လားရှိုး ကုန်းဆာကျေးရွာအတွင်း လက်နက်ကြီးကျ အမျိုးသားတဦးသေ

သျှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့နယ် ကုန်းဆာ ကျေးရွာ အုပ်စု ကုန်းဆာရွာ အတွင်း လက်နက်ကြီးကျရာ ဒေသခံ အမျိုးသား တဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ကြောင်း သတင်းရရှိခဲ့သည်။

Photo Credit to Koong Sar Youth- သြဂုတ်လ ၁၈ ရက် ညပိုင်းက လားရှိုးမြို့နယ် ကုန်းဆာရွာအတွင်းလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ ဒေသခံတဦးအား ထိမိ ပွဲချင်းပြီးသေဆုံး

သြဂုတ်လ ၁၈ ရက် ယမန်နေ့ ည ၈ နာရီ ဝန်းကျင်က ကုန်းဆာကျေးရွာအတွင်း လက်နက်ကြီးကျမှုကြောင့် အသက် ၅၀ အရွယ် ကုန်းဆာရွာသား ဦးလုံးအေး လက်နက်ကြီးကျည်ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ကျေးရွာထဲတွင် လက်နက်ကြီးကျမှုကြောင့် ကျေးရွာ ဒေသခံများ ဘုန်းကြီးကျောင်း သို့ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း လားရှိုးလူငယ် မှ စိုင်းလောဝ် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ လုံးအေး က လက်နက်ကြီး ကျသံ ကြားလို့အိမ်ထဲ ပြေး ဝင်ချိန်မှာ ပဲ လက်နက်ကြီး စ ထိမှန်သွားတာ။ ရင်ဘတ် နဲ့ဦးခေါင်းကို ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားတာပါ။ မနေ့က လက်နက်ကြီး သံကြားလို့ တရွာလုံး ထွက်ပြေးတယ်။ ဒီနေ့မနက်မှ လုံးအေး အလောင်းကို သွားသယ်ရတယ်” ဟု စိုင်းလောဝ် က ဆိုသည်။


Photo Credit to Koong Sar Youth-လက်နက်ကြီးကျသည့်နေရာနှင့် ကျည်စထိမှန်သေဆုံးနေသော ကုန်းဆာရွာသား လုံးအေး၏အလောင်း

အဆိုပါ လက်နက်ကြီး ကျမှုကြောင့် သေဆုံးသွားသည့် လုံးအေး သည် တောင်ယာ လုပ်ငန်း လုပ်ကိုင်သူ ဖြစ်ပြီး၊ လက်ရှိမှာ ၄င်း၏အမျိုးသမီး နှင့် ကလေး ၂ ဦးမှာ စစ်ပြေး ရှောင်နေရသည်။

ညနေ ၆ နာရီခန့်ကတည်းက သေနတ်သံလက်နက်ကြီးသံများကြောင့် ကုန်းဆာကျေးရွာ ဒေသခံ အမျိုးသမီးနှင့် ကလေးငယ်များ ကုန်းဆာဘုန်းကြီးကျောင်းသို့ သွားရောက်ခိုလှုံခဲ့ကြကြောင်း၊ သို့သော် အစိုးရတပ်မှ ဘုန်းကြီးကျောင်းအတွင်း ၀င်ရောက်စခန်းချ သဖြင့် ကုန်းဆာရွာစစ်ဘေးရှောင်းများမှာ ကုန်းဆာဘုန်းကြီးကျောင်းမှ ၁၀ မိုင်ခန့်ဝေးသောမိုင်းတင်ဘုန်းကြီးကျောင်းသို့ထပ်မံတိမ်းရှောင်ရကြောင်း ဒေသခံ စိုင်းအိုက်ကပြောသည်။

Photo Credit to Koong Sar Youth-ကုန်းဆာဘုန်းကြီးကျောင်းအတွင်း အစိုးရတပ်သားများအားတွေ့ရစဉ်

“မနေ့ က ညနေ ၆နာရီ မှာ လက်နက်သံတွေ စ ကြားတယ်။ ကျေးရွာက အမျိုးသမီး တွေနဲ့ ကလေးတွေကတော့ ဘုန်းကြီးကျောင်းကို သွားပြီးခိုလှုံတယ်။ ကုန်းဆာ ကျေးရွာမှာ က အမျိုးသားတွေက တော့ အိမ်စောင့်ကျန်ခဲ့တယ်။ ည ၈ နာရီမှာ လမ်းပေါ်မှာလက်နက်ကြီးကျတော့ လက်နက်ကြီးကျည်စ ထိမှန်ပြီး လုံးတင်းတို့အိမ်အဝင်တံခါးမှာဘဲ လုံးအေး ဆုံးသွားတယ်။ ပစ်ခတ်သံကတော့ တဖက်တည်းကြားရပါတယ်။ ” ဟု လားရှိုးဒေသခံ စိုင်းအိုက် က ထပ်လောင်း ဖြည့်စွက်ပြောသည်။

