Tuesday, January 27, 2026

နမ္မတူကျေးလက်ဒေခံ ၁၂ ဉီးအား RCSS ဖမ်းဆီးထားသည်ဟု စွပ်စွဲပြီး ပြန်လွှတ်ပေးဖို့ တအာင်း ၃၀၀ ဆန္ဒပြတောင်းဆို

ဖေဖေါ်ဝါရီ လနှောင်းပိုင်းက နမ္မတူမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားစဉ်က မန်လီ ရွာသား ၁၂ ဉီးအား RCSS/SSA မှ ဖမ်းသွား သည်ဟု စွပ်စွဲပြောဆိုကာအမြန်ဆုံးပြန်လွှတ်ပေးဖို့ တအာင်းလူထု ရာဂဏန်းက  လားရှိုးမြို့ တွင် ယနေ့ စုစည်းပြီး မြို့တွင်း စီတန်းလမ်းလျှောက်ဆန္ဒထုတ်ဖော် တောင်းဆိုကြသည်။

Photo by HsH/ဖမ်းဆီးထားသည့်လူများအားပြန်လွှတ်ပေးရန် လားရှိုးမြို့တွင် ယနေ့တအာင်းလူထု စုပေါင်းဆန္ဒပြကြစဉ်

၂၀၁၉ မတ်လ ၁၇ ရက်မနက်ပိုင်းက လားရှိုး၊ နမ့်တူ ၊ နမ့်ခမ်း မြို့နယ်က တအာင်းလူထု ၃၀၀ ခန့်က လားရှိုးမြို့ နန်းဟေ၀န်ပန်းခြံတွင် စုစည်းပြီး လားရှိုးကြီး ပြည်ထောင်စု အားကစားကွင်းအထိ စီတန်းလှည့်လည်ကာ နမ့်တူဒေသခံ ၁၂ ဉီးအားအမြန်ဆုံးပြန်လွှတ်ပေးဖို့ RCSS/SSA အား ဆန္ဒပြ တောင်းဆိုခြင်းဖြစ်သည်။

Photo by HsH/ဖမ်းဆီးထားသည့်လူများအားပြန်လွှတ်ပေးရန် လားရှိုးမြို့တွင် ယနေ့တအာင်းလူထု စုပေါင်းဆန္ဒပြကြစဉ်

“ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကနေ မတ်လ ၃ ရက်နေ့အထိ နမ့်တူမြို့နယ်ထဲမှာ TNLA နဲ့ RCSS/SSA တို့အကြား တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွါးတယ်။ ဒေသခံလူထု တွေပျောက်ဆုံးတယ်။ တအာင်းရွာသား တွေဖြစ်ကြတယ်။ မန်လီရွာက ၁၂ ယောက်ပျောက်နေတယ်။ RCSS/SSA ဘဲဖမ်းသွားတာလို့ယုံကြည် တယ်။ ဒါကြောင့်လူသားချင်းစာနာထောက်ထားတဲ့စိတ်နဲ့ ရွာသားတွေကိုပြန်လွှတ်ပေးဖို့ ကျနော်တို့ လာပြီးတောင်းဆိုနေတာဖြစ်တယ် ”- ဟု ဆန္ဒပြသူ တအာင်းဒေသခံတဦးက သျှမ်းသံတော်ဆင့်အား ပြောသည်။

ဆန္ဒပြပွဲတွင် -RCSS မှဖမ်းဆီးထားသော မန်လီရွာသား ၁၂ ဦးအပါအဝင် နမ္မတူဒေသခံများ အားလုံး ကိုခြွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးရန်၊ ရိုးသားစွာလုပ်ကိုင်စားသောက်နေသည့် တိုင်းရင်းသား လူမျိုး အချင်းချင်း လူသားချင်းစာနာထောက်ထားရန်၊ ရွာသားများကိုဖမ်းဆီးထားသည့် NCA လက်မှတ်ထိုး ထား သော RCSS က စာချုပ်ပါအချက်အလက်များကိုလိုက်နာရန်၊ လက်နက်ကိုင်အဖွဲ့အစည်းများမှ တိုင်းရင်း သားပြည်သူလူထုအပေါ်လူ့အခွင့်အရေးချိုးဖောက်နေမှုများအားရပ်တန့်ရန်၊ RCSS မှရွာသားများ ကို ဖမ်းဆီး ထားကြောင်းသတ္တိရှိရှိဝန်ခံရန် -အစရှိ ဆိုင်းဘုတ်ကိုင်ဆောင်ပြီး စီတန်းလမ်း လျှောက်ကြ သည်။

Photo by HsH/ဖမ်းဆီးထားသည့်လူများအားပြန်လွှတ်ပေးရန် လားရှိုးမြို့တွင် ယနေ့တအာင်းလူထု စုပေါင်းဆန္ဒပြကြစဉ်

