လားရှိုးမြို့နယ် မိုင်းယော်တွင်တိုက်ပွဲကြောင့် ရွာသား ၁၀၀ ခန့် စစ်ဘေးတိမ်းရှောင်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်တွင် အစိုးရတပ်နှင့်တအာင်းတပ်ဖွဲ့တို့ကြားတိုက်ပွဲ များငြိမ်သွားပြီ ဟုဆိုသော်လည်း ဒေသခံများစိုးရိမ်မှုရှိနေသေးသဖြင့် ရွာသား ၁၀၀ ၀န်းကျင်မှာ လားရှိုးသို့ တိမ်းရှောင်နေကြောင်းသိရသည်။

Photo Credit to Saikaung

ယမန်နေ့က တိုက်ပွဲဖြစ်ပွါးခဲ့သည့် လွယ်ပန်ထီးနှင့် ၀မ့်ပန်ခုတ်ရွာတိုက်ပွဲကြောင့် သြဂုတ်လ ၂၂ ရက်မနက်ပိုင်းက ဒေသခံ တအာင်းလူထု ၁၀၀ ၀န်းကျင်ခန့် မိုင်းယော်သို့ရောက်ရှိကာ ကား ၂ စီးဖြင့် လားရှိုးသို့ဆင်းသွားကြောင်း မိုင်းယော်ဒေသခံ ကျေးရွာအကြီးအကဲ တဦးကပြောသည်။

“တိုက်ပွဲသံတော့ ငြိမ်နေတယ်။ ဒါမယ့် ဒီမနက်စောစော ရွာသား ၁၀၀ လောက် မိုင်းယော်ကနေကား ၂ စီးအပြည့်နဲ့ လားရှိုး ကိုသွားတာ။ တမြန်နေ့တုန်းကတော့ ဒေသခံတရုတ်ရွာသူရွာသားတွေလေ မိုင်းယော်ကိုရောက်လာတာ။ သူတို့တော့ နီးစပ်ရာဆွေမျိုးတွေ အိမ်မှာနေနေတာ။ ရွာဘက်ကအခြေအနေက တင်းမာနေတုန်းမို့ အခြေအနေစိတ်မချသေးလို့နေမယ် – ဟု ပြောသည်။

လားရှိုးမြို့အရှေ့ဘက်အရပ် မိုင် ၃၀ ကျော်အကွာရှိ မိုင်းယော်တိုက်နယ်တွင် သြဂုတ်လ ၂၁ ရက်နေ့ မနက်ပိုင်းက တအာင်းတပ်နှင့်အစိုးရတပ် (တပ်မ ၉၉ လက်အောက်ခံတပ်ရင်းများ) ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးခဲ့ရာ မိုင်းယော်မှ ၈ မိုင်ခန့်အကွာ တိုက်ပွဲဖြစ်ပွါးသည့်ရွာမှ ဒေသခံလူထု လယ်ယာမဝင်ရဲသေးဘဲ စစ်ဘေးရှောင်နေရကြောင်းသိရသည်။

“မနေ့ကတိုက်ပွဲက အစိုးရတပ်ဘက်က ထိခိုက်ဒဏ်ရာရ အရာရှိတယောက်နဲ့ တပ်သားတယောက် လားရှိုးဆေးရုံကိုပို့ကြတာ တွေ့လိုက်တယ် – ဟု လည်းမိုင်းယော်မှဒေသခံ စိုင်းလူ ကလည်းပြောသည်။

ယခင်အပတ်ကလည်း မိုင်းယော်အရှေ့ဘက် ပန်ခါးရွာဘက်တွင်လည်းအစိုးရတပ်နှင့် တအာင်းတပ်တို့တိုက်ပွဲဖြစ်ပွါးခဲ့သေးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...