နမ္မတူကျေးလက်ဒေခံ ၁၂ ဉီးအား RCSS ဖမ်းဆီးထားသည်ဟု စွပ်စွဲပြီး ပြန်လွှတ်ပေးဖို့ တအာင်း ၃၀၀ ဆန္ဒပြတောင်းဆို

ဖေဖေါ်ဝါရီ လနှောင်းပိုင်းက နမ္မတူမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားစဉ်က မန်လီ ရွာသား ၁၂ ဉီးအား RCSS/SSA မှ ဖမ်းသွား သည်ဟု စွပ်စွဲပြောဆိုကာအမြန်ဆုံးပြန်လွှတ်ပေးဖို့ တအာင်းလူထု ရာဂဏန်းက  လားရှိုးမြို့ တွင် ယနေ့ စုစည်းပြီး မြို့တွင်း စီတန်းလမ်းလျှောက်ဆန္ဒထုတ်ဖော် တောင်းဆိုကြသည်။

Photo by HsH/ဖမ်းဆီးထားသည့်လူများအားပြန်လွှတ်ပေးရန် လားရှိုးမြို့တွင် ယနေ့တအာင်းလူထု စုပေါင်းဆန္ဒပြကြစဉ်

၂၀၁၉ မတ်လ ၁၇ ရက်မနက်ပိုင်းက လားရှိုး၊ နမ့်တူ ၊ နမ့်ခမ်း မြို့နယ်က တအာင်းလူထု ၃၀၀ ခန့်က လားရှိုးမြို့ နန်းဟေ၀န်ပန်းခြံတွင် စုစည်းပြီး လားရှိုးကြီး ပြည်ထောင်စု အားကစားကွင်းအထိ စီတန်းလှည့်လည်ကာ နမ့်တူဒေသခံ ၁၂ ဉီးအားအမြန်ဆုံးပြန်လွှတ်ပေးဖို့ RCSS/SSA အား ဆန္ဒပြ တောင်းဆိုခြင်းဖြစ်သည်။

Photo by HsH/ဖမ်းဆီးထားသည့်လူများအားပြန်လွှတ်ပေးရန် လားရှိုးမြို့တွင် ယနေ့တအာင်းလူထု စုပေါင်းဆန္ဒပြကြစဉ်

“ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကနေ မတ်လ ၃ ရက်နေ့အထိ နမ့်တူမြို့နယ်ထဲမှာ TNLA နဲ့ RCSS/SSA တို့အကြား တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွါးတယ်။ ဒေသခံလူထု တွေပျောက်ဆုံးတယ်။ တအာင်းရွာသား တွေဖြစ်ကြတယ်။ မန်လီရွာက ၁၂ ယောက်ပျောက်နေတယ်။ RCSS/SSA ဘဲဖမ်းသွားတာလို့ယုံကြည် တယ်။ ဒါကြောင့်လူသားချင်းစာနာထောက်ထားတဲ့စိတ်နဲ့ ရွာသားတွေကိုပြန်လွှတ်ပေးဖို့ ကျနော်တို့ လာပြီးတောင်းဆိုနေတာဖြစ်တယ် ”- ဟု ဆန္ဒပြသူ တအာင်းဒေသခံတဦးက သျှမ်းသံတော်ဆင့်အား ပြောသည်။

ဆန္ဒပြပွဲတွင် -RCSS မှဖမ်းဆီးထားသော မန်လီရွာသား ၁၂ ဦးအပါအဝင် နမ္မတူဒေသခံများ အားလုံး ကိုခြွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးရန်၊ ရိုးသားစွာလုပ်ကိုင်စားသောက်နေသည့် တိုင်းရင်းသား လူမျိုး အချင်းချင်း လူသားချင်းစာနာထောက်ထားရန်၊ ရွာသားများကိုဖမ်းဆီးထားသည့် NCA လက်မှတ်ထိုး ထား သော RCSS က စာချုပ်ပါအချက်အလက်များကိုလိုက်နာရန်၊ လက်နက်ကိုင်အဖွဲ့အစည်းများမှ တိုင်းရင်း သားပြည်သူလူထုအပေါ်လူ့အခွင့်အရေးချိုးဖောက်နေမှုများအားရပ်တန့်ရန်၊ RCSS မှရွာသားများ ကို ဖမ်းဆီး ထားကြောင်းသတ္တိရှိရှိဝန်ခံရန် -အစရှိ ဆိုင်းဘုတ်ကိုင်ဆောင်ပြီး စီတန်းလမ်း လျှောက်ကြ သည်။

