အသက် ၁၂ နှစ် မှ ၁၄ နှစ်ထိ ကလေးမလေးတဦးအား သားမယားပြုကျင့်မှု လားရှိုးရဲစခန်းတွင်အမှုဖွင့်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် အဒေါ်ဖြစ်သူ၏အမျိုးသား ဘကြီးတော်စပ်သူက တူမဖြစ်သူအား အသက် ၁၂ နှစ် မှ ၁၄ နှစ်အထိ အိမ်တွင်းပိတ်အကြမ်းဖက် သားမယားပြုကျင့်သည့်အမှုတခုအား အမျိုးသား လွှတ်တော် အမတ် အကူအညီဖြင့် ဖခင်ဖြစ်သူမှ လားရှိုးရဲစခန်းတွင် အမှုဖွင့်အရေး ယူတိုင်ကြားထား ကြောင်းသိရသည်။

Photo by SHAN/ အဒေါ်အရင်းဖြစ်သူ နန်းခမ်းဆာ၏အမျိုးသား ဦးလေးတော်စပ်သူ စိုင်းပန်းအောင် (ခေးနင်း ဆင်တောင်)မှ အသက် ၁၂ နှစ်အရွယ်ကတည်းက အိမ်တွင်းပိတ်အကြမ်းဖက် မုဒိန်းကျင့်ခံရသူ နန်းယိင်းအွန် အား သျှမ်းသံတော်ဆင့်မှ နေအိမ်အထိသွားရောက်တွေ့ဆုံမေးမြန်းစဉ်

လားရှိုးမြို့နယ်ခေးနင်း ဆင်တောင်အုပ်စုဘက်တွင်နေထိုင်သည့် ဒေါ်နန်းခမ်းဆာက ၄င်း၏ တူမဖြစ်သူ နန်းယိင်းအွန်အား ပြုစုစောင့်ရှောက်ကျောင်းထားပေးမည်ဟုဆိုကာ ခေါ်ယူမွေးစားပြီး ၁ နှစ်ကျော်အကြာ ၂၀၁၆ ခုနှစ်ဆန်းကစပြီး နန်းခမ်းဆာ၏ ခင်ပွန်း စိုင်းပန်းအောင်က အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ပြုကျင့်ခံရသည့် နန်းယိင်းအွန်က သျှမ်းသံတော်ဆင့် အားပြောသည်။

“ကျမ အသက် ၁၂ နှစ်ကတည်းက ကျမ ကို အဒေါ်ပါ့ဆာရဲ့ယောက်ကျား ဦးလေးစိုင်းပန်းအောင်က မုဒိန်းကျင့်တာ။ ပါ့ဆာကိုတိုင်တော့ – နေပါစေ ငါ သူ့ကိုမနိုင်ဘူး – လို့တောင်ပြောလိုက်သေးတယ်ကျမ ကို။ ငရဲကျသလိုဘဲခံစားရတယ်။ ကျမ အဒေါ် ပါ့ဆာလည်း အလိုတူအလိုပါဘဲ။ ကျမ ကို မူးမေ့လဲကျအောင်ရိုက် တယ်။ နှာခေါင်းသွေးတွေထွက်တာ။ ခြေတွေလက်တွေနာ ။ လမ်းမလျှောက်နိုင်လို့ အိမ်ဘေးအိမ်က အဒေါ်က ကျမ ကိုလာပွေ့ချီသွားပြီးဆေးကုပေးတာ။ အခုကျမရဲ့ နောက်ထပ်အဒေါ် တယောက်နဲ့ လာနေတာ ၄-၅ လ လောက်ရှိပြီ။ ကျမအဲ့အိမ်ကဆင်းလာတာ ဘာမှမရလာဘူး” – ဟု မျက်ရည်လည်ရွဲဖြင့် နန်းယိင်းအွန်က ဆက်လက်ပြောပြသည်။

လက်ရှိတွင် အဆိုပါအမှု ဆက်လက်ဆောင်ရွက်ပေးရန် ရဲများဘက်က သက်သေအထောက်အထားများ ယူဆောင်ခဲ့ရန် တောင်းဆိုနေကြောင်း၊ သို့သော် တရားခံ နန်းယိင်းအွန်က အဆိုပါ စိုင်းပန်းအောင်အိမ်မှ ဆင်းလာသည်မှာ ၄ လကျော်ကြာပြီဖြစ်ပြီး မည်သည့်အဝတ်အစားအသုံးအဆောင်မျှ မယူဆောင်လာ ခဲ့ရကြောင်း ဖခင်၏ အစ်မ ဖြစ်သူ အဒေါ်အေးပေး က သျှမ်းသံတော်ဆင့်အား ပြောပြသည်။

