Tuesday, January 27, 2026

လက်နက်ကြီးကျည်မှ ကျည်စထိမှန်သေဆုံးသည့် ရွာသားအတွက် တရားမျှတမှုရှိစေရေး တာဝန်ယူဆောင်ရွက်ပေးရန် SHRF တောင်းဆို

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း ရွာသားတဦး လက်နက်ကြီးထိမှန်သေဆုံးမှုသည် အစိုးရ တပ်မတော် ခလရ ၆၈ မှပစ်လွှတ်သော လက်နက်ကြီးဖြစ်သဖြင့် သေဆုံးသူ၏ကျန်ရစ်သူမိသားစုများအတွက် တရားမျှတမှုဖြစ်စေရေးတာဝန်ယူဆောင်ရွက်ပေးသင့်ကြောင်း သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က ပြောဆိုလိုက်သည်။

Photo SHAN- လက်နက်ကြီးကျည်စ ထိမှန်သေဆုံးသည့် ဦးလုံးအေး၏ကျန်ရစ်သူ ဇနီး ပါ့ကိန်နှင့် အမွှာကလေး ၂ ယောက်

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့်အစိုးရတပ်မတော်တို့ကြားတိုက်ပွဲကြောင့် သြဂုတ်လ ၁၇ ရက်နေ့က အစိုးရတပ်မတော် ခလရ ၆၈ မှ ဗိုလ်မှူးအောင်ကြီးဦးဆောင်သော အင်အား ၅၀ ခန့်သည် ရွာသားများ စစ်ရှောင်ခိုလှုံနေသော လားရှိုးမြို့နယ် ကုန်းဆာ ကျေးရွာ ဘုန်းကြီးကျောင်း အတွင်းဝင် ရောက် အခြေချ ပြီးလက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသား လုံးစိုင်းအေး ကျည်စထိမှန် သေဆုံးခဲ့ရသည်။

လုံးစိုင်းအေး၏ ကျန်ရစ်သူမိသားစုများ (ဇနီးနှင့် လူမမယ် အမွှာသားသမီး) ဆက်လက်ရပ်တည်နိုင်ရေးအတွက် တရားမျှတမှုရှိစေလိုကြောင်း သြဂုတ်လ ၂၉ ရက်နေ့က ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က ကြေငြာချက်ထုတ်ပြန်လိုက်သည်။

Photo Credit to Koong Sar Youth- သြဂုတ်လ ၁၈ ရက် ညပိုင်းက လားရှိုးမြို့နယ် ကုန်းဆာရွာအတွင်းလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ ကျည်စထိမှန်သေဆုံးသည့် ကုန်းဆာရွာသား လုံးအေး

SHRF ပြောခွင့်ရ စိုင်းဟော်ရှဲန် က – “ဒါဟာ စစ်တပ်ကနေပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် အပြစ်မဲ့ရွာသား ထိခိုက်သေဆုံးရတာဖြစ်တယ်။ သူ့ရဲ့ကျန်ရစ်တဲ့ မိသားစုဝင်တွေ ၊ လူမမယ်ကလေးတွေအတွက် တရားမျှတမှုရှိစေချင်တယ်။ အစိုးရကနေ ဒီအတွက်တာဝန်ယူဆောင်ရွက်ပေးပါ။ ရပ်ရွာလူထု ထိခိုက်ပျက်စီးအောင်လုပ်တဲ့ လက်သည်ဖြစ်တဲ့စစ်တပ်ကိုလည်း ပြစ်ဒဏ်ချပေးပါ လို့တောင်းဆိုချင်တယ် ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

လက်နက်ကြီးစ သည် ရွာစောင့်တာဝန်ကျ ရွာသားဦးလုံးအေး အသက် ၅၀ ကျော်၏ ရင်ဘတ်တွင်ထိမှန်သဖြင့် နေရာတွင်ပင်ပွဲချင်းပြီးသေဆုံးခဲ့သည်။ အစိုးရတပ်မတော်သည် ဘုန်းကြီးကျောင်းဝင်းအတွင်းနေပြီး တညလုံးပစ်ခတ်သဖြင့် သေဆုံးသူဦးလုံးအေး၏ရုပ်အလောင်းကိုလည်း ရွာစောင့်ရွာသားတချို့သွား မယူရဲကြကြောင်း၊ မနက်မိုးလင်းမှသာ လားရှိုးမှ ကူညီကယ်ဆယ်ရေးအဖွဲ့က သွားရောက်သယ်ဆောင် နိုင်ခဲ့ကြောင်း သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ကြေငြာချက်တွင်ရေးသားဖော်ပြထားသည်။

