မိုင်းရယ်မြို့နယ် အတွင်း TNLA ကျေးလက်လူထု စာရင်းကောက်

သျှမ်းပြည် မြောက်ပိုင်းအတွင်း တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) သည် မိုင်းရယ်မြို့နယ်အတွင်း လှုပ်ရှားရောက်ရှိလာကာ ကျေးလက်လူထု စာရင်း ပထမဆုံးအကြိမ် ကောက်ယူနေကြောင်း ဒေသခံများကပြောသည်။

TNLA

သြဂုတ်လနှောင်းပိုင်းအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သည် တန့်ယန်းမြို့၊ မိုင်းရယ်မြို့ သို့ ရောက်ရှိလှုပ်ရှားနေပြီးကျေးလက် ရွာသားများကို ခေါ်ယူကာ အိမ်ထောင်စုစာရင်းများတောင်းယူစစ်ဆေးသည်ဟုသိရသည်။ ထို့နောက် အသက် ၁၈ ပြည့်ပြီးသူများ စာရင်း အသက်မပြည့်သေးသူအပါအဝင် ကျား၊မ စာရင်းများပါမကျန်ရေးသားမှတ်ယူသွားသည်ဟု ရွာသားများက ပြောသည်။

“ပြီးခဲ့တဲ့ တစ်ပတ်လောက်က TNLA တပ်က မန်ဖိုင်ကျေးရွာအုပ်စု လွယ်တုံးခမ်းကျေးရွာ၊ နားဖျိုင်းကျေးရွာ အုပ်စု၊ မန်ပုံကျေးရွာအုပ်စုဝင် ရွာသားတွေကို မတ်ဟင်တန် (မၢၵ်ႇႁိၼ်တၢင်ႇ) ရွာမှာ အစည်း အဝေးခေါ် တယ်၊ အစပိုင်းကတော့ ကျန်းမာရေးအတွက်ပဲဟောပြောပါတယ်၊ နောက်တော့ အိမ်သားဘယ်နှစ် ယောက်ရှိလဲ၊ အသက် ၁၈ နှစ်ပြည့် ဘယ်လောက်ရှိလဲတွေပါမေးတယ်၊ စာရင်းမှတ်ယူသွားတယ်”ဟု မိုင်းရယ်မြို့နယ် ဒေသခံရွာသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

 လက်ရှိနိုင်ငံရေး ဒေသတွင်းစစ်ရေးမတည်မငြိမ်ဖြစ်နေချိန်  ကျေးလက်လူထု စာရင်းကောက်ယူနေရသည့်ကိစ္စနှင့်ပတ်သက်ပြီး   မေးမြန်းရန် TNLA တာဝန်ရှိသူများအား သျှမ်းသံတော်ဆင့်မှ ကြိုးစားဆက်သွယ်သော်လည်း ဖုန်းလက်ခံခြင်းမရှိပေ။

အဆိုပါ စာရင်းကောက်ယူမှုနှင့် ပတ်သက်ပြီး မိုင်းရယ် ဒေသခံအချို့က TNLA တပ်မှ တပ်သားသစ်လာရောက်စုဆောင်းမည်ကို စိုးရိမ်နေကြသည်။

“သျှမ်းမြောက်ပိုင်းမှာ တိုက်ပွဲဖြစ်နေလို့ စစ်ဘေးရှောင် တွေကလည်း မနည်းတော့ဘူး၊ စစ်ဘေးမရှောင်ရတဲ့ ပြည် သူ တွေကလည်း ကိုယ့်အိမ်ကိုယ့်ရွာမှာ နေပြီး ကပ်ရောဂါကို ရင်ဆိုင်နေကြ ရတာ၊ ဒီကြားထဲ အိမ်သားတစ် ဦးလောက်က စစ်မှုထမ်းရရင်တော့ အဲ့မိသားစု ဒုက္ခရောက်မှာ သေချာတယ်” ဟု နမ့်ဆန်မှ ဒေသခံတစ် ဦးကပြောသည်။

တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်သည် ၎င်းတို့ရောက်ရှိလှုပ်ရှားရာ နမ့်ဆန်၊ ကျောက်မဲ နမ့်တူ၊ လားရှိုးမြို့နယ်များတွင် တစ်အိမ်တစ်ယောက်အစည်းအဝေးခေါ်ယူက လူသစ်စုဆောင်းသည့်အစဉ်အလာများရှိခဲ့သော်လည်း မိုင်းရယ်မြို့နယ် (အထက်ဖေါ်ပြပါရွာ) အထိ   တပ်သားသစ် လာရောက်ကောက်ယူစုဆောင်းခြင်းမျိုး ယခင်က တစ်ခါမှ မရှိဖူးသေးကြောင်း ၊ ယခုမှသာ ပထမဆုံးအကြိမ် လူထုစာရင်းမေးမြန်းလာခြင်းဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...

ပန်ဆိုင်း(ကြူကုတ်)တွင် MNDAA တပ်သားသစ်ထပ်ကောက်၊ TNLA တပ်သားဟောင်းများကိုပါ စည်းရုံးနေ

0
သျှမ်းပြည် မူဆယ်မြို့နယ်ရှိ ပန်ဆိုင်း(ကြူကုတ်)မြို့ဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ တပ်သားသစ် ထပ်မံကောက်ခံနေပြီး TNLA တပ်သားဟောင်းများကိုပါ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့နှင့် မုံးကိုးမြို့ရှိ ကျေးရွာများဘက်တွင် ဧပြီလကုန်ပိုင်းမှ စတင်၍ မေလလယ်အထိ MNDAA လက်အောက်ခံ တာဝန်ရှိသူများမှ...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...