Friday, May 3, 2024

မိုးဗြဲမြို့

မိုးဗြဲမြို့ စစ်ဘေးရှောင် စခန်းထဲ စစ်ကောင်စီက ဝင်ရောက်စီးနင်း စစ်ရှောင် (၃) ဦး မီးရှို့သတ်ဖြတ်ခံရ

သျှမ်းပြည် တောင်ကြီးမြို့နယ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အရှေ့ဘက်ကမ်း တောင်ပေါ်တွင် တည်ရှိထားသည့် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက ဝင်ရောက် စီးနင်းခဲ့ပြီး စစ်ရှောင် (၃) ဦး မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဖယ်ခုံ PDF တပ်ရင်း (၂) က ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့က...

မိုးဗြဲမြို့ စစ်ဘေးရှောင် စခန်းများ ရေခက်ခဲမှုကြောင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွား

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့အတွင်း စစ်ဘေးရှောင် စခန်းများတွင် ရေများရှားပါးမှုကြောင့် ဝမ်းပျက်ဝမ်းလျှောများ ဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။ ယခု နွေဦးကာလအတွင်းတွင် ရာသီဥတု ပြောင်းလဲမှု နှင့် ရေများရှားပါးမှုကြောင့် ဝမ်းလျှောမှုများ ဖြစ်ပွားနေကြောင်း သိရသည်။ “ အစတော့ ရာသီဥတုကြောင့်ဖြစ်တာ ထင်နေတာ။ ဒါမှမဟုတ် ကျနော်တို့ စစ်ဘေးရှောင်တွေ...

စစ်ရေး အခြေအနေကြောင့် မိုးဗြဲ – ပီကင်းလမ်းကို ပိတ်ထားရ

သျှမ်းပြည် နှင့် ကရင်နီပြည် (ကယားပြည်) နယ်စပ် ဖြစ်သည့် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ရှိ မိုးဗြဲ - ပီကင်းလမ်းကြောင်းကို စစ်ရေး အခြေအနေများကြောင့် ပိတ်ထားရကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MOBYEPDF) က ပြောသည်။ မိုးဗြဲ - ပီကင်းကို ဆက်သွယ်ထားသည့် လမ်းပိုင်း တစ်လျောက်တွင်...

မိုးဗြဲမြို့ ကျေးရွာဘက် စစ်ကောင်စီ စစ်အင်အားဖြည့်တင်းနေ

သျှမ်းပြည် တောင်ကြီးခရိုင် မိုးဗြဲမြို့ ကျေးရွာများထဲတွင် စစ်ကောင်စီဘက်က စစ်အင်အားများ ဖြည့်တင်းနေသည့်အတွက်ကြောင့် တိုက်ပွဲအချိန်မရွေး ဖြစ်ပွားလာနိုင်ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ စစ်ကောင်စီတပ်သည် မိုးဗြဲမြို့အတွင်း တင့်ကားတစ်စီးပါ ဝင်ရောက်အင်အားဖြည့်တင်းလာသည့် အတွက်ကြောင့် ဖယ်ခုံ - မိုးဗြဲ - လွိုင်ကော်လမ်းကို သွားလာခြင်း ပြည်သူ့ကာကွယ်ရေးဘက်က ယာယီပိတ်ထားလိုက်ကြောင်း ထုတ်ပြန်ထားသည်။ “စစ်ကောင်စီဘက်က...

မိုးဗြဲမြို့ တိုက်ပွဲကြောင့် ပြည်သူများ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်နေရ

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ် နှင့် မိုးဗြဲမြို့တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတို့ တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ပြည်သူများ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၅) ရက်တွင် စစ်ကောင်စီ တပ်ဆွဲနေထိုင်ထားသည့် စက်တော်ရာ ကျေးရွာထဲကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့က ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့်...

မိုးဗြဲမြို့ စစ်ကောင်စီ နှင့် PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူနေအိမ်တွေပျက်စီး

သျှမ်းပြည် တောင်ကြီးခရိုင် မိုးဗြဲမြို့ထဲတွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူနေအိမ် ပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်း စုံစမ်း သိရှိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၂၄) ရက် ည ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ မိုးဗြဲမြို့ ညောင်ဝိုင်းရပ်ကွက်ထဲ...

မိုးဗြဲမြို့ စစ်ရှောင်ရှိသည့်နေရာကို စစ်ကောင်စီမှ လက်နက်ကြီးပစ် အမျိုးသမီး ၁ ဦးသေဆုံး၊ အမျိုးသား ၂ ဦးဒဏ်ရာရ

သျှမ်းပြည် တောင်ကြီးခရိုင် မိုးဗြဲမြို့တွင် စစ်ကောင်စီက စစ်ဘေးရှောင်ရှိသည့်နေရာကို လက်နက်ကြီး ပစ်ခတ်ခဲ့သောကြောင့် စစ်ရှောင် အမျိုးသမီး ၁ ဦး သေဆုံးပြီး၊ အမျိုးသား ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ဇန်နဝါရီ ၁၆ ရက် ည ၇ နာရီခွဲဝန်းကျင်တွင်...

မိုးဗြဲမြို့ တောထဲရောက် စစ်ရှောင်ကလေးငယ်များ ဖျားနာပြီး ဆေးကုသရန် ဆေးဝါးမလုံလောက်

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ နှင့် အလှမ်းဝေးပြီး တောထဲရောက်ရှိနေသည့် စစ်ရှောင် ကလေးငယ်များ ဖျားနာနေပြီး ကုသရန် ဆေးဝါးမလုံမလောက်ဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ သြဂုတ်လပိုင်းမှစပြီး ယခု (ဒီဇင်ဘာလ) အထိ အလှူရှင်များ မရှိသဖြင့် ဆေးဝါးဝယ်ယူရန် ငွေရေးကြေးရေး ခက်ခဲနေကြောင်း၊ နယ်စပ်ဒေသတွင် လမ်းကြောင်း ပိတ်ဆို့မှုများရှိလာသဖြင့် ဆေးဝါးမှာယူရန် အခက်ခဲရှိ...

ဖယ်ခုံမြို့နယ် တစ်လအတွင်း အရပ်သား ၆ ဦး လက်နက်ကြီးထိ၊ ၃ ဦး မြေမြှုပ်မိုင်းထိ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ၊ မိုးဗြဲမြို့တွင် စစ်ကောင်စီ၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား (၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မိုးဗြဲမြို့တွင် ကလေးငယ် (၃) ဦး မြေမြှုပ်မိုင်းနင်းမိကြောင်း သတင်းရရှိသည်။ ထို နိုဝင်ဘာလ အတွင်း မိုးဗြဲမြို့တွင် ကလေးငယ် (၃) ဦး မြေမြှုပ်မိုင်းနင်းမိကာ...

မိုးဗြဲ ပရဟိတကျောင်းနေ ကလေးငယ် ၃ ဦး မြေမြှုပ်မိုင်းနင်းမိ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ တောင်ပေါ်ဒေသရှိ ပရဟိတကျောင်းတစ်ကျောင်းတွင် နေထိုင်သည့် ကလေးငယ် ၃ ဦးသည် မြေမြှုပ်မိုင်း နင်းမိကာ ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယမန်နေ့ (နိုဝင်ဘာ ၂၇) ရက်တွင် မိုးဗြဲ ပရဟိတကျောင်းနေသည့် ကလေး (၃) ဦး တောထဲသွားစဥ် နေ့လည် ၁၂...

Latest news