မိုးဗြဲမြို့ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီမှ လက်နက်ဖြင့် တစ်ဖက်သတ် ပစ်ခတ်၊ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် စစ်ဘေးရှောင် စခန်းနေရာကို စစ်ကောင်စီမှ လက်နက်ကြီးဖြင့် တစ်ဖက်သတ် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူအချို့ ထိခိုက်ဒဏ်ရာရပြီး နေအိမ် အဆောက်အဦးများ ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။

လက်နက်ကြီးထိမှန်ပျက်ဆီး

ယမန်နေ့ ဇွန်လ ၁၄ ရက် ည ၉ နာရီကျော် အချိန်တွင် မိုးဗြဲမြို့ စစ်ရှောင်စခန်းတစ်နေရာကို စစ်ကောင်စီမှ လက်နက်ဖြင့် အကြိမ် (၁၅) ကြိမ် ထက်မနည်း တစ်ဖက်သတ် ပစ်ခတ်ခဲ့သောကြောင့် စစ်ဘေးရှောင်စခန်းရှိ ပြည်သူတချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို နေအိမ်အဆောက်အဦးများလည်း ပျက်စီးသွားခဲ့ကြောင်း မိုးဗြဲမြို့ သတင်းရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မနေ့ ည ၂ ဆင့်ကွဲတွေပါ ပစ်တယ်။ စစ်ရှောင်စခန်းဖက်ကို ပစ်တာ။ အဲ့မှာ ထိခိုက်ဒဏ်ရာ ရတဲ့သူ တချို့ရှိတယ်။ သေဆုံးမှုတော့ မရှိဘူး။ နေအိမ် အဆောက်အဦးတွေတော့ ပျက်စီးသွားတယ် “ ဟု ၎င်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လက်နက်ကြီးထိမှန်ပျက်ဆီး

အဆိုပါ စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသော်လည်း ဘယ်နှစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း အသေးစိတ်ကိုတော့ မသိရှိရသေးပေ။

ထို့အပြင် စစ်ကောင်စီသည် ယနေ့ ဇွန်လ ၁၅ ရက် နံနက်အစောပိုင်း ၂ နာရီဝန်းကျင်က မိုးဗြဲမြို့ကို တိုက်လေယာဉ်ဖြင့် လာရောက်ပျံဝဲပြီး အဆိုပါ စစ်ရှောင်စခန်းကို ဗုံးကြဲချခဲ့ကြောင်း MBPDF ရွှေလင်းယုန်တပ်ခွဲမှ ထုတ်ပြန်ထားသည်။

လက်ရှိမှာ မိုးဗြဲမြို့ဒေသတွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖို့အကြား တိုက်ပွဲပြင်းထန်နေလျက်ရှိပြီး စစ်ကောင်စီမှ နေရာအနှံ့ယူ၍ တပ်ဆွဲထားသောကြောင့် မိဘပြည်သူများအနေဖြင့် မိုးဗြဲ – ပီကင်း လမ်းကို အသုံးပြုဖို့ ပြည်သူ့ကာကွယ်ရေး PDF မှ သတိပေးထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တောင်ထီဗွာကျေးရွာအုပ်စု ရှိ စစ်ရှောင်ကော်မတီများ ဆန်ပြန်ရောင်းချနေသည့် သတင်း မဟုတ်ဟုဆို

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်၊ တောင်ထီဗွာကျေးရွာအုပ်စုရှိ စစ်ဘေးရှောင်များအတွက် ထောက်ပံ့ပေးသည့် ဆန်များကို စစ်ဘေးရှောင်ကော်မတီများမှ ပြန်ရောင်းချနေသည် သတင်းသည် မမှန်ကန်ကြောင်း စစ်ရှောင်ကော်မတီဝင်များက ပြောသည်။ တောင်ထီဗွာကျေးရွာအုပ်စုရှိ စစ်ရှောင်ကော်မတီဝင်များသည် စစ်ရှောင်များကိုထောက်ပံ့ပေးသည့် ဆန်များပြန်ရောင်းနေသည့်သတင်းကို ဇူလိုင် လဆန်ပိုင်းတွင် သတင်းများထွက်ပေါ်ခဲ့သည်။ “တောင်ထီဗွာကျေးရွာအုပ်စု” တွင် ကျေးရွာပေါင်း ၂၁ ရွာရှိပြီး စစ်ဘေးရှောင်များသည်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...