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေကောင်စီ RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းငင်းက – “တကယ်တော့ RCSS/SSA အနေနဲ့ဒေသခံလူထုကိုဖမ်းဆီးဖို့ဆိုတာ ပေါ်လစီမရှိပါဘူး။ ဒီကိစ္စမှာလည်း RCSS ဘက်က တကယ်ဖမ်းတာလားမဖမ်းရဘူးလား ဆိုတာကိုလည်း စစ်ဆေးနေတုန်း ဘာမှ အသေ အချာအသေးစိပ်ကျနော်တို့မသိရသေးဘဲနဲ့ အခုလို လူထုအင်အား လူမှုအခြေပြုအဖွဲ့ရဲ့ အင်အား နဲ့ ဆန္ဒပြတာကိုတော့မဖြစ်သင့်ဘူး။ ကျနော်တို့က သျှမ်းပြည်ထဲမှာနေတဲ့သူချင်းမို့  ငြိမ်းချမ်းသော နည်း လမ်းနဲ့ နားလည်အောင် ဦးစွာဆွေးနွေး သင့်တယ်လို့ကျနော်ပြောချင်ပါတယ်။ အခုလိုသူ့လူပျောက် ရင်ကိုယ့်ကိုညှိုး၊ ကိုယ့်လူပျောက်ရင် သူ့ကိုညှိုးနေမယ်ဆိုရင်တော့ပြသနာက ငြိမ်းအေးနိုင်မှာ မဟုတ်ပါဘူး။” – ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။

Photo by HsH/ဖမ်းဆီးထားသည့်လူများအားပြန်လွှတ်ပေးရန် လားရှိုးမြို့တွင် ယနေ့တအာင်းလူထု စုပေါင်းဆန္ဒပြကြစဉ်

သျှမ်းပြည်မြောက်ပိုင်းတွင် – ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KIA က ကြံခင်းလုပ်သား ၄၇ ဉီးအားဖမ်းဆီးထားခြင်း၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မေတာ် TNLA က နမ့်ခမ်းမြို့နယ် ခိုလုံလီဆော ၈ ဉီးအားဖမ်းဆီးထားခြင်း၊ ယခု မန်လီဒေသခံ ၁၂ ဉီးအား RCSS ဖမ်းဆီးခြင်း – စသည့် စစ်ဘေးစစ်ဒဏ်သင့် သတင်းများအား သျှမ်းပြည်မြောက်ပိုင်းဒေသခံများ ဆက်တိုက်ခံစားလာနေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...
Lashio_Election_Station

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြား နောင်ချို၊ လားရှိုးနှင့် မူဆယ်မြို့တွင် ဆန္ဒမဲပေးသူနည်း

0
သျှမ်းပြည် နောင်ချိုမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့များတွင် စစ်ရေးပဋိပက္ခကြား လုံခြုံရေး စိုးရိမ်မှုကြောင့် ဆန္ဒမဲပေးသူ နည်းပါးကြောင်း ဒေသခံပြောပြချက်အရ သိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ နောင်ချိုမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့ (၃)...

အတုအယောင် ရွေးကောက်ပွဲ တစ်ပတ်အလို လားရှိုးမြို့ပေါ် မိုင်းပေါက်ကွဲ၊ ပြည်သူထိတ်လန့်

0
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ အချို့တွင် လက်လုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့် ပြည်သူထိတ်လန့်ခဲ့ကြောင်း စုံစမ်းသိရသည်။ လာမည့် (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ...
Hsipaw Bridge Closed

သီပေါတံတား တစ်လကျော်ပိတ်ထားသော်လည်း စစ်တပ်လာဘ်ယူပြီး ကုန်ကားအချို့ ညအချိန် ဖြတ်သန်းခွင့်ပြု

0
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့် MNDAA တို့ တစ်လကျော်ကြာ ပိတ်ဆို့ထားသော်လည်း ကုန်ကားအချို့ထံ လာဘ်ငွေတောင်းယူပြီး ညအချိန် ဖြတ်သန်းခွင့်ပြုနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့နှင့် လားရှိုးမြို့ကို ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် MNDAA တို့ စစ်ရေးတင်းမာမှုကြောင့်...

လားရှိုး-မိုင်းရယ်ကြား ဈေးဆိုင်များကို ၂၀၂၆ အတွက် အခွန်ကောက်ရန် MNDAA မြေလာတိုင်း

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်များထံ ၂၀၂၆ ခုနှစ်အတွက် အခွန်ကောက်ခံရန် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မြေနေရာအကျယ်အဝန်း တိုင်းတာခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ပထမပတ်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက် နမ့်ပေါင်၊ ဟိုယ ကျေးရွာအုပ်စုများရှိ ဈေးဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများထံ ၂၀၂၆...