Wednesday, January 28, 2026

မိုးဗြဲမြို့

မိုးဗြဲမြို့ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီမှ လက်နက်ဖြင့် တစ်ဖက်သတ် ပစ်ခတ်၊ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် စစ်ဘေးရှောင် စခန်းနေရာကို စစ်ကောင်စီမှ လက်နက်ကြီးဖြင့် တစ်ဖက်သတ် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူအချို့ ထိခိုက်ဒဏ်ရာရပြီး နေအိမ် အဆောက်အဦးများ ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန်လ ၁၄ ရက် ည ၉ နာရီကျော် အချိန်တွင် မိုးဗြဲမြို့...

NUG မှ လက်နက် လုံလောက်ထောက်ပံ့ပေးစေချင်

ဇွန်လ (၅) ရက်နေ့က စတင်ပြီးဖြစ်ပွားခဲ့တဲ့ မိုးဗြဲမြို့ပေါ်က စစ်ကောင်စီ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ တိုက်ပွဲဟာ ယနေ့အထိ ဆက်လက် ပြင်းထန်နေပါတယ်။ အဆိုပါ တိုက်ပွဲဟာ ယနေ့အထိ တိုက်ပွဲပြင်းထန်နေတဲ့အပြင် စစ်ကောင်စီကလည်း ဖယ်ခုံမြို့နယ် အင်းအနောက်ဘက်ကမ်း ခေါင်းအိကျေးရွာဘက်ကို စစ်မီးကူးသွားနေပါတယ်။ ဒါ့အပြင်...

မိုးဗြဲမြို့ မိသားစု (၃) ဦး၊ လူငယ် (၂) ဦး သတ်ဖြတ်ခံရ

သျှမ်းပြည် တောင်ကြီးခရိုင် မိုးဗြဲမြို့ စည်ကား (၂) ရပ်ကွက်ထဲတွင် နေထိုင်သည့် မိသားစု (၃) ဦး ကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဇွန် ၈ ရက်နေ့တွင်  နေရပ်ပြန်သွားသည့် မိသားစု ၃ ဦး ကို စစ်ကောင်စီက သေနတ်ပစ်...

မိုးဗြဲမြို့ တိုက်ပွဲဆက်ပြင်းထန်၊ စစ်ကောင်စီဘက်မှ (၁၀) ဦး သေဆုံး

သျှမ်းပြည် မိုးဗြဲမြို့တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့အကြား ဇွန် ၅ ရက်နေ့က တိုက်ပွဲဆက်လက် ပြင်းထန်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန်လ ၅ ရက် နံနက်အစောပိုင်းမှ ညနေပိုင်းအထိ မိုးဗြဲမြို့အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် မိုးဗြဲကာကွယ်ရေးတပ်...

မိုးဗြဲမြို့ (၄) ရက်ဆက် တိုက်ပွဲကြား ကလေးအပါအဝင် အရပ်သား (၄) ဦး သေဆုံး၊ ၁၁ ဦး ထိခိုက်ဒဏ်ရာရ

သျှမ်း - ကရင်နီ (ကယား) နယ်စပ်ဒေသရှိ မိုးဗြဲမြို့တွင် (၄) ရက်ဆက် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ကလေးအပါအဝင် အရပ်သား (၄) ဦး သေဆုံးပြီး အရပ်သား ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၇ ရက်မှ မေလ...

မိုးဗြဲမြို့အတွင်း လက်နက်ကြီးကျ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

သျှမ်းပြည် တောင်ကြီးခရိုင် မိုးဗြဲမြို့ ကုန်းသာကျေးရွာအတွင်း လက်နက်ကြီးတစ်လုံး ကျရောက်ခဲ့သည့် အတွက်ကြောင့် ဒေသခံအမျိုးသားတစ်ဦး ထိခိုက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (မေလ ၁၈) မွန်းလွဲ ၁ နာရီဝန်းကျင်တွင် လက်နက်ကြီး တစ်လုံး ပစ်ခတ်ခဲ့သည့်အတွက်ကြောင့် ကုန်းသာကျေးရွာအတွင်း ကျရောက်ခဲ့ပြီး အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ “လက်နက်ကြီးတစ်လုံးပဲကျတာပါ။...

မိုးဗြဲမြို့ စစ်ကောင်စီ တိုက်လေယာဉ်ဖြင့် တိုက်ခိုက်မှု၊ နေအိမ် အများအပြား ပျက်စီး

သျှမ်းပြည် တောင်ကြီးခရိုင် မိုးဗြဲမြို့ ညောင်ဝိုင်းရပ်ကွက်ထဲတွင် စစ်ကောင်စီက ယနေ့ (ဧပြီ ၂၆) ရက် နံနက်ပိုင်းတွင် တိုက်လေယာဥ်ဖြင့် ဝင်ရောက်တိုက်ခိုက်သဖြင့် နေအိမ်အဆောက်အဦး အများအပြား ပျက်စီးကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီ ၂၆) ရက် နံနက် ၆ နာရီ ဝန်းကျင်မှစ၍ စစ်ကောင်စီက...

အပူချိန် မြင့်တက်လာခြင်းကြောင့် စစ်ရှောင်များ ဖျားနာနေ

သျှမ်းပြည် တောင်ကြီးခရိုင် မိုးဗြဲမြို့တွင် အပူချိန်မြင့်တက်လာခြင်းကြောင့် တောတောင်အတွင်းရှိ စစ်ရှောင်များ နေမကောင်းမှုများ ဖြစ်ပွားနေကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် သတင်းပတ်မှစပြီး မိုးဗြဲဒေသတွင် အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ် မြင့်တက်လာခြင်းကြောင့် တောတောင်အတွင်းရှိ ရေဆိုးရေညစ်၊ သစ်ပင်နှင့် ခြုံကြားတွင် ခြင်များပိုမို ပေါက်ဖွားလာနေသည်။ အဆိုပါ ခြင်များပေါများလာခြင်းကြောင့်...

ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီ တိုက်လေယာဉ်ဖြင့် ပိုတိုက်ခိုက်လာ

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီသည် တိုက်လေယာဉ်ဖြင့် ပိုပြီးတိုက်ခိုက်လာကြောင်း စုံစမ်းသိရှိရသည်။ ယခု ဧပြီလအတွင်း စစ်ကောင်စီတပ်ဖွဲ့ သည် ဖယ်ခုံမြို့နယ်တွင်း စစ်အင်အားဖြည့်တင်းလာပြီး တောင်စလုံး နှင့် မြောက်စလုံးဘက်တွင် လက်နက်ကြီး အပြင် တိုက်လေယာဉ်ဖြင့် ဝင်ရောက်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။ “အခုက တိုက်လေယာဉ်တွေနဲ့ ပိုပြီးတော့ သုံးလာခဲ့တယ်။ အခုက...

မိုးဗြဲအရှေ့ဘက်ခြမ်းရှိ ကျေးရွာကို စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပစ်ခတ်၊ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် တောင်ကြီးခရိုင် မိုးဗြဲမြို့ အရှေ့ဘက်ခြမ်းရှိ ကျေးရွာအတွင်း ယနေ့ (ဧပြီလ ၇ ရက်) နံနက် ၆ နာရီ ဝန်းကျင်အချိန်က စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံ နေအိမ် နှင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း...

Latest news