လားရှိုးမှာရှိတဲ့လောင်းကစားဝိုင်းများအား ပိတ်ပင်ပေးပါရန်

သို့- သျှမ်းသံတော်ဆင့် မှတဆင့် ခရိုင်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ၊ ရဲဌာန၊ ပြည်နယ်ခွဲရဲ၊ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့်လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာလူကြီးမင်းများခင်ဗျား

လားရှိုးမြို့ရပ်ကွက်(၁၂) နယ်မြေ (၅) ဟတ်ကာလမ်း တရုတ်ဇီးခြံရွာ စိုက်ပျိုးမြေ လယ်ယာမြေကွက် ထဲတွင် လွန်ခဲ့တဲ့ ၁ နှစ် ၂ နှစ်ခန့်က လောင်းကစားကို ပိတ်ပင်ထားတော့ပြည်သူတွေ စိတ်ချမ်းသာ ပျော်ရွှင်ခဲ့ရတယ်။

Photo by Aik Sai/ လားရှိုူးမြို့ ရပ်ကွက် ၁၂ တရုတ်ဇီးခြံရွာ လယ်ယာမြေကွက်ထဲက လောင်းကစားဝိုင်း

အခုအစိုးရအပြောင်းလဲကြောင့် စိုက်ပျိုးမြေလယ်ယာမြေကွက်ထဲမှာ လောင်းကစားပွဲပြုလုပ်နေတာကို အစိုးရကခွင့်ပြုထားတာလား။ ဒါမှမဟုတ်မမြင်ချင်ယောင်ဆောင်နေတာလား။ တာဝန်ရှိလူကြီးမင်းများက မသိချင်ယောင်ဆောင်နေတာလား။ လာဘ်စားထားလို့ ခွင့်ပြုထားတာလား၊ သို့မဟုတ် တိုင်ကြားတဲ့လူမရှိလို့ မသိတာလားလို့မေးချင်ပါတယ်။

ခုချိန်မှာ ကလေးတွေရဲ့ပညာရေး စာမေးပွဲ ဖြေဖို့ရက်လည်းနီးနေပါပြီ။ တချို့ခလေးတွေဆိုရင် ၁၈ နှစ်တောင်မပြည့်သေးဘဲလာပြီးလောင်းကစားလုပ်ကြတာ ပို်က်ဆံတွေ ပစ္စည်းတွေ ဖုန်းတွေ ဆုံးရှုံးတာတွေလဲရှိပါတယ်။ မိဘများအနေနဲ့ စိုးရိမ်ပူပန်ကာ မျက်ရည်နဲ့မျက်ခွက် ဖြစ်နေရပါတယ်ခင်ဗျား။

လားရှိုူးမြို့ ရပ်ကွက် ၁၂ တရုတ်ဇီးခြံရွာ လယ်ယာမြေကွက်ထဲက လောင်းကစားဝိုင်း

ပြည်သူလူထုကလည်း စိတ်သောကရောက်နေကြပြီ ။ ဒုစရိုက် သူခိုးတွေလည်းများလာတဲ့အတွက်ကြောင့် ပြည်သူတစ်ယောက်အနေနဲ့ လေးစားအပ်ပါသော ခရိုင်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ၊ ရဲဌာန၊ ပြည်နယ်ခွဲရဲ၊ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့်လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာလူကြီးမင်းများမှ အချိန်မှီ တားဆီးပေးပါရန် အနူးအညွတ်တောင်းပန်ရင်း လောင်းကစားဝိုင်းကိုဖြုတ်သိမ်းပေးပါရန် တောင်းဆိုလိုက်ပါတယ်။

အားလုံးကိုလေးစားအားကိုးလျှက်
အိုက်စိုင်းလားရှိုး

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...