Tuesday, January 27, 2026

မိုးဗြဲမြို့ (၄) ရက်ဆက် တိုက်ပွဲကြား ကလေးအပါအဝင် အရပ်သား (၄) ဦး သေဆုံး၊ ၁၁ ဦး ထိခိုက်ဒဏ်ရာရ

သျှမ်း – ကရင်နီ (ကယား) နယ်စပ်ဒေသရှိ မိုးဗြဲမြို့တွင် (၄) ရက်ဆက် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ကလေးအပါအဝင် အရပ်သား (၄) ဦး သေဆုံးပြီး အရပ်သား ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီမှ တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်

ပြီးခဲ့သည့် မေလ ၂၇ ရက်မှ မေလ ၃၀ ရက်အထိ မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တိုက်လေယာဉ်ကို အသုံးပြုပြီး ဗုံးကြဲချခြင်း၊ တာဝေးပစ် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။

“မိုးဗြဲ အရှေ့ဖက်ခြမ်းက တောင်ပေါ် ရွာတွေ၊ တောင်ခြေအောက်က ရွာတွေကော ဗုံးကြဲခံရတယ်။ ကျနော်တို့ မိဘပြည်သူတွေတော့ စိုးရိမ်ရတာပေါ့။ သူတို့က အနီးကပ်ဝင်ပြီး ကြဲတာလေ။ လုံခြုံရေးအတွက် အားလုံးကတော့ ကြောက်ပြီး စိုးရိမ်နေရတာပေါ့။ ပြောပြရရင် စိတ်မကောင်းစရာတွေကြီးပဲ “ ဟု မိုးဗြဲ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် မေလ ၂၇ ရက်တွင် အသက် ၃ နှစ်ခွဲအရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့ရပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် တောင်ယာသို့ သွားနေစဉ် ပြည်သူတစ်ဦးကိုပါ စစ်ကောင်စီမှ ပစ်ခတ်ခဲ့သဖြင့် တစ်ရက်ထဲ၌ ပြည်သူ ၃ ဦး သေဆုံးခဲ့ရကြောင်း MBPDF မှ မေလ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။

အလားတူ မေလ ၂၈ ရက် နံနက် ၄ နာရီခွဲတွင် မိုးဗြဲအနောက်ဖက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ၂ ကြိမ်တိုင် လာရောက် ဗုံးကြဲချခဲ့သောကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရပြီး နေအိမ် (၃) လုံး ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။

ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားပြီးနောက် မေလ ၂၉ ရက် ည ၁၀ နာရီ ဝန်းကျင်တွင် မိုးဗြဲအခြေစိုက် ခမရ (၄၂၂) တပ်ရင်းမှ မိုးဗြဲမြို့ပေါ်သို့ တာဝေးပစ် လက်နက်ကြီးဖြင့် (၂၀) ထက်မနည်း တစ်ဖက်သတ် ပစ်ခတ်ခဲ့သောကြောင့် မြို့ပေါ်ရှိ အသက် ၁၁ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံးပြီး ယမ်းစကြောင့် ပြည်သူ (၃) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

စစ်ကောင်စီသည် သျှမ်း – ကရင်နီ (ကယား) နယ်စပ်ဒေသတလျောက်ရှိ တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသအသီးသီး၌ အရပ်သားနေအိမ်၊ စစ်ဘေးရှောင်စခန်း နှင့် ဘုန်းကြီးကျောင်းဆောင်နေရာများကို PDF တပ်ဖွဲ့များ နေရာယူထားသည် ဟုဆိုသည့် ထင်မြင်ချက်ဖြင့် နေ့စဉ်နီးပါး တိုက်လေယာဉ်ဖြင့် ပျံဝဲကာ ဗုံးကြဲချနေလျက်ရှိကြောင်း သိရသည်။

ထို့အပြင် နယ်စပ်ဒေသတလျောက်ရှိ ကျေးရွာများကို PDF တပ်ဖွဲ့များ စိုးမိုးထားသည့် နယ်မြေများဆိုပြီး စွပ်စွဲချက်ဖြင့် စစ်ကောင်စီဘက်မှ တိုက်လေယာဥ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်း ဖြစ်သည်။

SHRF ထုတ်ပြန်ကြေညာချက်အရ ဖေဖော်ဝါရီ နောက်ဆုံးပတ်မှစ၍ မေလ ဒုတိယပတ်ထိ ဖယ်ခုံ၊ ပင်လောင်း၊ မိုးဗြဲမြို့တွင် အမျိုးသမီး ၂ ဦး၊ ကလေး ၁ ဦး သေဆုံးပြီး သံဃာတော် အပါအဝင် သူနာပြု နှင့် အရပ်သား စုစုပေါင်း ၁၈ ဦး ထိခိုက်ဒဏ်ရာ ရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...