Friday, April 26, 2024

လားရှိုးဆေးရုံတွင်ကိုဗစ်အတည်ပြုအမျိုးသမီးတဦး သေဆုံး

Must read

သျှမ်းပြည်မြောက်ပိုင်း လားရှိုးပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ အတည်ပြု လူနာ တစ်ဦး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

Photo Credit to တူးလီ- သီပေါက ကိုဗစ်လူနာအမျိုးသမီးအား ကူညီရေးအဖွဲ့က သယ်ဆောင်နေစဉ်

ဒီဇင်ဘာလ ၁၀ ရက် ယနေ့မနက်အစောပိုင်းက သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

သီပေါမြို့နယ် ဆွန်လုံကျေးရွာအုပ်စု တာပုလဲ (တာ့ဖာလိုင်း)ကျေးရွာနေ အသက် (၃၈) နှစ်အရွယ်ရှိ အမျိုးသမီး တစ်ဦးဖြစ်ပြီး ကိုဗစ်ပိုးအတည်ပြုထားသည့် ခရီးသွားရာဇဝင်မရှိသူတဦးဖြစ်သည်။ သို့သော် ၄င်းသည် အူအတက်ယောင်ရောဂါဖြင့် ဒီဇင်ဘာ (၂) ရက်နေ့က သီပေါဆေးရုံသို့ တက်ရောက် ဆေးကုသမှု ခံယူနေသူဖြစ်ကြောင်း သိရသည်။

“လားရှိုးပြည်သူ့ဆေးရုံမှာ ဒီမနက် (၁) နာရီ မှာ ဆုံးသွားတာ ဟုတ်ပါတယ်။” ဟု သီပေါဒေသခံ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက သျှှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ အတည်ပြု လူနာသည် လားရှိုးပြည်သူ့ဆေးရုံသို့ ဒီဇင်ဘာ ( ၆) ရက်နေ့က တက်ရောက်ကုသပြီး ဒီဇင်ဘာ (၁၀) ရက်နေ့ နံနက် (၁) နာရီမှာ သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

၄င်းနှင့်ပတ်သက်ပြီး မေးမြန်းရန် သျှမ်းသံတော်ဆင့် သတင်းဌာနမှ လားရှိုးပြည်သူ့ဆေးရုံကို အကြိမ်ကြိမ် ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါ။

ဒီဇင်ဘာ (၉ ) ရက်နေ့ အရ သျှမ်းပြည်တစ်ဝှမ်းလုံးတွင် ကိုဗစ်-၁၉ အတည်ပြု လူနာ စုစုပေါင်း ( ၆၄၁) ဦးရှိပြီး ယခုအမျိုးသမီးအပါအဝင် (၂) ဦးသေဆုံး ခဲ့ပြီးဖြစ်သည်။အတည်ပြုလူနားများအနက် ဆေးရုံဆင်းခွင့်ရသူ (၄၃၂) ဦး ရှိကြောင်း သျှမ်းပြည်နယ် အစိုးရ အဖွဲ့ထံ စုံစမ်းသိရှိရသည်။

Leave a Comments

- Advertisement -spot_img

Latest article