Tuesday, January 27, 2026

လားရှိုး ကိုဗစ်-၁၉ လူနာ ပထမအကြိမ် Negative ဖြစ်လာ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် ကိုဗစ်-၁၉ လူနာ အမှတ် ၁၄ ၏ ဆေးစစ်ချက် ပထမအကြိမ် မှာ Negative ဖြစ်ကြောင်း သိရသည်။

Photo by ဒေသခံတဦး

အဆိုပါ လူနာ အမှတ် ( ၁၄) သည် ထိုင်းနိုင်ငံ မှ ကျောက်မဲမြို့သို့ ပြန်လည်ရောက်ရှိလာပြီး မတ် ၂၈ ရက်ည တွင် အန်ခြင်း ၊ ချောင်းဆိုးခြင်းကြောင့် ကျောက်မဲဆေးရုံသို့ ဆေးကုသမှု ခံယူခဲ့ခြင်း ဖြစ်သည်။

“ဒီမနက် ၄ နာရီ မှာ အဖြေသိရတယ်။ Negative လို့ပြောပါတယ်။ ဆေးရုံတော့ မဆင်းရသေးဘူး။ ဒီနေ့ နမူနာ ထပ်ယူရပါတယ်။ ဓါတ်ခွဲနမူနာ ပြန်ပို့လို့ အဲ့ဒီကနေ Negative ဖြစ်တယ်ဆိုလို့ရှိရင် Home Quarantine သို့မဟုတ် Hotel Quarantine ၂၁ ရက် နေရပါမယ်”ဟု လားရှိုးပြည်သူ့ဆေးရုံကြီး မှ ဒေါက်တာဉာဏ်မြင့် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

လူနာ အမှတ် ၁၄ကို ဓာတ်ခွဲခန်း နမူနာ ၂ကြိမ်စစ်ဆေးပြီး Negative ဖြစ်ပါက Quarantine ၂၁ ရက်ထပ်နေရဖြစ်ပြီး၊ ထိုကြားထဲတွင် ထူးခြားမှု တစုံတရာရှိလာပါက ပြန်စစ်ရမည်ဖြစ်ကြောင်း ဒေါက်တာဉာဏ်မြင့် ပြောသည်။

“ အဲ့ဒါပြီးမှသာ စိတ်ချ လက်ချ အပြင်မှာ နေလို့ရပါမယ်” ဟု ဒေါက်တာဉာဏ်မြင့် ကဆိုသည်။

ယခု သည် လူနာအမှတ် ၁၄ကို ဧပြီ ၂၄ရက် နေ့တွင် ထပ်မံ စစ်ဆေးရာမှာ ပထမအကြိမ် Negative ဖြစ်ကြောင်း သိရသည်။

“အရင် နှစ်ခေါက် စစ်ထားတာ ရှိပါတယ်။ ၂ ခေါက်ကတော့ Negative မဖြစ်ဘူး။ ပိုး ရှိနေသေးတယ်လို့ အဖြေထွက်ပါတယ်။ ၂၄ ရက်နေ့ စစ်တဲ့ချိန်ကျတော့ Negative ဖြစ်ပါတယ်။ ပုံမှန် ဆိုတော့ ၂ ရက်နေပြီးရင် ပြန်စစ်ပါတယ်။ အဖြေသိတာ နည်းနည်းနောက်ကျတော့ ဒီနေ့မှ ပြန်စစ်ပါမယ်”ဟု ဒေါက်တာဉာဏ်မြင့် က ထပ်လောင်းပြောသည်။

အဆိုပါ ကျောက်မဲ လူနာ အမျိုးသားသည် အသက် ၂၄ နှစ်ရှိပြီး မတ်လ ၂၅ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ မြန်မာနိုင်ငံ တာချီလိတ်မြို့ သို့ရောက်ရှိလာကြောင်း၊ တာချီလိတ်မြို့တွင် ၂ ည တည်းခိုခဲ့ပြီးမှ မတ်လ ၂၈ ရက်နေ့မှာ မန္တလေးမြို့သို့ လေယာဉ်ဖြင့် လာကြောင်း ထိုမှ တဆင့် ကျောက်မဲ သို့ ကိုယ်ပိုင် ကားဖြင့် ပြန်သွားခြင်း ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံသည် ပိုးတွေ့ အတည်ပြု လူနာ ၁၄၆ ဦးရှိပြီး သေဆုံးသူ ၅ ဦး နှင့် ပြန်လည်ကောင်းမွန်လာသူ ၁၆ ဦး ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...
Lashio_Election_Station

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြား နောင်ချို၊ လားရှိုးနှင့် မူဆယ်မြို့တွင် ဆန္ဒမဲပေးသူနည်း

0
သျှမ်းပြည် နောင်ချိုမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့များတွင် စစ်ရေးပဋိပက္ခကြား လုံခြုံရေး စိုးရိမ်မှုကြောင့် ဆန္ဒမဲပေးသူ နည်းပါးကြောင်း ဒေသခံပြောပြချက်အရ သိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ နောင်ချိုမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့ (၃)...

အတုအယောင် ရွေးကောက်ပွဲ တစ်ပတ်အလို လားရှိုးမြို့ပေါ် မိုင်းပေါက်ကွဲ၊ ပြည်သူထိတ်လန့်

0
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ အချို့တွင် လက်လုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့် ပြည်သူထိတ်လန့်ခဲ့ကြောင်း စုံစမ်းသိရသည်။ လာမည့် (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ...
Hsipaw Bridge Closed

သီပေါတံတား တစ်လကျော်ပိတ်ထားသော်လည်း စစ်တပ်လာဘ်ယူပြီး ကုန်ကားအချို့ ညအချိန် ဖြတ်သန်းခွင့်ပြု

0
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့် MNDAA တို့ တစ်လကျော်ကြာ ပိတ်ဆို့ထားသော်လည်း ကုန်ကားအချို့ထံ လာဘ်ငွေတောင်းယူပြီး ညအချိန် ဖြတ်သန်းခွင့်ပြုနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့နှင့် လားရှိုးမြို့ကို ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် MNDAA တို့ စစ်ရေးတင်းမာမှုကြောင့်...

လားရှိုး-မိုင်းရယ်ကြား ဈေးဆိုင်များကို ၂၀၂၆ အတွက် အခွန်ကောက်ရန် MNDAA မြေလာတိုင်း

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်များထံ ၂၀၂၆ ခုနှစ်အတွက် အခွန်ကောက်ခံရန် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မြေနေရာအကျယ်အဝန်း တိုင်းတာခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ပထမပတ်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက် နမ့်ပေါင်၊ ဟိုယ ကျေးရွာအုပ်စုများရှိ ဈေးဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများထံ ၂၀၂၆...