ရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူ့စစ်အဖွဲ့ပူးပေါင်းပြီး ရွာသားတဦးကို လုပ်ကြံသတ်ဖြတ်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းပိုင်အုပ်စုတွင် ရွာအုပ်ချုပ်ရေးမှူး နှင့် ဒေသအတွင်း လက်နက်ကိုင် အဖွဲ့နှင့်ပူးပေါင်းပြီး သားဖြစ်သူအား သတ်ဖြတ်သည်ဟုဆိုကာ မိခင်ဖြစ်သူက လားရှိုးမြို့မရဲစခန်းသို့လာရောက် အမှုဖွင့် တိုင်ကြားထားကြောင်းသိရသည်။


လားရှိုးမြို့အရှေ့တောင်ဘက်ရှိ မိုင်းပိုင်ကျေးရွာအုပ်စု ကောင်းဟုန်းရွာနေ စိုင်းအိုက်ထွန်း အသက် ၃၄ နှစ်အား ဒေသတွင်းပြည်သူ့စစ်များနှင့်အာဏာပိုင်များက ဇန်နဝါရီလနှောင်းပိုင်းက ဖမ်း ချုပ်ရိုက်နှက်ရာ စိုင်းအိုက် ထွန်း သေဆုံးသွားသည့်အပေါ်တရားမျှတမှုရရှိရေး စိုင်းအိုက်ထွန်း ၏ မိခင်ဖြစ်သူက မတ်လ ၁၄ ရက်နေ့က လားရှိုးမြို့နယ် ရဲစခန်းသို့အမှုဖွင့်လိုက်ကြောင်း သိရသည်။

စိုင်းထွန်း၏မိခင်ဖြစ်သူ ပါ့နန်းကောင်က – “ဟုတ်တယ် ကျမရဲ့သားက အရူး။ စိတ်မနှံ့ဘူး။ ဒါပေမယ့် သူက တခြားသူတွေကိုအနှောင့်အယှက်သွားမပေးဘူး။ သူ့ဟာသူအိမ်မှာဘဲနေနေတာ။ အဲတာကို ရပ်ရွာထဲကအကြီး အကဲတွေနဲ့လက်နက်ကိုင်ပြည်သူ့စစ်တွေက ဇန်နဝါရီလ ၂၉ ရက်နေ့က ကျမတို့အိမ်ကိုရောက်လာပြီး ကျမ သားကိုဖမ်းဆီးပြီးကြိုးနဲ့ချည်တယ်။ ပြီးရင်ရိုက်တယ်။ ရွာထဲမှာအရူးမထားနဲ့ ဆိုပြီးထမင်းလည်း ပေးမကျွေးဘူး ။ မနက်ရောက်တော့ ကျမသား သေပြီလေ။” – ဟု စိုင်းအိုက်ထွန်း၏မိခင်ဖြစ်သူ ပါ့နန်းကောင် ကပြောသည်။

သတင်းပေါက်ကြားပါက ခွင့်လွှတ်မည်မဟုတ်လည်းပြောဆိုသဖြင့် ပါ့နန်းကောင်တို့မိသားစုသည် လက်ရှိတွင် ကောင်းဟုန်းရွာတွင် မနေရဲတော့ဘဲ တခြားရွာသို့ တိမ်းရှောင်ခိုလှုံနေရကြောင်း သူမ ကပြောသည်။

“ပြည်သူ့စစ် ၃ ယောက်ပါတယ်။ သတင်းပေါက်ကြားရင်တဆွေလုံးတမျိုးလုံးရှင်းလင်းပစ်မယ်ဆိုလို့ ကျမတို့တဆွေလုံးတမျိုးလုံးက ရွာမှာမနေရဲတော့ဘူး။ ကျမ အိမ်ကိုလည်းသူတို့မီးရှို့ပစ်လိုက်တယ်။ ကျမ မှတ်ပုံတင်တွေ အိမ်ထောင်စုစာရင်းတွေဘာဆိုဘာမှမရခဲ့ဘူး။ မီးထဲအကုန်ပါသွားတာ။ ဒီလုပ်ရပ်တွေကို တရားဥပဒေနဲ့ ဖြေရှင်းသွားမယ်။ တရားမျှတမှုဖြစ်စေချင်ပါတယ်။” – ဟု ပါ့နန်းကောင် က သျှမ်းသံတော်ဆင့် အားပြောသည်။
၄င်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာကျေးလက်အာဏာပိုင်ထံ သျှမ်းသံတော်ဆင့်မှ ကြိုးစားဆက်သွယ် သော်လည်း ဆက်သွယ်၍မရခဲ့ပေ။

နစ်နာသူမိသားစုကလည်း သက်ဆိုင်ရာလူမှုအဖွဲ့အစည်းအပြင် သျှမ်းနိုင်ငံရေးပါတီတခုဖြစ်သော လားရှိုး မြို့နယ်ရှိ ကျားခေါင်းပါတီ SNLD ထံလည်းအကူအညီတောင်းထားသည်ဟုသိရသည်။

အဆိုပါ သေမှုသေခင်းဟုတ်မှန်ကြောင်း လားရှိုးခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းက -“ ဒီဖြစ်စဉ်က ခြေလွန်လက်လွန်ဖြစ်တဲ့ အပြင် မိဘပြည်သူလူထုအပေါ် အခွင့်အရေးချိုးဖောက်တယ်။ နိုင်ငံတော်ဥပဒေကိုလည်း ချိုးဖောက်တယ်။ ဒါလုံးဝမဖြစ်သင့်ဘူး။ ကျနော်တို့လည်း မိဘပြည်သူဘက်က ရပ်တည်ပြီး စောင့်ကြည့်နေပါတယ်။ တရား ဥပဒေအတိုင်းဖြစ်စေချင်ပါတယ်။ တရားမျှတစွာဆောင်ရွက်ပေးပါလို့ တိုက်တွန်းချင်ပါတယ် ” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

ရိုက်နှက်ခံရသူ စိုင်းအိုက်ထွန်းသည် မိုင်းပိုင်အုပ်စု ကောင်းဟုန်းရွာ နေ လုံးစိုင်းအောင်ဘ နှင့် ပါ့နန်းကောင် တို့၏ သားဖြစ်ပြီး မွေးချင်းညီအကိုမောင်နှမ ၃ ယောက်ရှိကြောင်း၊ ၄င်းမှာ ဒုတိယ သားဖြစ်ကြောင်း သိရပါ သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

ကျားဖြန့်သမားများကို တိုက်ဖျက် ဖမ်းဆီးသော်လည်း ဆက်လက် ကြီးထွားနေဆဲ

0
သျှမ်းပြည်အတွင်းရှိ စစ်ကော်မရှင် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံတို့သည် အွန်လိုင် ငွေလိမ်လည်မှု (ကျားဖြန့် )တိုက်ဖျက်မှုကို ပြုလုပ်သွားမည်ဟု ကြွေးကြော်နေသော်လည်း လက်ရှိအချိန်ထိ ဆက်လက် ကြီးထွား နေသေးကြောင်း စုံစမ်းသိရသည်။ ယမန့်နေ့( သြဂုတ် ၄)ရက် တွင် သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့နယ် နမ့်လစ်ကျေးရွာအုပ်စု နားရိုင်းရွာသစ် ကျေးရွာ၏...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...