တရုတ်ပြည်မှ ပြန်လာသူတဦး လားရှိုးဆေးရုံတွင်သေဆုံး

မြန်မာ- တရုတ်နယ်စပ် မူဆယ်မြို့မှ လာသည့် မှန်လုံကားပေါ်တွင် လူနာတဦး နေမကောင်းဖြစ်ပွါးရာ လားရှိုးဆေးရုံတွင် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

 

Photo by ဒေသခံတဦး

မတ်လ ၅ ရက် ယမန်နေ့ ည ၈ နာရီခွဲက မူဆယ်မြို့ မှ လာသည့် မှန်လုံကားတစီးတွင် ပါလာသည့် ခရီးသည်တဦးနေမကောင်းဖြစ်ရာ လူမှုကူညီရေး အသင်း အကူအညီဖြင့် လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ လားရှိုးဆေးရုံ ရောက်သည့် အချိန်တွင် လူနာ သေဆုံးသွားကြောင်း ပေးသောလက် စေတနာရှင် (သွေး) နှင့် လူမှုကူညီရေး အသင်း မှ ကိုမြင့်မော် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ မူဆယ်ကနေ လာတဲ့ ကားပေါ် မှာ နေမကောင်းတဲ့သူပါလာတယ်။ လာခေါ်ပေးပါဆိုလို့ ကျနော်တို့အဖွဲ့သွားခေါ်တာ။ ဆေးရုံရောက်တော့ သူဆုံးသွားတယ်။ သွေးတွေလည်း အန်တယ်လို့ပြောတယ်” ဟု ကိုမြင့်မော် က ဆိုသည်။

အဆိုပါ သေဆုံးလူနာသည် ရခိုင်ပြည်နယ်မှဖြစ်ပြီး တရုတ်နိုင်ငံတွင် သွားရောက်အလုပ်လုပ်ရာ တလကျော်နေမကောင်းဖြစ်နေကြောင်း သိရသည်။

“ ကျနော်တို့စုံစမ်းသိရသလောက်ကတော့ သေဆုံးတဲ့သူက တရှောင်ရှောင် ချောင်းဆိုးနေတာ ကြာပြီ။ လောဆယ်တော့ တရုတ်ပြည်မှဖြစ်နေတဲ့ ခိုရိုနာ ဟုတ်၊မဟုတ် ဆရာဝန် ဆေးစစ်ချက် မရသေးဘူး” ဟု ကိုမြင့်မော်က ထပ်လောင်းပြောပြသည်။

အဆိုပါ မှန်လုံကားပေါ် ပါလာသည့် ခရီးသည်များကို သက်ဆိုင်ရာ ကျန်းမာရေး ဌာန က ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ပေးကြောင်း၊ ကားပေါ်ပါလာသည့် ခရီးသည်များအားလုံး ကျန်းမာရေးကောင်းမွန်နေပြီး ၎င်းတို့၏ နေရပ်လိပ်စာများကိုလည်းယူထားကြောင်း သိရသည်။

ထို မှန်လုံကားပေါ်လိုက်ပါလာသည့် ခရီးသည် သေဆုံးမှု နှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ လားရှိုးပြည်သူ့ဆေးရုံကို ကြိုးစား ဆက်သွယ်မေးမြန်းသော်လည်း မရခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...