လားရှိုး-တန့်ယန်းအသွားလမ်း အိမ်ခြံမြေ ၁၀ လုံးကို ခလရ ၄၁ ဖြိုဖျက်သိမ်းယူ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်းရှိ လားရှိုး-တန့်ယန်းလမ်းခွဲရှိ ကျေးလက်အိမ်ခြံ ၁၀ အိမ်အား တပ်ပိုင်မြေအဖြစ် လားရှိုးအခြေစိုက် ခလရ ၄၁ မှ သိမ်းယူလိုက်ကြောင်း ကြားသိရသည်။

Photo credit to Owner -ဘက်ဟိုးကားကြီးဖြင့် ရွာသားများနေအိမ်အား စစ်တပ်မှ ထိုးကော်ဖျက်ဆီးရှင်းလင်းနေစဉ်

၂၀၂၁ ခု သြဂုတ်လ ၁၀ ရက် ယနေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်က တစ်နာရီအတွင်း အိမ်ခြံအတွင်းရှိ ပစ္စည်းများ ဖယ်ရှားပေးရန် လားရှိုး – တန့်ယန်းလမ်းခွဲရှိ လွယ်လန်းကျေးရွာ ရွာသူရွာသားများအား လားရှိုးမြို့အဝင်လမ်းတွင် အခြေစိုက်သည့် အမှတ် ၄၁ ခြေလျင်တပ်ရင်းမှ ဘက်ဟိုးကား (မြေကော်ကား) နှင့်အတူ နေအိမ်များအား လာရောက်ဖျက်ဆီးခဲ့သည်။

“(၄၁) တပ်က လာသိမ်းတာပါ၊ နွားခြံစီမံကိန်းလုပ်ဖို့ ရှိတယ်ဆိုပြီးတော့ လာပြောတယ်၊ မြေကော်ကား တွေနဲ့ ရောက်လာပြီး တစ်နာရီအတွင်း ပစ္စည်းတွေ ပြောင်းရွှေ့ သယ်ထုတ်ပေးပါ၊ မဟုတ်ရင် အကုန်ရှင်းပစ်မယ် ဆိုပြီးတော့ လာပြောတာ” ဟု အဆိုပါ လွယ်လန်းကျေးရွာ ဒေသခံ တစ်ဉီးက ပြောသည်။

အဆိုပါ ပြည်သူ့အိမ်ရာ မြေနေရာများကို စစ်ကောင်စီ အာဏာပိုင်တို့၏ နွားခြံစီမံကိန်း အတွက် သိမ်းဆည်း ခြင်း ဖြစ်ပြီး ကြိုတင် သတိပေးပြောဆို ခြင်းများလည်း မရှိကြောင်း လုံခြုံရေး အရ အမည် မဖော်လိုသော အသိမ်းခံရသည့် အိမ်ရာပိုင်ရှင်တစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Photo credit to Owner -ဘက်ဟိုးကားကြီးဖြင့် ရွာသားများနေအိမ်အား စစ်တပ်မှ ထိုးကော်ဖျက်ဆီးရှင်းလင်းနေစဉ်

“ကျနော်တို့ ဒီမြေနေရာမှာ ၁၉၉၀ ခုနှစ်ကတည်းက နေထိုင်လာတာ၊ ပြည်သူတွေ ဒုက္ခရောက်နေတဲ့ အချိန်မှာ အခုလို အတင်းပြောင်းရွှေ့တာမျိုး မလုပ်သင့်ဘူးလို့ မြင်မိပါတယ်၊ အတင်းပြောင်းရွှေ့ခိုင်းတော့ စိတ်မကောင်းဘူး၊ ဘာမှ ပြင်ဆင်ထားမှု မရှိဘူး၊ ဘယ်နေရာမှာ သွားနေရမလဲ၊ အထက်လူကြီးတွေ ဒီကိစ္စကို သိစေချင်တယ် ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ မြေနေရာများသည် လွန်ခဲ့သည့် ၁၉၉၆ ခုနှစ်မှာလည်း စစ်ကောင်စီလက်အောက် (၄၁) တပ်မှ ရာဘာ စီမံကိန်း အတွက် တစ်ခါသိမ်းယူခဲ့ဖူးကြောင်းနှင့် အဆိုပါမြေနေရာများရှိ နေအိမ်များကို ဖယ်ရှားခိုင်းတာမျိုးမလုပ်ပဲ ဆိုင်ခန်းများပြင် ဆောက်ပေးကာ နေထိုင်စေခဲ့ကြောင်းလည်း ၎င်းက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...

လားရှိုးမြို့ “ခိုင်”သစ်သီးပွဲရုံ မီးလောင်

0
သျှမ်းပြည် လားရှိုးမြို့အဝင် လွယ်လွမ့်ကျေးရွာရှိ “ခိုင်”သစ်သီးပွဲရုံ မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များပြားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၇ ရက်) နေ့လယ် ၁ နာရီခန့်မှ စတင်ပြီး လားရှိုးမြို့အဝင်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် လွယ်လွမ့်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် “ခိုင်” သစ်သီးပွဲရုံရှိ ဂိုထောင်တစ်ခု...

လားရှိုးမှ သယ်ဆောင်လာသည့် ကျပ် ၉ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှ စီးဆင်းလာသည့် ခန့်မှန်းခြေ ကျပ် ၉ ဒသမ ၈၅ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများကို သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ဧပြီလ ၁၂ ရက်မှ ဧပြီလ ၃၀ ရက်အတွင်း ဘိန်းဖြူ ၇၇ ကီလိုဂရမ်နှင့် စိတ်ကြွဆေးပြား...

လားရှိုးတွင် မူးယစ်ဆေးဝါးအကြောင်းပြပြီး MNDAA ဖမ်းဆီးသွားသည့်လူငယ်(၇၀)ကျော် ပြန်မလွတ်သေး

0
သျှမ်းပြည် လားရှိုးမြို့နယ် အီနိုင်းကျေးရွာအုပ်စုတွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မူးယစ်ဆေးဝါးအကြောင်းပြကာ လူငယ်အမျိုးသား (၇၀) ယောက်ကျော်ကို ဖမ်းဆီးသွားခဲ့ပြီးနောက် သုံးပတ်ကျော် ကြာသည်အထိ ပြန်မလွတ်ပေးသေးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA သွားလာလှုပ်ရှားနေသည့် ၁၂ မိုင်၊ ၁၃ မိုင်၊ အီနိုင်းနှင့် မန်တောင်းကျေးရွာများတွင်...