နှစ်သစ်ကူးအလံတော်အား တောင်ကြီးမှ လားရှိုးသို့ သယ်ဆောင်

လားရှိုးမြို့တွင် ပြုလုပ်မည့် စုပေါင်းသျှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပရေးအတွက်  တောင်ကြီးမြို့ သျှမ်းစာပေယဉ်ကျေးမှုအသင်းရုံးရှိ သျှမ်းနှစ်သစ်ကူးအလံတော် အား လားရှိုးမြို့ သျှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပရေးဦးစီးကော်မတီအဖွဲ့က လာရောက်ကြိုဆို သယ်ဆောင်ခဲ့ကြကြောင်း သိရသည်။

Photo by Noon Mo/ တောင်ကြီးမြို့ သျှမ်းစာပေယဉ်ကျေးမှုအသင်းရုံးရှိ သျှမ်းနှစ်သစ်ကူးအလံတော် အား လားရှိုးမြို့ သျှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပရေးဦးစီးကော်မတီအဖွဲ့က လာရောက်ကြိုဆို

အောက်တိုဘာလ ၁၆ ရက်နေ့က တောင်ကြီးမြို့ သျှမ်းစာပေယဉ်ကျေးမှုအသင်းရုံးသို့ လာရောက်သယ်ဆောင်ခြင်းဖြစ်သည်။

“လားရှိုးကကော်မတီက စာတော့ကြိုပို့ထားပါတယ်။ နှစ်သစ်ကူးပွဲတော်ကျင်းပဖို့ ဆွေးနွေးဖို့ လို့ရေးထားပါတယ် ။ ဆွေးနွေးမှုအပြီးမှာတော့ ဒီ ၂၀၁၄ က နှစ်သစ်ကူးပွဲတော်ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ အဖြစ် တာဝန် ယူ ဆောင်ရွက်ခဲ့တဲ့ ဦးစိုင်းထွန်းမြ ကနေပြီးတော့မှ ယခုနှစ် ပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဌ ဦးစိုင်း ကျော်ဌေးထံကို လွှဲပြောင်းပေးခဲ့ပါတယ်။ ”- ဟု တောင်ကြီးမြို့ သျှမ်းစာပေယဉ်ကျေးမှုအသင်းမှ ဆရာမ နန်းနွန်းမိုက သျှမ်းသံတော်ဆင့်အားပြောပြသည်။

အဆိုပါအလံတော်ကြိုဆိုခြင်းအခမ်းအနားသို့ တက်ရောက်သူဦးရေ ရ၀ ခန့်ရှိပြီး တောင်ကြီးမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းနာယက၊နှင့်အသင်းသူအသင်းသားများစုပေါင်းကာ လားရှိုးမြို့တွင်ကျင်းပမည့် စုပေါင်းသျှမ်းနှစ်သစ်ကူးပွဲတော်ကြီးအတွက် စုစုပေါင်း ကျပ်သိန်း ၃၅ သိန်းထည့်ဝင်လှူဒါန်းခဲ့ကြောင်းသိရသည်။

ထိုနေ့ညနေပိုင်းတွင် လားရှိုးမြို့မှလာသော နမ့်ခုံး သျှမ်းပရဟိတ အသင်းဥက္ကဌကြီး စိုင်းထွန်းမြနှင့် ဇနီးဒေါ်နန်းစုစုစံတို့မှ လားရှိုးမှလာသောဧည့်သည်တော်များအား ညနေစာတည်ခင်းဧည့်ခံခဲ့ကြောင်းသိရသည်။

စုပေါင်းသျှမ်းနှစ်သစ်ကူးပွဲတော် ပထမအကြိမ်ကို ၂၀၁၃ ခုနှစ်က ကျိုင်းတုံမြို့တွင်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ၂၀၁၄ ခုနှစ်က တောင်ကြီးမြို့တွင်လည်းကောင်း ကျင်းပခဲ့ပြီး တတိယအကြိမ်ကိုမူ ယခု ၂၀၁၈ ခုနှစ်မှသာ လားရှိုးမြို့တွင် ဒီဇင်ဘာလ (၆) ရက်နေ့မှ (၉) ရက်နေ့အထိ ကျင်းပမည်ဖြစ်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...