လားရှိုး
လားရှိုးဆေးရုံတွင်ကိုဗစ်အတည်ပြုအမျိုးသမီးတဦး သေဆုံး
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ အတည်ပြု လူနာ တစ်ဦး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာလ ၁၀ ရက် ယနေ့မနက်အစောပိုင်းက သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ သီပေါမြို့နယ် ဆွန်လုံကျေးရွာအုပ်စု တာပုလဲ (တာ့ဖာလိုင်း)ကျေးရွာနေ အသက် (၃၈) နှစ်အရွယ်ရှိ အမျိုးသမီး တစ်ဦးဖြစ်ပြီး ကိုဗစ်ပိုးအတည်ပြုထားသည့် ခရီးသွားရာဇဝင်မရှိသူတဦးဖြစ်သည်။ သို့သော် ၄င်းသည်...
လားရှိုးတွင် ကိုဗစ်-၁၉ လူနာသစ် ၅ဦး၊သီပေါတွင် တဦး တိုး
SHAN -
သျှမ်းပြည်မြောက်ပိုင်းလားရှိုးတွင် ကိုဗစ်-၁၉ လူနာ ၅ဦး နှင့် သီပေါတွင် ၁ဦးတိုးကြောင်း စုံစမ်းသိရသည်။ အဆိုပါ ကိုဗစ်-၁၉ လူနာသည် ယမန်နေ့ (နိုဝင်ဘာ ၁၇)ရက် ဓာတ်ခွဲခန်းစစ်ဆေးမှုများတွင်တွေ့ရှိခဲ့သည့် အတည်ပြုလူနာ (၁၅၆၉ )ဦးထဲမှ လူနာများဖြစ်ကြောင်း ယနေ့ (နိုဝင်ဘာ ၁၈)ရက် ညနေ ၄နာရီခွဲတွင် ကျန်းမာရေးနှင့်...
လားရှိုး ကိုဗစ်-၁၉ လူနာ ပထမအကြိမ် Negative ဖြစ်လာ
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် ကိုဗစ်-၁၉ လူနာ အမှတ် ၁၄ ၏ ဆေးစစ်ချက် ပထမအကြိမ် မှာ Negative ဖြစ်ကြောင်း သိရသည်။ အဆိုပါ လူနာ အမှတ် ( ၁၄) သည် ထိုင်းနိုင်ငံ မှ ကျောက်မဲမြို့သို့ ပြန်လည်ရောက်ရှိလာပြီး...
တရုတ်ပြည်မှ ပြန်လာသူတဦး လားရှိုးဆေးရုံတွင်သေဆုံး
မြန်မာ- တရုတ်နယ်စပ် မူဆယ်မြို့မှ လာသည့် မှန်လုံကားပေါ်တွင် လူနာတဦး နေမကောင်းဖြစ်ပွါးရာ လားရှိုးဆေးရုံတွင် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ မတ်လ ၅ ရက် ယမန်နေ့ ည ၈ နာရီခွဲက မူဆယ်မြို့ မှ လာသည့် မှန်လုံကားတစီးတွင် ပါလာသည့် ခရီးသည်တဦးနေမကောင်းဖြစ်ရာ လူမှုကူညီရေး အသင်း...
လားရှိုးတွင် ခိုရိုနာ ဗိုင်းရပ်စ် သံသယ ရှိသူ ၁ဦး ဆေးကုသခံနေ
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ပြည်သူ့ဆေးရုံတွင် Novel Corona Virus (နိုဗယ်လ် ခိုရိုနာ ဗိုင်းရပ်စ်) ကူးစက်မြန် အဆုတ်ရောင် ရောဂါ သံသယ ရှိသူ တဦး ဆေးကုသခံနေကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ လောက်ကိုင်မြို့ နယ်တွင် နေထိုင်သည့် အသက် (၁၇)အရွယ် အမျိုးသမီးသည် တရုတ်နိုင်ငံသို့...
