လားရှိုးရောက် စစ်ဘေးရှောင် ၁၀၀၀ ကျော် နေရပ်ရင်းပြန်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မန်ဆူဘုန်းကြီးကျောင်းတွင်ရောက်ရှိခိုလှုံနေသော လားရှိုးမြို့နှင့် နမ္မတူမြို့ ကျေးလက်များမှ စစ်ဘေးရှောင်များ နေရပ်ပြန်ကုန်ကြပြီဖြစ်ကြောင်းသိရသည်။

Photo by SHAN/ လားရှိုးမြို့နယ် မန်ဆူဘုန်းကြီးကျောင်းရောက် စစ်ဘေးရှောင်များ နေရပ်ပြန်ကုန်ကြပြီ

လားရှိုးမြို့နယ် မန်ဆူဘုန်းကြီးကျောင်းသို့ရောက်ရှိနေသော အီနိုင်းအုပ်စု ပန်ဟုန်းရွာ၊ ၀မ့်ပိန်းရွာ၊ ၀မ့်နားဟာရွာ၊ ၁၃ မိုင်ရွာ၊ ၁၅ မိုင်ရွာ တို့မှရွာသားများ၊ နမ္မတူမြို့နယ် နားဆိုင်းအုပ်စု မိုင်းတောင်ရွာမှ ရွာသားများ စုစုပေါင်း ၁၀၀၀ ကျော်မှာ နို၀င်ဘာလ ၂ ရက် နေ့က နေရပ်ရင်းသို့ပြန်သွားကြ ပြီဖြစ်သည်။

နေရပ်ပြန်မည့် မန့်ပိန်းရွာမှ ရွာသားတဦးက -“ ကျနော်တို့ရွာမှာကျန်ခဲ့တဲ့အကြီးအကဲတွေက တိုက်ပွဲသံငြိမ်သွားပြီ အခြေအနေကောင်းသွားပြီ ပြန်လာတော့ဆိုလို့ ကျနော်တို့လည်း ရွာပြန်တော့မှာဖြစ်တယ်။ ကျနော်တို့ခြံထဲက မဆွတ်ရသေးတဲ့အသီးအနှံတွေကိုစိတ်ပူတယ်။ ဟုတ်ကဲ့မန်ဆူကျောင်းရောက်နေတဲ့သူတွေ အကုန်လုံးပြန်ကုန်ပါပြီ ။ ကျနော်တို့ကိုအစစ အရာရာကူညီပေးတဲ့ တာဝန်ရှိသူအားလုံးအဖွဲ့အစည်းအားလုံး ကိုကျေးဇူးအထူးတင်ရှိပါတယ် ” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS/SSA တို့ကြားစစ်ရေးတင်းမာမှုကြောင့် လားရှိုးမြို့အနောက်မြောက် ဘက် အီနိုင်းအုပ်စုမှဒေသခံ ၁၁၀၀ ကျော်မှာ အောက်တိုဘာလ ၂၉ ရက်နေ့က မန်ဆူဘုန်းကြီးကျောင်း သို့ရောက်ခိုလှုံနေကြခြင်းဖြစ်သည်။

မန်ဆူဘုန်းကြီးကျောင်းမှဒေသခံများ နေရပ်ရင်းသို့ပြန်သွားကြပြီဖြစ်သော်လည်း သီပေါမြို့နယ်အတွင်း နို၀င်ဘာလ ၁ ရက်နေ့မနက်ပိုင်းက မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS/SSA တို့ကြားတိုက်ပွဲကြောင့် သီပေါမြို့နယ် ၀မ့်ဆန်းအုပ်စု ၀မ့်ကောင်းဝိန်း၊ ၀မ့်ခုမ်၊ ၀မ့်ပိန်းဆာနှင့် ၀မ့်မိုင်ရွာများမှ ရွာသား ၃၀၀ ကျော်မှာ သီပေါမြို့နယ်တာတေဘုန်းကြီးကျောင်းသို့ရောက်ရှိခိုလှုံနေခဲ့ကြသည်။

နို၀င်ဘာလ ၂ ရက်နေ့တွင်မူ သီပေါမြို့နယ် နားမခေါ်အုပ်စုဘက် တိုက်ပွဲများဖြစ်ပွါးသဖြင့် ၀မ့်နိုင်းလုံ၊ ၀မ့်ဟုမ့်ရွာ၊ ၀မ့်တာ့လုံရွာ၊ ၀မ့်ဟိုနားရွာတို့မှ ဒေသခံ ၆၀၀ ကျော်မှာ နားမခေါ်ဘုန်းကြီးကျောင်းသို့ ရောက်ရှိခိုလှုံ နေခဲ့ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...