Photo by HsH/ဖမ်းဆီးထားသည့်လူများအားပြန်လွှတ်ပေးရန် လားရှိုးမြို့တွင် ယနေ့တအာင်းလူထု စုပေါင်းဆန္ဒပြကြစဉ်

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေကောင်စီ RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းငင်းက – “တကယ်တော့ RCSS/SSA အနေနဲ့ဒေသခံလူထုကိုဖမ်းဆီးဖို့ဆိုတာ ပေါ်လစီမရှိပါဘူး။ ဒီကိစ္စမှာလည်း RCSS ဘက်က တကယ်ဖမ်းတာလားမဖမ်းရဘူးလား ဆိုတာကိုလည်း စစ်ဆေးနေတုန်း ဘာမှ အသေ အချာအသေးစိပ်ကျနော်တို့မသိရသေးဘဲနဲ့ အခုလို လူထုအင်အား လူမှုအခြေပြုအဖွဲ့ရဲ့ အင်အား နဲ့ ဆန္ဒပြတာကိုတော့မဖြစ်သင့်ဘူး။ ကျနော်တို့က သျှမ်းပြည်ထဲမှာနေတဲ့သူချင်းမို့  ငြိမ်းချမ်းသော နည်း လမ်းနဲ့ နားလည်အောင် ဦးစွာဆွေးနွေး သင့်တယ်လို့ကျနော်ပြောချင်ပါတယ်။ အခုလိုသူ့လူပျောက် ရင်ကိုယ့်ကိုညှိုး၊ ကိုယ့်လူပျောက်ရင် သူ့ကိုညှိုးနေမယ်ဆိုရင်တော့ပြသနာက ငြိမ်းအေးနိုင်မှာ မဟုတ်ပါဘူး။” – ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။

Photo by HsH/ဖမ်းဆီးထားသည့်လူများအားပြန်လွှတ်ပေးရန် လားရှိုးမြို့တွင် ယနေ့တအာင်းလူထု စုပေါင်းဆန္ဒပြကြစဉ်

သျှမ်းပြည်မြောက်ပိုင်းတွင် – ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KIA က ကြံခင်းလုပ်သား ၄၇ ဉီးအားဖမ်းဆီးထားခြင်း၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မေတာ် TNLA က နမ့်ခမ်းမြို့နယ် ခိုလုံလီဆော ၈ ဉီးအားဖမ်းဆီးထားခြင်း၊ ယခု မန်လီဒေသခံ ၁၂ ဉီးအား RCSS ဖမ်းဆီးခြင်း – စသည့် စစ်ဘေးစစ်ဒဏ်သင့် သတင်းများအား သျှမ်းပြည်မြောက်ပိုင်းဒေသခံများ ဆက်တိုက်ခံစားလာနေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

မြန်မာ အာဏာသိမ်း သမ္မတ ထိုင်းလွှတ်တော်သို့ ရောက်ရှိစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦး အော်ဟစ် ဆန္ဒပြ

0
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ ဩဂုတ်လ ၇ ရက် (သောကြာနေ့) က ထိုင်းလွှတ်တော်သို့ ရောက်ရှိလာစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦးက "ငြိမ်းချမ်းရေးအတွက်၊ လူသားချင်းစာနာမှုအတွက်" (For peace, for humanity) ဟု ကျယ်လောင်စွာ ကြွေးကြော်၍ ပြင်းပြင်းထန်ထန်...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...