လက်နက်ကြီးကျည်မှ ကျည်စထိမှန်သေဆုံးသည့် ရွာသားအတွက် တရားမျှတမှုရှိစေရေး တာဝန်ယူဆောင်ရွက်ပေးရန် SHRF တောင်းဆို
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း ရွာသားတဦး လက်နက်ကြီးထိမှန်သေဆုံးမှုသည် အစိုးရ တပ်မတော် ခလရ ၆၈ မှပစ်လွှတ်သော လက်နက်ကြီးဖြစ်သဖြင့် သေဆုံးသူ၏ကျန်ရစ်သူမိသားစုများအတွက် တရားမျှတမှုဖြစ်စေရေးတာဝန်ယူဆောင်ရွက်ပေးသင့်ကြောင်း သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က ပြောဆိုလိုက်သည်။ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့်အစိုးရတပ်မတော်တို့ကြားတိုက်ပွဲကြောင့် သြဂုတ်လ ၁၇ ရက်နေ့က အစိုးရတပ်မတော် ခလရ...
လားရှိုး ကုန်းဆာကျေးရွာအတွင်း လက်နက်ကြီးကျ အမျိုးသားတဦးသေ
သျှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့နယ် ကုန်းဆာ ကျေးရွာ အုပ်စု ကုန်းဆာရွာ အတွင်း လက်နက်ကြီးကျရာ ဒေသခံ အမျိုးသား တဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ကြောင်း သတင်းရရှိခဲ့သည်။ သြဂုတ်လ ၁၈ ရက် ယမန်နေ့ ည ၈ နာရီ ဝန်းကျင်က ကုန်းဆာကျေးရွာအတွင်း လက်နက်ကြီးကျမှုကြောင့် အသက် ၅၀...
ရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူ့စစ်အဖွဲ့ပူးပေါင်းပြီး ရွာသားတဦးကို လုပ်ကြံသတ်ဖြတ်
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းပိုင်အုပ်စုတွင် ရွာအုပ်ချုပ်ရေးမှူး နှင့် ဒေသအတွင်း လက်နက်ကိုင် အဖွဲ့နှင့်ပူးပေါင်းပြီး သားဖြစ်သူအား သတ်ဖြတ်သည်ဟုဆိုကာ မိခင်ဖြစ်သူက လားရှိုးမြို့မရဲစခန်းသို့လာရောက် အမှုဖွင့် တိုင်ကြားထားကြောင်းသိရသည်။ လားရှိုးမြို့အရှေ့တောင်ဘက်ရှိ မိုင်းပိုင်ကျေးရွာအုပ်စု ကောင်းဟုန်းရွာနေ စိုင်းအိုက်ထွန်း အသက် ၃၄ နှစ်အား ဒေသတွင်းပြည်သူ့စစ်များနှင့်အာဏာပိုင်များက ဇန်နဝါရီလနှောင်းပိုင်းက ဖမ်း ချုပ်ရိုက်နှက်ရာ...
နမ္မတူကျေးလက်ဒေခံ ၁၂ ဉီးအား RCSS ဖမ်းဆီးထားသည်ဟု စွပ်စွဲပြီး ပြန်လွှတ်ပေးဖို့ တအာင်း ၃၀၀ ဆန္ဒပြတောင်းဆို
ဖေဖေါ်ဝါရီ လနှောင်းပိုင်းက နမ္မတူမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားစဉ်က မန်လီ ရွာသား ၁၂ ဉီးအား RCSS/SSA မှ ဖမ်းသွား သည်ဟု စွပ်စွဲပြောဆိုကာအမြန်ဆုံးပြန်လွှတ်ပေးဖို့ တအာင်းလူထု ရာဂဏန်းက လားရှိုးမြို့ တွင် ယနေ့ စုစည်းပြီး မြို့တွင်း စီတန်းလမ်းလျှောက်ဆန္ဒထုတ်ဖော် တောင်းဆိုကြသည်။ ၂၀၁၉ မတ်လ ၁၇...
လားရှိုးမှာရှိတဲ့လောင်းကစားဝိုင်းများအား ပိတ်ပင်ပေးပါရန်
SHAN -
သို့- သျှမ်းသံတော်ဆင့် မှတဆင့် ခရိုင်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ၊ ရဲဌာန၊ ပြည်နယ်ခွဲရဲ၊ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့်လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာလူကြီးမင်းများခင်ဗျား လားရှိုးမြို့ရပ်ကွက်(၁၂) နယ်မြေ (၅) ဟတ်ကာလမ်း တရုတ်ဇီးခြံရွာ စိုက်ပျိုးမြေ လယ်ယာမြေကွက် ထဲတွင် လွန်ခဲ့တဲ့ ၁ နှစ် ၂ နှစ်ခန့်က လောင်းကစားကို...