ထိုနည်းတူ လားရှိုးမြို့ ရပ်ကွက် ၁၂ အောင်သစ္စာတိုးချဲ့ရပ်ကွက်သစ်တွင်လည်း သြဂုတ် ၁၇ ရက် မနက် ၉ နာရီ ဝန်းကျင်က လက်နက်ကြီး ကျရောက် သဖြင့် နေအိမ် ၂ လုံး ထိမှန်ရာ ကလေးတဦးနှင့် မိခင် အမျိုးသမီး တဦး ထိမှန်ဒဏ်ရာရရှိရာ လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူနေရကြောင်းသိရသည်။

ထို့ပြင် လားရှိုးမြို့နယ် ကုန်းစုံကျေးရွာ တွင်လည်း နေ့လည် ၁၂ နာရီဝန်းကျင် တွင် နေအိမ်တလုံး လက်နက်ကြီး ထိမှန်ကာ ကျေးရွာဒေသခံများ ထွက်ပြေးတိမ်းရှောင် ကြရသည်။

သြဂုတ် ၁၅ ရက်နေ့ မှစပြီး သျှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့် မန္တလေး တိုင်း ပြင်ဦးလွင် နည်းပညာတက္ကသိုလ် (DSTA) အပါအဝင် နေရာ ၅နေရာ ကို ညီနောင် မဟာမိတ် (၃)ဖွဲ့က စစ်ဆင်ရေး ပြုလုပ်ကာ သျှမ်းပြည်နယ် မြောက်ပိုင်း စစ်ရေး ပြင်းထန်လာခဲ့သည်။

သျှမ်းပြည်နယ် မြောက်ပိုင်း တွင် ညီနောင် မဟာမိတ် (၃ဖွဲ့) ဖြစ်သည့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကိုးကန့် တပ်မတော် ( MNDAA)၊ ရက္ခိုင် တပ်မတော် (AA) တို့နှင့် မြန်မာ့ တပ်မတော်တို့ တိုက်ပွဲကြောင့် စစ်ပြေး ရှောင် ၁၅၀၀ ဝန်းကျင် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သတင်း ရရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့ “ခိုင်”သစ်သီးပွဲရုံ မီးလောင်

0
သျှမ်းပြည် လားရှိုးမြို့အဝင် လွယ်လွမ့်ကျေးရွာရှိ “ခိုင်”သစ်သီးပွဲရုံ မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များပြားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၇ ရက်) နေ့လယ် ၁ နာရီခန့်မှ စတင်ပြီး လားရှိုးမြို့အဝင်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် လွယ်လွမ့်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် “ခိုင်” သစ်သီးပွဲရုံရှိ ဂိုထောင်တစ်ခု...

လားရှိုးမှ သယ်ဆောင်လာသည့် ကျပ် ၉ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှ စီးဆင်းလာသည့် ခန့်မှန်းခြေ ကျပ် ၉ ဒသမ ၈၅ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများကို သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ဧပြီလ ၁၂ ရက်မှ ဧပြီလ ၃၀ ရက်အတွင်း ဘိန်းဖြူ ၇၇ ကီလိုဂရမ်နှင့် စိတ်ကြွဆေးပြား...

လားရှိုးတွင် မူးယစ်ဆေးဝါးအကြောင်းပြပြီး MNDAA ဖမ်းဆီးသွားသည့်လူငယ်(၇၀)ကျော် ပြန်မလွတ်သေး

0
သျှမ်းပြည် လားရှိုးမြို့နယ် အီနိုင်းကျေးရွာအုပ်စုတွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မူးယစ်ဆေးဝါးအကြောင်းပြကာ လူငယ်အမျိုးသား (၇၀) ယောက်ကျော်ကို ဖမ်းဆီးသွားခဲ့ပြီးနောက် သုံးပတ်ကျော် ကြာသည်အထိ ပြန်မလွတ်ပေးသေးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA သွားလာလှုပ်ရှားနေသည့် ၁၂ မိုင်၊ ၁၃ မိုင်၊ အီနိုင်းနှင့် မန်တောင်းကျေးရွာများတွင်...

လားရှိုးမြို့ပေါ် ကားသမားတစ်ဉီး သေနတ်ဖြင့် ပစ်ခတ်ခံရ

0
သျှမ်းပြည် လားရှိုးမြို့ပေါ်တွင် ကားသမား အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၂ ရက်) မနက်ပိုင်း လားရှိုးမြို့ ရပ်ကွက် (၃) တွင် ကားသမား အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း လားရှိုးမြို့ ဒေသခံအမျိုးသားတစ်ဦးက...

လောက်ကိုင်တွင် MNDAA နှင့် TNLA တွေ့ဆုံဆွေးနွေး၊ နေရာအချို့ ထပ်မံတပ်ဆုတ်ခိုင်းဟုဆို

0
သျှမ်းပြည် လောက်ကိုင်မြို့တွင် MNDAA နှင့် TNLA နှစ်ဘက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးနေစဉ် လားရှိုးမြို့အနီးရှိ TNLA တပ်စခန်းအချို့ကို ထပ်မံတပ်ဆုတ်ပေးရန် MNDAA ဘက်မှ တောင်းဆိုထားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၇ ရက်) နံနက်ပိုင်းမှ စတင်ပြီး လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့်...