လားရှိုးမြို့နယ်အတွင်း လက်နက်ကိုင်တပ်ဖွဲ့များ စစ်ရေးတင်းမာ လူထုစစ်ဘေးရှောင်နေရ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း TNLA နှင့် ပြည်သူ့စစ်တပ်ဖွဲ့တို့ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးခဲ့ပြီး အစိုးရတပ်မတော်မှလည်း နီးကပ်စွာလှုပ်ရှားသဖြင့် စစ်မြေပြင်အတွင်းရှိဒေသခံလူထု စစ်ဘေးလွှတ်ရာသို့တိမ်းရှောင်နေကြကြောင်းသိရသည်။


နို၀င်ဘာလ ၂၀ ရက်နေ့ မနက် ၈ နာရီခွဲအချိန်ခန့်က လားရှိုးမြို့နယ် နမ့်ပေါင်တိုက်နယ် နားနန်းကျေးရွာအုပ်စု လွယ်ပန်လုံးမ်တွင်စခန်းချထားသော မန်ပန်ပြည်သူ့စစ်တပ်ဖွဲဲ့နှင့် TNLA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။

“နားနန်းအုပ်စုဒေသခံ အသက် ၄၀ ကျော်အမျိုးသားတဦးက- ကျနော်တို့ ရွာက ယောက်ကျားလေးတွေ ၁၅ ယောက်လောက်ရှိတယ် မနေ့ညကတည်းက ဒီဝမ့်တင်းခမ်း ရွာကိုတိမ်းရှောင်လာခဲ့ကြတာပါ။ ခုထိမပြန်ရဲသေးဘူး။ ပြည်သူ့စစ်စခန်းကို TNLA က တက်တိုက်တာလို့ကြားတယ်။- ဟုသျှမ်းသံတော်ဆင့်အားပြောသည်။

လက်ရှိတွင် TNLA တပ်များသည် နားနန်းအုပ်စုအတွင်းရှိ ၀မ့်ဟောင်၊ နှင့် ၀မ့်လုံတို့တွင်ရှိနေပြီး အစိုးရစစ်တပ်မှာမူ တွန်းနေရွာနှင့် ၀မ့်ဟိုဆာ ရွာတို့တွင်လှုပ်ရှားကြောင်း ထို့အတွက် အချိန်မရွေးတိုက်ပွဲဖြစ်ပွါးမည်ကိုစိုးရိမ်နေကြကြောင်း ဆိုပါသည်။

တိုက်ပွဲဖြစ်ပွါးသည့်နေရာသည် လားရှိုးမြို့အရှေ့တောင်ဘက်တွင်တည်ရှိပြီး မိုင်းဟက်အုပ်စုနှင့် နမ့်ပေါင်တိုက်နယ်ကြားတွင် ဖြစ်ပွါးခဲ့ကြခြင်းဖြစ်သည်။ အဆိုပါအုပ်စုအတွင်းရှိ ၀မ့်လုံ၊ ၀မ့်ဟောင်၊ ၀မ့်နားနေ၊ ၀မ့်ကောင်းရွာသားများမှာ မုံးပိုင်ဘုန်းကြီးကျောင်းသို့လည်းကောင်း၊ ၀မ့်လုံ ၊ ၀မ့်ဟောင်ရွာမှ ရွာသားများမှာ ၀မ့်ကတ်ဘုန်းကြီးကျောင်းသို့လည်းကောင်း ထွက်ပြေးတိမ်းရှောင်နေကြပြီး ဘုန်းကြီးကျောင်းသို့မရောက်ဘဲ လယ်တောအတွင်းရှိတဲများတွင်လည်း တချို့မှာခိုလှုံနေကြကြောင်း သိရသည်။

မုံးပိုင်ဘုန်းကြီးကျောင်းရောက် စစ်ဘေးရှောင်အမျိုးသမီးတဦးက – ” ကျမတို့ ဒီနေ့အစောကြီးရွာကနေထွက်လာတာ။ တိုက်ပွဲက နာရီဝက်လောက်ဖြစ်တယ်။ မုံးပိုင်ဘုန်းကြီးကျောင်းမှာက အမျိုးသမီး ကလေးနဲ့ သက်ကြီးတွေများတယ် “- ဟုသျှမ်းသံတော်ဆင့်အားပြောသည်။

ယနေ့တနေ့လုံး လားရှိုးနှင့်နမ့်ပေါင်ကြား ဒေသတို့တွင် TNLA ၊ ပြည်သူ့စစ်နှင့် အစိုးရတပ်မတော်တို့ သုံးဖွဲ့စလုံးလှုပ်ရှားကာစစ်ရေးတင်းမာနေသဖြင့် ၀န်ထမ်းကားများပါမချန် ခရီးသွားဒေသခံပြည်သူလူထုများ လမ်းတွင်တားဆီးစစ်ဆေးခံခဲ့ရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...