Tuesday, January 27, 2026

လားရှိုး တပ်မတော်ထောက်ခံပွဲတွင် ပါ၀င်သူတဦးကျပ် ငါးထောင်အထိ ပါတီကြီးတခုက ပေးသည်ဟုဆို

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် တနင်္ဂနွေနေ့က တပ်မတော်ထောက်ခံပွဲ တရပ်ပြုလုပ်ခဲ့ရာ ပါ၀င်တက်ရောက်လာသူ ၁၀၀၀ ကျော်ရှိကြောင်းသိရသည်။

Photo by SHAN / နို၀င်ဘာလ ၂၅ ရက် လားရှိုးမြို့တွင်ပြုလုပ်သော တပ်မတော်ထောက်ခံပွဲမြင်ကွင်းတချို့

 

နို၀င်ဘာလ ၂၅ ရက် မနက်ပိုင်း ၉ နာရီက လားရှိုး၊ မိုင်းရယ်၊ သိန္နီ ၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင် အပြင် မြို့နယ်တော်တော်များများက ဒေသခံ ၁၀၀၀ ကျော်မှာ တပ်မတော်ထောက်ခံပွဲ လမ်းလျှောက်ချီတက်ပွဲအတွက် လားရှိုးမြို့ စစ်မှုထမ်းဟောင်းအဖွဲ့နှင့် အားဖြည့်ပူးပေါင်းရန်  တဦးကျပ် ငါးထောင်အထိ ပါတီကြီးတခုက  ပေးသည်ဟု သိရသည်။

လမ်းလျှောက်ချီတက်ပွဲတွင်ပါ၀င်သောမိုင်းရယ်ဒေသခံတဦးက – “ကျမ မိုင်းရယ်ဒေသခံပါ။ ကြံ့ခိုင်ရေးပါတီက ဆင့်ခေါ်လိုက်တာပါ။ သူများအော်တာလိုက်အော်ရင်ရပြီဆိုပြီး လမ်းစရိတ်ကို ကြ့ံခိုင်ရေးပါတီက တယောက် ၅၀၀၀ ထွက်ပေးတယ်။” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

အလားတူ သိန္နီမှလာသော ဒေသခံအမျိုးသမီးတဦးကလည်း-“ ဒို့အရေး အော်ဖို့ခေါ်လာတာ။ လမ်းစရိတ် ၂၀၀၀ ပေးတယ်။ ရွာမှာတုန်းက တယောက် ၅၀၀၀ ပေးတယ်။ ကြ့ံခိုင်ရေးပါတီက ခေါ်လာတာ”- ဟု ပြောသည်။

လားရှိုးမြို့တော်ခန်းမ မှလားရှိုးကြီးဘော်လုံးကွင်းအထိ တပ်မတော်ထောက်ခံခြင်း လမ်းလျှောက်ချီတက် ခဲ့ကြပြီး အများစုမှာ စစ်မှုထမ်းဟောင်းမိသားစုဝင်များနှင့် စစ်တပ်မိသားစုဝင်များ ဖြစ်ကြကြောင်းသိရသည်။

Photo by SHAN / နို၀င်ဘာလ ၂၅ ရက် လားရှိုးမြို့တွင်ပြုလုပ်သော တပ်မတော်ထောက်ခံပွဲမြင်ကွင်းတချို့

တပ်မတော်ထောက်ခံသူများမှာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး ဒို့အရေး၊ မြန်မာနိုင်ငံစစ်မှု ထမ်း ဟောင်းအဖွဲ့၊ စစ်မှုထမ်းဟောင်းများ၏ တပ်မတော်ကိုထောက်ခံခြင်းနှင့် ပြင်ပ စွက်ဖက်လုပ်ဆောင်မှုများအား ဆန့်ကျင်သည့်ဆန္ဒဖော်ထုတ်ပွဲ – အစရှိ ဗီနိုင်းများ ကိုင်ဆောင်ကာ ဒို့တာဝန်အရေးသုံးပါးကို အော်ဟစ်ကြွေးကြော်ခဲ့ကြကြောင်းသိရသည်။

နို၀င်ဘာလဆန်းပိုင်းကစပြီး တပ်မတော်ထောက်ခံပွဲများကို သျှမ်းပြည်တွင်း မြို့တော်တောင်ကြီးအပါအဝင် ကျိုင်းတုံ၊ နမ့်စန် နှင့်တခြားမြို့တို့တွင်ပြုလုပ်ခဲ့ကြကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...
Lashio_Election_Station

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြား နောင်ချို၊ လားရှိုးနှင့် မူဆယ်မြို့တွင် ဆန္ဒမဲပေးသူနည်း

0
သျှမ်းပြည် နောင်ချိုမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့များတွင် စစ်ရေးပဋိပက္ခကြား လုံခြုံရေး စိုးရိမ်မှုကြောင့် ဆန္ဒမဲပေးသူ နည်းပါးကြောင်း ဒေသခံပြောပြချက်အရ သိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ နောင်ချိုမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့ (၃)...

အတုအယောင် ရွေးကောက်ပွဲ တစ်ပတ်အလို လားရှိုးမြို့ပေါ် မိုင်းပေါက်ကွဲ၊ ပြည်သူထိတ်လန့်

0
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ အချို့တွင် လက်လုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့် ပြည်သူထိတ်လန့်ခဲ့ကြောင်း စုံစမ်းသိရသည်။ လာမည့် (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ...
Hsipaw Bridge Closed

သီပေါတံတား တစ်လကျော်ပိတ်ထားသော်လည်း စစ်တပ်လာဘ်ယူပြီး ကုန်ကားအချို့ ညအချိန် ဖြတ်သန်းခွင့်ပြု

0
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့် MNDAA တို့ တစ်လကျော်ကြာ ပိတ်ဆို့ထားသော်လည်း ကုန်ကားအချို့ထံ လာဘ်ငွေတောင်းယူပြီး ညအချိန် ဖြတ်သန်းခွင့်ပြုနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့နှင့် လားရှိုးမြို့ကို ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် MNDAA တို့ စစ်ရေးတင်းမာမှုကြောင့်...

လားရှိုး-မိုင်းရယ်ကြား ဈေးဆိုင်များကို ၂၀၂၆ အတွက် အခွန်ကောက်ရန် MNDAA မြေလာတိုင်း

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်များထံ ၂၀၂၆ ခုနှစ်အတွက် အခွန်ကောက်ခံရန် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မြေနေရာအကျယ်အဝန်း တိုင်းတာခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ပထမပတ်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက် နမ့်ပေါင်၊ ဟိုယ ကျေးရွာအုပ်စုများရှိ ဈေးဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများထံ ၂၀၂၆...