Map by SHRF

“အစိုးရတပ်က လက်နက်ကြီးတွေကို ကြိုက်တဲ့ဘက်ကို ပစ်ခတ်နေတော့ လူတွေနေအိမ်တွေထိခိုက်တယ် ၊ဒါဟာ စစ်ကျင့်ဝတ်နဲ့လည်းမညီသလို NCA မှာလည်း လူထုလုံခြုံရေးအခန်းမှာပါတဲ့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမဆို လူထုရဲ့ပိုင်ဆိုင်မှုကို ဖျက်ဆီးခြင်းမှရှောင်ရှားဖို့ ဆိုတဲ့အချက်နဲ့ ဒေသရပ်ရွာအတွင်းရှိ စာသင်ကျောင်း၊ ဆေးရုံ ဆေးခန်းတွေ လူထုကိုးကွယ်ယုံကြည်ရာ ဘုန်းကြီးကျောင်း၊ ဘုရားဝတ်ပြုကျောင်းတွေမှာ တပ်စခန်းချခြင်းမှရှောင်ရှားရန် ဆိုတဲ့အချက် ။ အဲတာတွေလည်း အစိုးရတပ်မတော်ကိုယ်တိုင် ကျူးလွန်လုပ်ဆောင်နေတယ် ” – ဟု စိုင်းဟော်ရှဲန်က ပြောသည်။

အစိုးရစစ်တပ်ပစ်ခတ်သော လက်နက်ကြီးများသည် ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၊ ၄င်း ရွာသားသေဆုံးမှုနှင့်ပတ်သက်ပြီး သတင်းမထွက်အောင်လည်း ရွာအကြီးအကဲများအားပြောကြားကြောင်း SHRF ကဆိုပါသည်။

လက်နက်ကြီးစထိမှန်သေဆုံးသော ဦးလုံးအေး အသက် ၅၂ သည် ဇနီးဒေါ်နန်းကိန် နှင့် အသက် ၁၃ နှစ်အရွယ် အမွှာသားနှင့်သမီး တို့ကျန်ရစ်ခဲ့သည်။

ကုန်းဆာရွာသည် လားရှိုးမြို့အရှေ့မြောက်ဘက်တွင်တည်ရှိပြီး ကုန်းဆာအုပ်စုအတွင်းရှိ ကျေးရွာဖြစ်ပါသည်။ အိမ်ခြေ ၉၂ ၊ လူဦးရေ ၄၂၇ ဦးရှိပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...
Lashio_Election_Station

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြား နောင်ချို၊ လားရှိုးနှင့် မူဆယ်မြို့တွင် ဆန္ဒမဲပေးသူနည်း

0
သျှမ်းပြည် နောင်ချိုမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့များတွင် စစ်ရေးပဋိပက္ခကြား လုံခြုံရေး စိုးရိမ်မှုကြောင့် ဆန္ဒမဲပေးသူ နည်းပါးကြောင်း ဒေသခံပြောပြချက်အရ သိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ နောင်ချိုမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့ (၃)...

အတုအယောင် ရွေးကောက်ပွဲ တစ်ပတ်အလို လားရှိုးမြို့ပေါ် မိုင်းပေါက်ကွဲ၊ ပြည်သူထိတ်လန့်

0
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ အချို့တွင် လက်လုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့် ပြည်သူထိတ်လန့်ခဲ့ကြောင်း စုံစမ်းသိရသည်။ လာမည့် (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ...
Hsipaw Bridge Closed

သီပေါတံတား တစ်လကျော်ပိတ်ထားသော်လည်း စစ်တပ်လာဘ်ယူပြီး ကုန်ကားအချို့ ညအချိန် ဖြတ်သန်းခွင့်ပြု

0
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့် MNDAA တို့ တစ်လကျော်ကြာ ပိတ်ဆို့ထားသော်လည်း ကုန်ကားအချို့ထံ လာဘ်ငွေတောင်းယူပြီး ညအချိန် ဖြတ်သန်းခွင့်ပြုနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့နှင့် လားရှိုးမြို့ကို ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် MNDAA တို့ စစ်ရေးတင်းမာမှုကြောင့်...

လားရှိုး-မိုင်းရယ်ကြား ဈေးဆိုင်များကို ၂၀၂၆ အတွက် အခွန်ကောက်ရန် MNDAA မြေလာတိုင်း

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်များထံ ၂၀၂၆ ခုနှစ်အတွက် အခွန်ကောက်ခံရန် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မြေနေရာအကျယ်အဝန်း တိုင်းတာခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ပထမပတ်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက် နမ့်ပေါင်၊ ဟိုယ ကျေးရွာအုပ်စုများရှိ ဈေးဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများထံ ၂၀၂၆...