“အစက ကျမတို့လည်း သာမာန်ခြေကိုင် လက်ကိုင်လောက်ဘဲကျူးလွန်တယ်လို့ဘဲ ထင်နေတာလေ။ ဒါကြောင့် သူ့အနာဂတ်အတွက် ကြည့်ပြီးတော့ အမှုမရှုပ်တော့ဘူးလို့ စဉ်းစားထားတာ။ သူ့အဒေါ်နဲ့ဦးလေးက ကွာရှင်းဖို့ တရားစွဲဖို့ လုပ်ရင်း ရဲစခန်းရောက်လို့ ရဲဆီမှာဖွင့်ပြောမှ ၊ ကလေးမလေးကိုယ်တိုင်ကလည်း ဖွင့်ပြောမှ ဒီလောက် အထိ အခြေအနေဆိုးရွားမှန်းသိရတာ။ ဒါဟာ သက်ငယ်မုဒိန်းဖြစ်တာဘဲလေ။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းရဲ့ရှင်းပြလမ်းညွှန်ပေးမှုကြောင့် ကျမတို့အားလုံးလည်း ဒီအမှုရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ဒါကြောင့် တရားမျှတအောင် လုပ်ပေးဖို့ သက်ဆိုင်ရာကို တောင်းဆိုချင်ပါတယ်။ ကျမတို့တူမ အသက်အရမ်းငယ်ပါသေးတယ်။ ”- ဟု နန်းယိင်းအွန်အား ခေတ္တခေါ်ယူထိန်းသိမ်းထားသည့် ဆွေမျိုးတော်စပ်သူ နန်းထွန်း က သျှမ်းသံတော်ဆင့်အားပြောပြသည်။

ယခုအခါ နန်းယိင်းအွန်မှာ ဖခင်ဖြစ်သူ ၏ အစ်မ နန်းအေးပေး နှင့်အတူ သွားရောက်နေထိုင်နေကြောင်း သိရပါသည်။ ဖခင်ဖြစ်သူ တွင် မောင်နှမ ၅ ဦးရှိကြောင်းသိရသည်။

နန်းယိင်းအွန်အမှုတွင် လမ်းပြကူညီဆောင်ရွက်ပေးသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းကလည်း -“ ဒီအမှုဖြစ်စဉ်တွေကိုကျနော်တို့အားလုံးမှတ်တမ်းကောက်ထားပြီးပါပြီ။ သျှမ်းပြည်နယ်လွှတ်တော် အမျိုးသမီးရေးရာအဖွဲ့ကိုလည်း စာတင်ထားပါပြီ။ သူတို့လည်း ကွင်းဆင်း စစ်ဆေးမယ်လို့အကြောင်းကြားလာပါတယ်။ ဒီအမှုကိုစစ်ဆေးရာမှာ လည်း တိကျမှန်ကန်စွာစစ်ဆေးပေးဖို့ သက်ဆိုင်ရာကို ကျနော် တောင်းဆိုချင်ပါတယ်။ စိတ်ဒဏ်ရာရထားတဲ့ ကလေးလေးကို အလေးထားပြီး ကောင်းကောင်းမွန်မွန်စစ်ဆေးပေးဖို့ လည်းတောင်းဆိုချင်ပါတယ်။ လိုအပ်ချက်တွေကို လွှတ်တော်ကိုယ်စားလှယ် တွေဘက်က ကူညီဆောင်ရွက်ပေးဖို့အသင့်ရှိနေပါတယ် ”- ဟုလည်း သျှမ်းသံတော်ဆင့်အားပြောပြသည်။

လားရှိုးမြို့နယ် ကုန်းဆာ အုပ်စု ပန်စုံရွာသူ နန်းယိင်းအွန်သည် ၂၀၁၅ ခုနှစ်က ၄င်း၏ ဖခင် စီးပွါးရေးအဆင်မပြေရာမှ ဖခင်ဖြစ်သူ၏ အစ်မအရင်း ဒေါ်နန်းခမ်းဆာက ကျောင်းထားပေးမည်ဟုဆိုကာ ၄င်းအားခေါ်ယူခဲ့သည်။ ကျောင်းနေပြီးတနှစ်ခန့်အကြာ ကျောင်းမှထွက်စေကာ လယ်ယာလုပ်ငန်းခွင်တွင် ၀င်ရောက်ကူညီစေခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ဦးလေးဖြစ်သူ (အဒေါ်ဖြစ်သူ၏ယောကျ်ား) စိုင်းပန်းအောင်နှင့်အတူ တောင်ယာသွားခုတ်ရာမှ အလိုမပါဘဲ ခြိမ်းခြောက် ကြိုးတုပ်ကာ မုဒိန်းကျင့်ခြင်းခံရသည်ဟု ဆိုပါသည်။

