာတိုက်ပွဲကြောင့် သြဂုတ်လ ၂၂ ရက်မနက်ပိုင်းက ဒေသခံ တအာင်းလူထု ၁၀၀ ၀န်းကျင်ခန့် မိုင်းယော်သို့ရောက်ရှိကာ ကား...
ကျပ်သိန်း တသောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး သယ်ဆောင်သည့် လူငယ် ၃ ဦးအား လားရှိုးတွင် ဖမ်းဆီးမိ
သျှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ နားမခေါ် အဝေးပြေး ကားကြီးဝင်း တွင် လားရှိုးမှ ရန်ကုန်သို့ သွားမည့် ခရီးသည် ၃ ဦး ထံမှ ကျပ်သိန်း တသောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး များ ဖမ်းဆီးရရှိကြောင်း လားရှိုး မြို့မ ရဲစခန်းထံမှ စုံစမ်းသိရသည်။ သြဂုတ်...
သျှမ်းမြောက် ခရီးသွားအမျိုးသမီး ကို ပြည်သူ့စစ်မှ ကိုယ်ထိလက်ရောက် ရိုက်နှက်
သျှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး - မူစယ်လမ်းမ ပေါ် နမ့်ခိုင်တံတားစောင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တဦးက ခရီးသွားဒေသခံအမျိုးသမီး တဦးအား ကိုယ်ထိ လက်ရောက်ရိုက်နှက်မှုပြုခဲ့ကြောင်း သိရသည်။ သြဂုတ် ၈ ရက် မနက် ၉ နာရီ က နမ့်ခိုင် တံတား စောင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တဦးက ကားသမားတဦးအား...
ဆက်ကြေးကောက်ခံမှုတွေ့ရှိက ဆက်ဆံရေးရုံးပိတ်ခံမည်ဟု SSPP/SSA အား လားရှိုးစစ်တိုင်းရုံးခြိမ်းခြောက်
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း ရှိဆေးခန်းတခုအား ဆက်ကြေးပေးဆောင်ရန် SSPP/SSA ဖုန်းဆက်ဆင့်ခေါ် မှု ပြုသည်ဟု လားရှိုး ရမခတိုင်းက စွပ်စွဲပြောဆိုကာ ထိုသို့ ထပ်မံပြုလုပ်ပါက ဆက်ဆံရေးရုံး ပိတ်ပင်ခြင်းခံရမည်ဟု SSPP/SSA ဆက်ဆံရေးတာဝန်ခံအား စစ်တိုင်းရုံးက ဆင့်ခေါ်ပြောကြားသည်ဟု သိရသည်။ ၂၀၁၈ သြဂုတ်လ ၅ ရက်နေ့ ည...
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် လားရှိုးမြို့တော်ခန်းမတွင် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ
SHAN -
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့် သည် NLD အစိုးရလက်ထက် ပထမဆုံးအကြိမ်အဖြစ် သျှမ်းပြည်နယ်သို့ရောက်ကာ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံမှုပြုခဲ့ရာ လားရှိုးမြို့သို့လည်းရောက်ရှိခဲ့ကြသည်။ ဇူလိုင်လ ၁၀ ရက်၊ ယနေ့နံနက်ပိုင်းက လားရှိုးမြို့၊ မြို့တော်ခန်းမတွင် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသဦးစီးအဖွဲ့ဝင်များ၊ပြည်နယ်/ခရိုင်/မြို့နယ်ဆင့်ဌာဌဆိုင်ရာများ နှင့်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ တွေ့ဆုံမှုတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်မှ လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် သျှမ်းပြည်နယ်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုများကို...






