လားရှိုးတွင် မူးယစ်ဆေးဝါးအကြောင်းပြပြီး MNDAA ဖမ်းဆီးသွားသည့်လူငယ်(၇၀)ကျော် ပြန်မလွတ်သေး

သျှမ်းပြည် လားရှိုးမြို့နယ် အီနိုင်းကျေးရွာအုပ်စုတွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မူးယစ်ဆေးဝါးအကြောင်းပြကာ လူငယ်အမျိုးသား (၇၀) ယောက်ကျော်ကို ဖမ်းဆီးသွားခဲ့ပြီးနောက် သုံးပတ်ကျော် ကြာသည်အထိ ပြန်မလွတ်ပေးသေးကြောင်း စုံစမ်းသိရသည်။

လားရှိုးမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA သွားလာလှုပ်ရှားနေသည့် ၁၂ မိုင်၊ ၁၃ မိုင်၊ အီနိုင်းနှင့် မန်တောင်းကျေးရွာများတွင် မူးယစ်ဆေးဝါး အကြောင်းပြကာ MNDAA ဘက်မှ လူငယ် အမျိုးသား (၇၀) ကျော်ကို ဆီးစစ်၍ သိန္နီမြို့ဘက်သို့ ဧပြီလ (၂၁) ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားခံရသူများကို သီတင်းနှစ်ပတ်ကျော်ကြာသည်အထိ MNDAA ဘက်မှ ပြန်မလွှတ်ပေးသေးဘဲ ဆွေမျိုးမိဘများမှ သွားရောက်တွေ့ဆုံခြင်း မရှိပါက ၎င်းတို့ကို တပ်သားသစ်အဖြစ် စုဆောင်းသွားမည်ဟု ကိုးကန့်တပ် တာဝန်ရှိသူများမှ ပြောဆိုလာကြောင်း လားရှိုးဒေသခံများက ပြောသည်။

“လာဖမ်းတဲ့နေ့တုန်းက သိန္နီကို တစ်ခါတည်း ခေါ်သွားတာ။ အစပိုင်းတုန်းက ဆီးစစ်ပြီးတော့ မူးယစ်ဆေးသုံးတဲ့လူကို ဖမ်းမယ်လို့ ပြောတာ၊ အဲ့တာ အကြောင်းပြပြီးတော့ လူငယ် ၇၀ ကျော်ကို ကိုးကန့်တပ်က ဖမ်းသွားတာ။ တချို့လည်း မိဘတွေက သိန္နီတက်သွားပြီး ဖမ်းခံရတဲ့ လူတွေကို သွားတွေ့တာရှိတယ်၊ ဆွေမျိုးမရှိတဲ့လူကျတော့ ကိုးကန့်စစ်သားလုပ်ဖို့ ခေါ်ထားမယ်ပြောလို့ အဲ့တာ စိတ်ပူနေကြတာ” ဟု ဖြစ်စဉ်သိရှိသူ လူငယ်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အီနိုင်းကျေးရွာသည် စစ်တပ်ပြန်လည် ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်နှင့် (၁၀) မိုင်ခန့်သာ ကွာဝေးသော်လည်း MNDAA ဘက်မှ လားရှိုး-နမ္မတူ လမ်းပိုင်းတွင် အမျိုးသားများကို အကြောင်းပြချက်မရှိဘဲ စစ်ဆေးဖမ်းဆီးနေခြင်းကြောင့် ခရီးသွားလာရန် လုံခြုံရေး ကင်းမဲ့နေကြောင်း ဒေသခံများထံမှ သိရသည်။

“ဖမ်းသွားတဲ့လူ အကုန်လုံးက လားရှိုးနယ်ထဲကပဲ၊ အဲ့နောက်ပိုင်း လူငယ်တွေက ဘယ်မှ မသွားရဲတော့ဘူး။ လားရှိုးသွားဖို့ကို ဆိုင်ကယ်နဲ့ မသွားရဲတော့ဘူး၊ လိုင်းကားနဲ့ပဲ သွားကြတော့တာ။ အရင်ကလို လွတ်လွတ်လပ်လပ် သွားလို့ မရတော့ဘူး။ လမ်းမှာလည်း သူတို့ဖမ်းချင်ရင် အကြောင်းပြချက်မရှိ ဖမ်းချင်သလို ဖမ်းနေတာ” ဟု အဆိုပါ လူငယ်အမျိုးသားက ဆက်ပြောသည်။

လားရှိုးမြို့နယ် အီနိုင်းကျေးရွာအုပ်စုရှိ လူငယ်အမျိုးသား (၇၀) ကျော်ကို မူးယစ်ဆေးဝါး အကြောင်းပြကာ သိန္နီမြို့ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းနှင့် ပတ်သက်၍ ကိုးကန့်တပ်ဖွဲ့ MNDAA တာဝန်ရှိသူများထံ မေးမြန်းနိုင်ရန် သျှမ်းသံတော်ဆင့်မှ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။

“မူးယစ်ဆေးဝါး ပြဿနာကို တကယ်ဖြေရှင်းချင်ရင် တိတိကျကျ ဆုံးဖြတ်လို့ရတဲ့ မူဝါဒမျိုး ရှိရမှာ၊ အဲ့တာကို ပြည်သူတွေ သိအောင် ပညာပေးလုပ်ရမှာလေ။ အခုက အဲ့တာကို အခွင့်ကောင်းယူပြီး သူတို့တပ်ထဲ လူသစ်စုဖို့ လက်တလုံးခြား လုပ်နေတယ်လို့ မြင်တယ်။ လူတွေကို တွေ့တဲ့နေရာ ဖမ်းတယ်၊ ဖမ်းချင်တဲ့အချိန်ဖမ်းတယ်ဆိုတာ မတရားမှုပဲ၊ ဒေသအလိုက် ဖိနှိပ်မှုတွေ ကျူးလွန်နေတာပဲ” ဟု လားရှိုးမြို့မှ အမျိုးသားတစ်ဦးက သုံးသပ်ပြောဆိုသည်။

လက်ရှိတွင် လားရှိုးနှင့် နမ္မတူမြို့အကြား တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ထိန်းချုပ်နယ်မြေထဲ ကိုးကန့်တပ်ဖွဲ့ MNDAA မှ စစ်အင်အား တိုးချဲ့နေခြင်းကြောင့် မြောက်ပိုင်းမဟာမိတ်အချင်းချင်း တိုက်ပွဲထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။

တရုတ်ဖိအားပေးမှုကြောင့် ယမန်နှစ် ၂၀၂၅ ဧပြီလတွင် လားရှိုးမြို့ပေါ်မှ MNDAA တပ်များ ဆုတ်ခွာပေးခဲ့ရသော်လည်း မြို့နှင့် ၄ မိုင် အကွာအဝေးတွင် ဆက်လက် တပ်စွဲထားပြီး ကျေးရွာအုပ်စုများတွင် ကျောင်းနေအရွယ် ကလေးနှင့် ဆရာ/ဆရာမများမှ လွဲ၍ အသက် (၁၆) နှစ်မှ စတင်ကာ လူမျိုးဘာသာမရွေး MNDAA ဘက်မှ တပ်သားသစ် စုဆောင်းနေကြောင်း လားရှိုးဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့ မြို့မဈေးအဝင်လမ်းတွင် ရပ်ထားသည့် Wave 110 အမျိုးအစား ၂၀၂၆ ခုနှစ်ထုတ် ဆိုင်ကယ်နက်ပြာရောင်...