“ကျမ အော်လို့မရအောင် ကျမပါးစပ်ကို အဝတ်စနဲ့ဆို့ထားတယ်။ ကျမခြေတွေလက်တွေကိုလည်း အဝတ်စနဲ့ချည်ထားတာ။ သူကျမ ကိုမုဒိန်းကျင့်ပြီး တော့ပြောတယ် အိမ်ပြန်ရောက်ရင် နင့်အဒေါ်ကိုမပြောရဘူး။ ပြောရင်သတ်မှာ လို့ ပြောတယ်။ အဖေ့ကိုလည်းပေးမတွေ့ဘူး ပြောမှာကြောက်လို့ ။ နောက်ပိုင်း ကျမ ကိုမုဒိန်းကျင့်တိုင်း ဓါးကြီးကို ခေါင်းရင်းမှာ ထားထားတာ ” – ဟု နန်းယိင်းအွန်က ပြောသည်။

၂၀၁၈ ခုနှစ် နန်းယိင်းအွန်အသက် ၁၄ နှစ်အရွယ်အထိ နေအိမ်တွင်လည်းကောင်း၊ လယ်ယာလုပ်ငန်းခွင် တို့တွင်လည်းကောင်း ဦးလေးဖြစ်သူ စိုင်းပန်းအောင်မှာ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ပြီး ၊ ၂၀၁၇ ခုနှစ်က အဒေါ်ဖြစ်သူ နန်းခမ်းဆာအား ဖွင့်ပြောရာတွင်လည်း အရေးယူမှုမရှိသည့်အပြင် သန္ဓေတားဆေးပါ သောက်ရန် ၀ယ်ပေးခဲ့ကြောင်း ၄င်းက ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

လားရှိုးမြို့အဝင်အထွက် MNDAA စစ်ဆေးမှုတင်းကြပ်၊ စစ်တပ်ဘက်မှ လမ်းပိုင်းအချို့ ပိတ်ထား

0
သျှမ်းပြည် လားရှိုးမြို့အထွက်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှု တင်းကြပ်နေပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ထဲမှ သိန္နီဘက်ထွက်သည့် အေတီတံတားထိပ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် ဖေဖော်ဝါရီလ တတိယပတ်မှ စတင်ပြီး ကားအဝင်အထွက် စစ်ဆေးတင်းကြပ်နေခြင်းကြောင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရကြောင်း...

လားရှိုးမြို့ “တွမ်ကျားကုန်စုံဆိုင်” အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရ

0
သျှမ်းပြည် လားရှိုးမြို့ “တွမ်ကျားကုန်စုံဆိုင်”ရှိ အမျိုးသမီးတစ်ဦးကို အမည်မသိ လက်နက်ကိုင် လူတစ်စုက ပြန်ပေးဆွဲ ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၂၄ ရက်) ညနေ ၄ နာရီခွဲကျော်တွင် လားရှိုးမြို့ ရပ်ကွက် (၅) ရှိ “တွမ်ကျားကုန်စုံဆိုင်” အတွင်း ထိုင်နေသည့် အမျိုးသမီးတစ်ဦးကို...

MNDAA ဖမ်းဆီးထားသည့် လားရှိုးဒေသခံ ဆန္ဒပြသူ (၅) ဦး ပြန်လည်လွတ်မြောက်လာ

0
သျှမ်းပြည် လားရှိုးမြို့နယ် မန်စယ်ကျေးရွာအုပ်စုတွင် ရွှေတူးဖော်မှုကို ကန့်ကွက်ခြင်းကြောင့် ဖမ်းဆီးခံထားရသည့် ဆန္ဒပြရွာသား (၅) ဦးကို ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ SSPP ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးပြီး တစ်ပတ်အကြာတွင် ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဖေဖော်ဝါရီလ ၁၉ ရက်) နံနက်ပိုင်းတွင် သိန္နီမြို့ရှိ ကိုးကန့်တပ်ဖွဲ့...

TNLA နှင့် MNDAA အပြန်အလှန် ဖမ်းဆီးမှုပြုလုပ်နေ

0
သျှမ်းပြည် သိန္နီမြို့နယ် မိုင်းပါးကျေးရွာအုပ်စုတွင် တပ်စွဲထားသည့် TNLA တပ်သား ၅၀ ခန့်ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး လားရှိုးမြို့ဘက် ကားတင်ပို့ဆောင်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၇ ရက်) ည ၆ နာရီခန့်တွင် သိန္နီမြို့နယ် မိုင်းပါးကျေးရွာအုပ်စုတွင်...