လားရှိုး တပ်မတော်ထောက်ခံပွဲတွင် ပါ၀င်သူတဦးကျပ် ငါးထောင်အထိ ပါတီကြီးတခုက ပေးသည်ဟုဆို

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် တနင်္ဂနွေနေ့က တပ်မတော်ထောက်ခံပွဲ တရပ်ပြုလုပ်ခဲ့ရာ ပါ၀င်တက်ရောက်လာသူ ၁၀၀၀ ကျော်ရှိကြောင်းသိရသည်။

Photo by SHAN / နို၀င်ဘာလ ၂၅ ရက် လားရှိုးမြို့တွင်ပြုလုပ်သော တပ်မတော်ထောက်ခံပွဲမြင်ကွင်းတချို့

 

နို၀င်ဘာလ ၂၅ ရက် မနက်ပိုင်း ၉ နာရီက လားရှိုး၊ မိုင်းရယ်၊ သိန္နီ ၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင် အပြင် မြို့နယ်တော်တော်များများက ဒေသခံ ၁၀၀၀ ကျော်မှာ တပ်မတော်ထောက်ခံပွဲ လမ်းလျှောက်ချီတက်ပွဲအတွက် လားရှိုးမြို့ စစ်မှုထမ်းဟောင်းအဖွဲ့နှင့် အားဖြည့်ပူးပေါင်းရန်  တဦးကျပ် ငါးထောင်အထိ ပါတီကြီးတခုက  ပေးသည်ဟု သိရသည်။

လမ်းလျှောက်ချီတက်ပွဲတွင်ပါ၀င်သောမိုင်းရယ်ဒေသခံတဦးက – “ကျမ မိုင်းရယ်ဒေသခံပါ။ ကြံ့ခိုင်ရေးပါတီက ဆင့်ခေါ်လိုက်တာပါ။ သူများအော်တာလိုက်အော်ရင်ရပြီဆိုပြီး လမ်းစရိတ်ကို ကြ့ံခိုင်ရေးပါတီက တယောက် ၅၀၀၀ ထွက်ပေးတယ်။” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

အလားတူ သိန္နီမှလာသော ဒေသခံအမျိုးသမီးတဦးကလည်း-“ ဒို့အရေး အော်ဖို့ခေါ်လာတာ။ လမ်းစရိတ် ၂၀၀၀ ပေးတယ်။ ရွာမှာတုန်းက တယောက် ၅၀၀၀ ပေးတယ်။ ကြ့ံခိုင်ရေးပါတီက ခေါ်လာတာ”- ဟု ပြောသည်။

လားရှိုးမြို့တော်ခန်းမ မှလားရှိုးကြီးဘော်လုံးကွင်းအထိ တပ်မတော်ထောက်ခံခြင်း လမ်းလျှောက်ချီတက် ခဲ့ကြပြီး အများစုမှာ စစ်မှုထမ်းဟောင်းမိသားစုဝင်များနှင့် စစ်တပ်မိသားစုဝင်များ ဖြစ်ကြကြောင်းသိရသည်။

Photo by SHAN / နို၀င်ဘာလ ၂၅ ရက် လားရှိုးမြို့တွင်ပြုလုပ်သော တပ်မတော်ထောက်ခံပွဲမြင်ကွင်းတချို့

တပ်မတော်ထောက်ခံသူများမှာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး ဒို့အရေး၊ မြန်မာနိုင်ငံစစ်မှု ထမ်း ဟောင်းအဖွဲ့၊ စစ်မှုထမ်းဟောင်းများ၏ တပ်မတော်ကိုထောက်ခံခြင်းနှင့် ပြင်ပ စွက်ဖက်လုပ်ဆောင်မှုများအား ဆန့်ကျင်သည့်ဆန္ဒဖော်ထုတ်ပွဲ – အစရှိ ဗီနိုင်းများ ကိုင်ဆောင်ကာ ဒို့တာဝန်အရေးသုံးပါးကို အော်ဟစ်ကြွေးကြော်ခဲ့ကြကြောင်းသိရသည်။

နို၀င်ဘာလဆန်းပိုင်းကစပြီး တပ်မတော်ထောက်ခံပွဲများကို သျှမ်းပြည်တွင်း မြို့တော်တောင်ကြီးအပါအဝင် ကျိုင်းတုံ၊ နမ့်စန် နှင့်တခြားမြို့တို့တွင်ပြုလုပ်ခဲ့ကြကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့ “ခိုင်”သစ်သီးပွဲရုံ မီးလောင်

0
သျှမ်းပြည် လားရှိုးမြို့အဝင် လွယ်လွမ့်ကျေးရွာရှိ “ခိုင်”သစ်သီးပွဲရုံ မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များပြားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၇ ရက်) နေ့လယ် ၁ နာရီခန့်မှ စတင်ပြီး လားရှိုးမြို့အဝင်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် လွယ်လွမ့်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် “ခိုင်” သစ်သီးပွဲရုံရှိ ဂိုထောင်တစ်ခု...

လားရှိုးမှ သယ်ဆောင်လာသည့် ကျပ် ၉ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှ စီးဆင်းလာသည့် ခန့်မှန်းခြေ ကျပ် ၉ ဒသမ ၈၅ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများကို သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ဧပြီလ ၁၂ ရက်မှ ဧပြီလ ၃၀ ရက်အတွင်း ဘိန်းဖြူ ၇၇ ကီလိုဂရမ်နှင့် စိတ်ကြွဆေးပြား...

လားရှိုးတွင် မူးယစ်ဆေးဝါးအကြောင်းပြပြီး MNDAA ဖမ်းဆီးသွားသည့်လူငယ်(၇၀)ကျော် ပြန်မလွတ်သေး

0
သျှမ်းပြည် လားရှိုးမြို့နယ် အီနိုင်းကျေးရွာအုပ်စုတွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မူးယစ်ဆေးဝါးအကြောင်းပြကာ လူငယ်အမျိုးသား (၇၀) ယောက်ကျော်ကို ဖမ်းဆီးသွားခဲ့ပြီးနောက် သုံးပတ်ကျော် ကြာသည်အထိ ပြန်မလွတ်ပေးသေးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA သွားလာလှုပ်ရှားနေသည့် ၁၂ မိုင်၊ ၁၃ မိုင်၊ အီနိုင်းနှင့် မန်တောင်းကျေးရွာများတွင်...

လားရှိုးမြို့ပေါ် ကားသမားတစ်ဉီး သေနတ်ဖြင့် ပစ်ခတ်ခံရ

0
သျှမ်းပြည် လားရှိုးမြို့ပေါ်တွင် ကားသမား အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၂ ရက်) မနက်ပိုင်း လားရှိုးမြို့ ရပ်ကွက် (၃) တွင် ကားသမား အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း လားရှိုးမြို့ ဒေသခံအမျိုးသားတစ်ဦးက...

လောက်ကိုင်တွင် MNDAA နှင့် TNLA တွေ့ဆုံဆွေးနွေး၊ နေရာအချို့ ထပ်မံတပ်ဆုတ်ခိုင်းဟုဆို

0
သျှမ်းပြည် လောက်ကိုင်မြို့တွင် MNDAA နှင့် TNLA နှစ်ဘက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးနေစဉ် လားရှိုးမြို့အနီးရှိ TNLA တပ်စခန်းအချို့ကို ထပ်မံတပ်ဆုတ်ပေးရန် MNDAA ဘက်မှ တောင်းဆိုထားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၇ ရက်) နံနက်ပိုင်းမှ စတင်ပြီး လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့်...