မန်ပိန်းစစ်ရှောင် ၂၀၀ ကျော် စားဝတ်နေရေး ခက်ခဲနေ

သျှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူ လားရှိုး ကားလမ်းပေါ် က မန်ပိန်းရွာတဝိုက်တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားမှုကြောင့် မန်ပိန်း အောက်ရွာ သို့ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သတင်းရရှိသည်။

Photo by SHAN/ လယ်မှအပြန် ပစ်သတ်ခံရသည့် မန်ပိန်းရွာသူ ဒေါ်မာလွှတ်၏အလောင်းအား မိသားစုဝင်များသွားရောက်တွေ့ရှိစဉ်

နိုဝင်ဘာလအတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ သျှမ်းပြည် တိုးတက်ရေးပါတီ( SSPP) နှင့် သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ( RCSS )တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားကာ မန်ပိန်းအောက်ရွာသို့ ရွာသား ၂၀၀ ကျော် စစ်ရှောင် ထွက်ပြေးခိုလှုံနေရသဖြင့် စားဝတ်နေရေး အတွက် ခက်ခဲနေကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် ဆရာဇော်ယော် က ပြောသည်။

“ မန်ပိန်း အပေါ်ရွာ အနီးမှာ လက်နက်ကိုင်တွေရှိတော့ မန်ပိန်းအောက်ရွာကိုရှောင်ပြေးလာတယ်။ ဒီချိန်က လယ်ယာ လုပ်မယ့်ချိန်ဆိုတော့ အဝေးကြီးလည်း မထွက်ပြေးကြဘူး။ တိုက်ပွဲတွေငြိမ်ရင် လယ်ပြေးလုပ် လို့ရအောင်လို့ မန်ပိန်းအောက်ရွာမှာ လာရှောင်နေကြတာ။ မြို့ဆိုရင် စားဖို့နေဖို့က လွယ်တယ်။ ကျေးရွာဆိုတော့ အလှူရှင်တွေက မလာကြဘူး။ မလာရဲဘူး” ဟု ဆရာဇော်ယော် က ဆိုသည်။

Photo by SHAN/မန်ပိန်းရွာသူဒေါ်မာလွှတ်အား ရွာသားများသွားရှာဖွေနေစဉ်

တို်က်ပွဲများ ပြန် ဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ကလေးစာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများ တွင် စုဝေးနေထိုင်ရကြောင်း၊ လက်ရှိ ကလေးများ စာသင်ကျောင်းပိတ်ထားရကြောင်း လည်းသိရသည်။

“ တိုက်ပွဲတွေဖြစ်တော့ ဆရာမတွေလည်း ထွက်ပြေးကုန်ပြီ။ ဆရာမတွေ မရှိတော့ ကလေးတွေ ကျောင်းပိတ်ထားရတယ်။ တိုက်ပွဲတွေ ရပ်စေချင်ပြီ” ဟု ဆရာဇော်ယော်က ဆိုသည်။

အောက်တိုဘာ လမှ စတင်ကာတိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားမှုကြောင်း အရပ်သား ၂ ဦး အပြင် လသား ကလေးငယ် တဦး ပါသေဆုံးခဲ့ရသည်။

“ နိုဝင်ဘာ ၁၇ ရက်နေ့က တိုက်ပွဲတွေ ဖြစ်တော့ လယ်ကနေ ပြန်လာတဲ့ အသက် ၆၂ အရွယ် ဒေါ်မာလွတ် ဝမ်း ဗိုက် ကျည်ထိမှန်ပြီးသေဆုံးသွားတယ်။ သူ့ အလောင်းကို မနေ့က တွေ့တယ်။ ဒီနေ့ (နို၀င်ဘာ ၁၉ ရက်) သဂြိုလ်တယ်။ ဒီတိုက်ပွဲမှာ ဒေါ်မာလွတ် အပြင် သေတာ ၃ ယောက်ရှိပြီ ” ဟု ဆရာဇော်ယော် က ထပ်လောင်းပြောသည်။

နိုဝင်ဘာ ၁၅ ရက်နေ့တွင် မန်ပိန်းရွာ၊ ဆယ့်သုံးမိုင် ဂေါ်ရခါးရွာ နှင့် ပန်ဟုန်းရွာ ဘက်ပိုင်းတွင်တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ကာ အီနိုင်းကျေးရွာဘုန်းကြီးကျောင်းသို့ စစ်ရှောင် ၁၃၀ ကျော် ထွက်ပြေး ပြီး၊ တချို့မှာ မန်ပိန်း အောက်ရွာ တွင် တိမ်းရှောင်ကြသည်။

“ အီနိုင်းက စစ်ရှာင် ၁၃၀ က ဒီနေ့ပဲ သူတို့ ရွာကိုပြန်တယ် ” ဟု အီနိုင်းစစ်ရှောင် ကူညီပေးသည့် စိုင်းရင် က ပြောသည်။

သျှမ်းပြည်နယ် မြောက်ပိုင်းတွင်း တိုက်ပွဲကြောင့် ပြည်သူများ လယ်ယာ ကောင်းမွန်စွာ မလုပ်နိုင်ကြကြောင်း၊ ကလေးငယ်များ ပညာ ကောင်းမွန်စွာ မသင်ကြား နိုင်သဖြင့် တိုက်ပွဲများ ရပ်ဆိုင်းရန် ဒေသခံ ပြည်သူများ တောင်းဆိုကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...