လားရှိုး ကိုဗစ်-၁၉ လူနာ ပထမအကြိမ် Negative ဖြစ်လာ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် ကိုဗစ်-၁၉ လူနာ အမှတ် ၁၄ ၏ ဆေးစစ်ချက် ပထမအကြိမ် မှာ Negative ဖြစ်ကြောင်း သိရသည်။

Photo by ဒေသခံတဦး

အဆိုပါ လူနာ အမှတ် ( ၁၄) သည် ထိုင်းနိုင်ငံ မှ ကျောက်မဲမြို့သို့ ပြန်လည်ရောက်ရှိလာပြီး မတ် ၂၈ ရက်ည တွင် အန်ခြင်း ၊ ချောင်းဆိုးခြင်းကြောင့် ကျောက်မဲဆေးရုံသို့ ဆေးကုသမှု ခံယူခဲ့ခြင်း ဖြစ်သည်။

“ဒီမနက် ၄ နာရီ မှာ အဖြေသိရတယ်။ Negative လို့ပြောပါတယ်။ ဆေးရုံတော့ မဆင်းရသေးဘူး။ ဒီနေ့ နမူနာ ထပ်ယူရပါတယ်။ ဓါတ်ခွဲနမူနာ ပြန်ပို့လို့ အဲ့ဒီကနေ Negative ဖြစ်တယ်ဆိုလို့ရှိရင် Home Quarantine သို့မဟုတ် Hotel Quarantine ၂၁ ရက် နေရပါမယ်”ဟု လားရှိုးပြည်သူ့ဆေးရုံကြီး မှ ဒေါက်တာဉာဏ်မြင့် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

လူနာ အမှတ် ၁၄ကို ဓာတ်ခွဲခန်း နမူနာ ၂ကြိမ်စစ်ဆေးပြီး Negative ဖြစ်ပါက Quarantine ၂၁ ရက်ထပ်နေရဖြစ်ပြီး၊ ထိုကြားထဲတွင် ထူးခြားမှု တစုံတရာရှိလာပါက ပြန်စစ်ရမည်ဖြစ်ကြောင်း ဒေါက်တာဉာဏ်မြင့် ပြောသည်။

“ အဲ့ဒါပြီးမှသာ စိတ်ချ လက်ချ အပြင်မှာ နေလို့ရပါမယ်” ဟု ဒေါက်တာဉာဏ်မြင့် ကဆိုသည်။

ယခု သည် လူနာအမှတ် ၁၄ကို ဧပြီ ၂၄ရက် နေ့တွင် ထပ်မံ စစ်ဆေးရာမှာ ပထမအကြိမ် Negative ဖြစ်ကြောင်း သိရသည်။

“အရင် နှစ်ခေါက် စစ်ထားတာ ရှိပါတယ်။ ၂ ခေါက်ကတော့ Negative မဖြစ်ဘူး။ ပိုး ရှိနေသေးတယ်လို့ အဖြေထွက်ပါတယ်။ ၂၄ ရက်နေ့ စစ်တဲ့ချိန်ကျတော့ Negative ဖြစ်ပါတယ်။ ပုံမှန် ဆိုတော့ ၂ ရက်နေပြီးရင် ပြန်စစ်ပါတယ်။ အဖြေသိတာ နည်းနည်းနောက်ကျတော့ ဒီနေ့မှ ပြန်စစ်ပါမယ်”ဟု ဒေါက်တာဉာဏ်မြင့် က ထပ်လောင်းပြောသည်။

အဆိုပါ ကျောက်မဲ လူနာ အမျိုးသားသည် အသက် ၂၄ နှစ်ရှိပြီး မတ်လ ၂၅ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ မြန်မာနိုင်ငံ တာချီလိတ်မြို့ သို့ရောက်ရှိလာကြောင်း၊ တာချီလိတ်မြို့တွင် ၂ ည တည်းခိုခဲ့ပြီးမှ မတ်လ ၂၈ ရက်နေ့မှာ မန္တလေးမြို့သို့ လေယာဉ်ဖြင့် လာကြောင်း ထိုမှ တဆင့် ကျောက်မဲ သို့ ကိုယ်ပိုင် ကားဖြင့် ပြန်သွားခြင်း ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံသည် ပိုးတွေ့ အတည်ပြု လူနာ ၁၄၆ ဦးရှိပြီး သေဆုံးသူ ၅ ဦး နှင့် ပြန်လည်ကောင်းမွန်လာသူ ၁၆ ဦး ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့ “ခိုင်”သစ်သီးပွဲရုံ မီးလောင်

0
သျှမ်းပြည် လားရှိုးမြို့အဝင် လွယ်လွမ့်ကျေးရွာရှိ “ခိုင်”သစ်သီးပွဲရုံ မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များပြားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၇ ရက်) နေ့လယ် ၁ နာရီခန့်မှ စတင်ပြီး လားရှိုးမြို့အဝင်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် လွယ်လွမ့်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် “ခိုင်” သစ်သီးပွဲရုံရှိ ဂိုထောင်တစ်ခု...

လားရှိုးမှ သယ်ဆောင်လာသည့် ကျပ် ၉ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှ စီးဆင်းလာသည့် ခန့်မှန်းခြေ ကျပ် ၉ ဒသမ ၈၅ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများကို သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ဧပြီလ ၁၂ ရက်မှ ဧပြီလ ၃၀ ရက်အတွင်း ဘိန်းဖြူ ၇၇ ကီလိုဂရမ်နှင့် စိတ်ကြွဆေးပြား...

လားရှိုးတွင် မူးယစ်ဆေးဝါးအကြောင်းပြပြီး MNDAA ဖမ်းဆီးသွားသည့်လူငယ်(၇၀)ကျော် ပြန်မလွတ်သေး

0
သျှမ်းပြည် လားရှိုးမြို့နယ် အီနိုင်းကျေးရွာအုပ်စုတွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မူးယစ်ဆေးဝါးအကြောင်းပြကာ လူငယ်အမျိုးသား (၇၀) ယောက်ကျော်ကို ဖမ်းဆီးသွားခဲ့ပြီးနောက် သုံးပတ်ကျော် ကြာသည်အထိ ပြန်မလွတ်ပေးသေးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA သွားလာလှုပ်ရှားနေသည့် ၁၂ မိုင်၊ ၁၃ မိုင်၊ အီနိုင်းနှင့် မန်တောင်းကျေးရွာများတွင်...

လားရှိုးမြို့ပေါ် ကားသမားတစ်ဉီး သေနတ်ဖြင့် ပစ်ခတ်ခံရ

0
သျှမ်းပြည် လားရှိုးမြို့ပေါ်တွင် ကားသမား အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၂ ရက်) မနက်ပိုင်း လားရှိုးမြို့ ရပ်ကွက် (၃) တွင် ကားသမား အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း လားရှိုးမြို့ ဒေသခံအမျိုးသားတစ်ဦးက...

လောက်ကိုင်တွင် MNDAA နှင့် TNLA တွေ့ဆုံဆွေးနွေး၊ နေရာအချို့ ထပ်မံတပ်ဆုတ်ခိုင်းဟုဆို

0
သျှမ်းပြည် လောက်ကိုင်မြို့တွင် MNDAA နှင့် TNLA နှစ်ဘက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးနေစဉ် လားရှိုးမြို့အနီးရှိ TNLA တပ်စခန်းအချို့ကို ထပ်မံတပ်ဆုတ်ပေးရန် MNDAA ဘက်မှ တောင်းဆိုထားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၇ ရက်) နံနက်ပိုင်းမှ စတင်ပြီး လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့်...