မိုးဗြဲမြို့ (၄) ရက်ဆက် တိုက်ပွဲကြား ကလေးအပါအဝင် အရပ်သား (၄) ဦး သေဆုံး၊ ၁၁ ဦး ထိခိုက်ဒဏ်ရာရ

သျှမ်း – ကရင်နီ (ကယား) နယ်စပ်ဒေသရှိ မိုးဗြဲမြို့တွင် (၄) ရက်ဆက် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ကလေးအပါအဝင် အရပ်သား (၄) ဦး သေဆုံးပြီး အရပ်သား ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီမှ တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်

ပြီးခဲ့သည့် မေလ ၂၇ ရက်မှ မေလ ၃၀ ရက်အထိ မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တိုက်လေယာဉ်ကို အသုံးပြုပြီး ဗုံးကြဲချခြင်း၊ တာဝေးပစ် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။

“မိုးဗြဲ အရှေ့ဖက်ခြမ်းက တောင်ပေါ် ရွာတွေ၊ တောင်ခြေအောက်က ရွာတွေကော ဗုံးကြဲခံရတယ်။ ကျနော်တို့ မိဘပြည်သူတွေတော့ စိုးရိမ်ရတာပေါ့။ သူတို့က အနီးကပ်ဝင်ပြီး ကြဲတာလေ။ လုံခြုံရေးအတွက် အားလုံးကတော့ ကြောက်ပြီး စိုးရိမ်နေရတာပေါ့။ ပြောပြရရင် စိတ်မကောင်းစရာတွေကြီးပဲ “ ဟု မိုးဗြဲ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် မေလ ၂၇ ရက်တွင် အသက် ၃ နှစ်ခွဲအရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့ရပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် တောင်ယာသို့ သွားနေစဉ် ပြည်သူတစ်ဦးကိုပါ စစ်ကောင်စီမှ ပစ်ခတ်ခဲ့သဖြင့် တစ်ရက်ထဲ၌ ပြည်သူ ၃ ဦး သေဆုံးခဲ့ရကြောင်း MBPDF မှ မေလ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။

အလားတူ မေလ ၂၈ ရက် နံနက် ၄ နာရီခွဲတွင် မိုးဗြဲအနောက်ဖက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ၂ ကြိမ်တိုင် လာရောက် ဗုံးကြဲချခဲ့သောကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရပြီး နေအိမ် (၃) လုံး ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။

ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားပြီးနောက် မေလ ၂၉ ရက် ည ၁၀ နာရီ ဝန်းကျင်တွင် မိုးဗြဲအခြေစိုက် ခမရ (၄၂၂) တပ်ရင်းမှ မိုးဗြဲမြို့ပေါ်သို့ တာဝေးပစ် လက်နက်ကြီးဖြင့် (၂၀) ထက်မနည်း တစ်ဖက်သတ် ပစ်ခတ်ခဲ့သောကြောင့် မြို့ပေါ်ရှိ အသက် ၁၁ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံးပြီး ယမ်းစကြောင့် ပြည်သူ (၃) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

စစ်ကောင်စီသည် သျှမ်း – ကရင်နီ (ကယား) နယ်စပ်ဒေသတလျောက်ရှိ တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသအသီးသီး၌ အရပ်သားနေအိမ်၊ စစ်ဘေးရှောင်စခန်း နှင့် ဘုန်းကြီးကျောင်းဆောင်နေရာများကို PDF တပ်ဖွဲ့များ နေရာယူထားသည် ဟုဆိုသည့် ထင်မြင်ချက်ဖြင့် နေ့စဉ်နီးပါး တိုက်လေယာဉ်ဖြင့် ပျံဝဲကာ ဗုံးကြဲချနေလျက်ရှိကြောင်း သိရသည်။

ထို့အပြင် နယ်စပ်ဒေသတလျောက်ရှိ ကျေးရွာများကို PDF တပ်ဖွဲ့များ စိုးမိုးထားသည့် နယ်မြေများဆိုပြီး စွပ်စွဲချက်ဖြင့် စစ်ကောင်စီဘက်မှ တိုက်လေယာဥ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်း ဖြစ်သည်။

SHRF ထုတ်ပြန်ကြေညာချက်အရ ဖေဖော်ဝါရီ နောက်ဆုံးပတ်မှစ၍ မေလ ဒုတိယပတ်ထိ ဖယ်ခုံ၊ ပင်လောင်း၊ မိုးဗြဲမြို့တွင် အမျိုးသမီး ၂ ဦး၊ ကလေး ၁ ဦး သေဆုံးပြီး သံဃာတော် အပါအဝင် သူနာပြု နှင့် အရပ်သား စုစုပေါင်း ၁၈ ဦး ထိခိုက်ဒဏ်ရာ ရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...