Tuesday, January 27, 2026

မိုးဗြဲမြို့ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီမှ လက်နက်ဖြင့် တစ်ဖက်သတ် ပစ်ခတ်၊ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် စစ်ဘေးရှောင် စခန်းနေရာကို စစ်ကောင်စီမှ လက်နက်ကြီးဖြင့် တစ်ဖက်သတ် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူအချို့ ထိခိုက်ဒဏ်ရာရပြီး နေအိမ် အဆောက်အဦးများ ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။

လက်နက်ကြီးထိမှန်ပျက်ဆီး

ယမန်နေ့ ဇွန်လ ၁၄ ရက် ည ၉ နာရီကျော် အချိန်တွင် မိုးဗြဲမြို့ စစ်ရှောင်စခန်းတစ်နေရာကို စစ်ကောင်စီမှ လက်နက်ဖြင့် အကြိမ် (၁၅) ကြိမ် ထက်မနည်း တစ်ဖက်သတ် ပစ်ခတ်ခဲ့သောကြောင့် စစ်ဘေးရှောင်စခန်းရှိ ပြည်သူတချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို နေအိမ်အဆောက်အဦးများလည်း ပျက်စီးသွားခဲ့ကြောင်း မိုးဗြဲမြို့ သတင်းရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မနေ့ ည ၂ ဆင့်ကွဲတွေပါ ပစ်တယ်။ စစ်ရှောင်စခန်းဖက်ကို ပစ်တာ။ အဲ့မှာ ထိခိုက်ဒဏ်ရာ ရတဲ့သူ တချို့ရှိတယ်။ သေဆုံးမှုတော့ မရှိဘူး။ နေအိမ် အဆောက်အဦးတွေတော့ ပျက်စီးသွားတယ် “ ဟု ၎င်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လက်နက်ကြီးထိမှန်ပျက်ဆီး

အဆိုပါ စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသော်လည်း ဘယ်နှစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း အသေးစိတ်ကိုတော့ မသိရှိရသေးပေ။

ထို့အပြင် စစ်ကောင်စီသည် ယနေ့ ဇွန်လ ၁၅ ရက် နံနက်အစောပိုင်း ၂ နာရီဝန်းကျင်က မိုးဗြဲမြို့ကို တိုက်လေယာဉ်ဖြင့် လာရောက်ပျံဝဲပြီး အဆိုပါ စစ်ရှောင်စခန်းကို ဗုံးကြဲချခဲ့ကြောင်း MBPDF ရွှေလင်းယုန်တပ်ခွဲမှ ထုတ်ပြန်ထားသည်။

လက်ရှိမှာ မိုးဗြဲမြို့ဒေသတွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖို့အကြား တိုက်ပွဲပြင်းထန်နေလျက်ရှိပြီး စစ်ကောင်စီမှ နေရာအနှံ့ယူ၍ တပ်ဆွဲထားသောကြောင့် မိဘပြည်သူများအနေဖြင့် မိုးဗြဲ – ပီကင်း လမ်းကို အသုံးပြုဖို့ ပြည်သူ့ကာကွယ်ရေး PDF မှ သတိပေးထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...