လားရှိုးတွင် ခိုရိုနာ ဗိုင်းရပ်စ် သံသယ ရှိသူ ၁ဦး ဆေးကုသခံနေ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ပြည်သူ့ဆေးရုံတွင် Novel Corona Virus (နိုဗယ်လ် ခိုရိုနာ ဗိုင်းရပ်စ်) ကူးစက်မြန် အဆုတ်ရောင် ရောဂါ သံသယ ရှိသူ တဦး ဆေးကုသခံနေကြောင်း သတင်းရရှိသည်။

 

Photo by ဒေသခံတဦး

ဖြစ်စဉ်မှာ လောက်ကိုင်မြို့ နယ်တွင် နေထိုင်သည့် အသက် (၁၇)အရွယ် အမျိုးသမီးသည် တရုတ်နိုင်ငံသို့ ဆေးကုသပြီး ပြန်ရောက်လာကာ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ကိုယ်အပူချိန်မြင့်တက်ခြင်း၊ ခွဲစိတ်ထားသည့် ချုပ်ရိုးမှ ပြည်များစိမ့်ထွက်ခြင်း ဖြစ်ခဲ့သည်။

ထိုခွဲစိတ်မှု နောက်တွဲ ပြဿနာကြောင့် ဖေဖော်ဝါရီ ၁၃ရက်နေ့တွင် လားရှိုးမြို့ပြည်သူ့ဆေးရုံကြီးသို့ ကုသမှု ခံယူရာ လူနာသည် တရုတ်နိုင်ငံ မှ ပြန်လာသည့်အတွက် ခိုရိုနာ ဗိုင်းရပ်စ် ရှိ၊ မရှိ သေချာအောင် သီးခြားထားပြီး ဆေးကုသပေးနေကြောင်း အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင်ရေးထားသည်။

ထို့ကြောင့် တရုတ်နိုင်ငံမှ ပြန်လာသည့် လူနာ ထံ ခိုရိုနာ ဗိုင်းရပ်စ် ရှိ၊ မရှိ ဓာတ်ခွဲ စစ်ဆေးရန်စီစဉ် ဆောင်ရွက်နေကြောင်း လည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သျှမ်ပြည် တောင်ပိုင်း စဝ်စံထွန်း ဆေးရုံတွင် ခိုရိုနာ သံသယ ရှိသူ ၁ဦး၊ မောက်မယ် မြို့နယ် ပြည်သူ့ဆေးရုံတွင် ခိုရိုနာ သံသယရှိသူ ၄ဦးရှိသည်။

ဖေဖော်ဝါရီ ၁၃ရက် ည ၈နာရီ အချိန်ထိ မြန်မာနိုင်ငံတွင် ခိုရိုနာ သံသယ ရှိ လူနာ (၁၈) ဦးရှိပြီး သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ် ကြည့်ရှု့ ကုသမှုပေးနေကြောင်း သိရသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့ မှ စတင်ဖြစ်ပွားသည် ခိုရိုနာ ဗိုင်းရပ်စ် ကူးစက်မြန် အဆုတ်ရောဂါသည် ကမ္ဘာ့ နိုင်ငံပေါင်း ၂၈ နိုင်ငံ ပြီး ကူးစက်ခံရသူ ၆၄၀၀၀ ကျော်ရှိပြီး၊ ဖေဖော်ဝါရီ လ ၁၄ရက် မနက်ပိုင်းထိ သေဆုံးသူ ၁၄၈၃ဦး ရှိလာကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့ “ခိုင်”သစ်သီးပွဲရုံ မီးလောင်

0
သျှမ်းပြည် လားရှိုးမြို့အဝင် လွယ်လွမ့်ကျေးရွာရှိ “ခိုင်”သစ်သီးပွဲရုံ မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များပြားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၇ ရက်) နေ့လယ် ၁ နာရီခန့်မှ စတင်ပြီး လားရှိုးမြို့အဝင်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် လွယ်လွမ့်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် “ခိုင်” သစ်သီးပွဲရုံရှိ ဂိုထောင်တစ်ခု...

လားရှိုးမှ သယ်ဆောင်လာသည့် ကျပ် ၉ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှ စီးဆင်းလာသည့် ခန့်မှန်းခြေ ကျပ် ၉ ဒသမ ၈၅ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများကို သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ဧပြီလ ၁၂ ရက်မှ ဧပြီလ ၃၀ ရက်အတွင်း ဘိန်းဖြူ ၇၇ ကီလိုဂရမ်နှင့် စိတ်ကြွဆေးပြား...

လားရှိုးတွင် မူးယစ်ဆေးဝါးအကြောင်းပြပြီး MNDAA ဖမ်းဆီးသွားသည့်လူငယ်(၇၀)ကျော် ပြန်မလွတ်သေး

0
သျှမ်းပြည် လားရှိုးမြို့နယ် အီနိုင်းကျေးရွာအုပ်စုတွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မူးယစ်ဆေးဝါးအကြောင်းပြကာ လူငယ်အမျိုးသား (၇၀) ယောက်ကျော်ကို ဖမ်းဆီးသွားခဲ့ပြီးနောက် သုံးပတ်ကျော် ကြာသည်အထိ ပြန်မလွတ်ပေးသေးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA သွားလာလှုပ်ရှားနေသည့် ၁၂ မိုင်၊ ၁၃ မိုင်၊ အီနိုင်းနှင့် မန်တောင်းကျေးရွာများတွင်...

လားရှိုးမြို့ပေါ် ကားသမားတစ်ဉီး သေနတ်ဖြင့် ပစ်ခတ်ခံရ

0
သျှမ်းပြည် လားရှိုးမြို့ပေါ်တွင် ကားသမား အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၂ ရက်) မနက်ပိုင်း လားရှိုးမြို့ ရပ်ကွက် (၃) တွင် ကားသမား အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း လားရှိုးမြို့ ဒေသခံအမျိုးသားတစ်ဦးက...

လောက်ကိုင်တွင် MNDAA နှင့် TNLA တွေ့ဆုံဆွေးနွေး၊ နေရာအချို့ ထပ်မံတပ်ဆုတ်ခိုင်းဟုဆို

0
သျှမ်းပြည် လောက်ကိုင်မြို့တွင် MNDAA နှင့် TNLA နှစ်ဘက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးနေစဉ် လားရှိုးမြို့အနီးရှိ TNLA တပ်စခန်းအချို့ကို ထပ်မံတပ်ဆုတ်ပေးရန် MNDAA ဘက်မှ တောင်းဆိုထားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၇ ရက်) နံနက်ပိုင်းမှ စတင်ပြီး လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့်...