Tuesday, January 27, 2026

စစ်ရှောင်စခန်း

ရွာငံ စစ်ရှောင်စခန်းပေါ် တောင်ပြိုကျမှု တစ်နှစ်ခွဲ ကလေးအပါအဝင် စစ်ရှောင်(၁၀)ဦး နစ်မြုပ်သေဆုံး

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ကျောက်တောကျေးရွာတွင် စစ်ဘေးရှောင်စခန်းပေါ် တောင်ပြိုကျပြီး တစ်နှစ်ခွဲအရွယ် ကလေးအပါအဝင် စစ်ဘေးရှောင် (၁၀)ဦး နစ်မြုပ်သေဆုံး ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်တွင် ရွာငံမြို့နယ်ထဲ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် တောင်ကျရေနှင့်အတူ ရွှံ့နွံ၊ ကျောက်တုံး၊ သစ်တုံးများ မျှောပါလာပြီး ကျောက်တောရွာရှိ...

ကရင်နီ စစ်ရှောင်စခန်းကို စစ်ကောင်စီ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်၊ ထိခိုက်မှုရှိ

ကရင်နီပြည် စစ်ရှောင်များ နေထိုင်နေသည့် စစ်ရှောင်စခန်းကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်ခြင်းကြောင်း စစ်ရှောင်ဒဏ်ရာရရှိသူ ရှိသည်ဟု စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၁ ရက်)နေ့ ညနေပိုင်းအချိန်တွင် ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ ကျေးရွာကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ထပ်မံပြုလုပ်နေကြောင်း စစ်ရှောင် အမျိုးသားတစ်ဦးက...

ဒီးမော့ဆို စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

ကရင်နီ (ကယား) ပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း နှင့် အရှေ့ဘက်ခြမ်းဒေသရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ . ယနေ့ (သြဂုတ် ၃၁) ရက် နံနက်အစောပိုင်း ၄ နာရီမှစပြီး ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတစ်နေရာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ၄ ကြိမ်ခန့်...

မိုးဗြဲမြို့ တောထဲ ထွက်ပြေးခဲ့ရသည့်စစ်ရှောင်များ စားစရာမရှိ မြို့ပေါ်သို့ စိုးရိမ်စိတ်ဖြင့် ပြန်နေ

သျှမ်ပြည် မိုးဗြဲမြို့ စစ်ရှောင်များသည် တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင်နေစဉ် စားနပ်ရိက္ခာပြတ်လပ်မှုများ၊ နေထိုင်မှု အခက်အခဲများ ကြုံရခြင်းကြောင့် မြို့ပေါ်သို့ ပြန်ပြောင်းရွှေ့နေထိုင် ကြရကြောင်း စုံစမ်းသိရသည်။ . တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင်နေရစဉ် အချိန်ကာလ၌ စစ်ရှောင်များသည် အလှူရှင်ထံမှ ထောက်ပံ့သည့် စားနပ်ရိက္ခာများကိုသာ အားကိုးနေရပြီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားသည့် လများတွင် နယ်မြေဒေသအတွင်း...

ကရင်နီ စစ်ရှောင်စခန်း ဗုံးကြဲခံရ ကလေးအပါအဝင် ၂ ဦး သေဆုံး၊ ၄ ဦး ထိခိုက်ဒဏ်ရာရ

ကရင်နီ (ကယား) ပြည်ရှိ စစ်ဘေးရှောင်စခန်း (၂) နေရာကို စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် အပါအဝင် (၂) ဦး သေဆုံးပြီး (၄) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ( ဇူလိုင် ၁၂) ရက် မနက် ၂...

စစ်ရှောင်အိပ်မောကျချိန် စစ်ကောင်စီ လေကြောင်းဖြင့် ဗုံးကြဲ၊ ကလေးငယ် အပါအဝင် မိသားစုဝင် ၃ ဦးထိခိုက်ဒဏ်ရာရ

ကရင်နီ (ကယား) ပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် မိသားစုဝင် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ယနေ့ (ဇူလိုင် ၄) ရက် နံနက် ၂ နာရီဝန်းကျင်မှစပြီး ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်...

ဆီဆိုင် စစ်ရှောင်များနေထိုင်သည့် ကျေးရွာအတွင်း စစ်ကောင်စီ လာရောက်နေထိုင်

စစ်ရှောင်များနေထိုင်သည့် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု ရေဖြူကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ လာရောက်ပြီး တပ်စွဲနေထိုင်သဖြင့် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၂၈ ရက် ညနေပိုင်းတွင် ကရင်နီ (ကယား) ပြည်အတွင်း စစ်အင်အား ဖြည့်တင်းရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ သည် စစ်အင်အား ကား ၄...

ဖယ်ခုံမြို့နယ် စစ်ဘေးရှောင်စခန်း မိုးကာ နှင့် ဘထ္ထရီ မီး လိုအပ်နေ

သျှမ်း - ကရင်နီ (ကယား) ပြည်နယ်စပ် ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် အဆောက်အဦး အတွက် မိုးကာ နှင့် ညဖက်ပြေးလွှားရန် ဓာတ်မီးများ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ လက်ရှိ မိုးရာသီ အချိန်ကာလတွင် မကြာခဏ မိုးသည်းထန်ရွာသွန်းပြီး မိုးသီးကြွေကျခြင်း၊ လေပြင်းတိုက်ခိုက်ခြင်းကြောင့် အဆောက်အဦး၏ အမိုးအကာများ ပျက်စီးသွားခဲ့ရာ...

“သား” လေယာဥ်ပျံကို ကြောက်တယ် အမေ

ကောင်းကင်ယံက လေယာဥ်ပျံဝဲသံကို ကြားလိုက်တာနဲ့ ကလေးငယ်တွေရဲ့ သဘာဝအရ ပြေးကြည့်တာ၊ လေယာဥ်ပျံ အရုပ်ကို ဝယ်ပြီး ဆော့တာတွေ လုပ်လေ့ရှိကြပါတယ်။ ဒါပေမယ့် အခုတော့ ကလေးတွေ ဟာ လေယာဥ်သံကြားလိုက်တာနဲ့ ဆော့နေရင်း တန်းလန်းနဲ့ အိမ်ကို တန်းပြေးလာပြီး ပုန်းကွယ်ဖို့ အသည်းအသန် လိုက်ရှာနေကြပါတယ်။ “သူတို့တွေ (ကလေး) အခြားတစ်နေရာမှာ...

မိုးဗြဲမြို့ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီမှ လက်နက်ဖြင့် တစ်ဖက်သတ် ပစ်ခတ်၊ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် စစ်ဘေးရှောင် စခန်းနေရာကို စစ်ကောင်စီမှ လက်နက်ကြီးဖြင့် တစ်ဖက်သတ် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူအချို့ ထိခိုက်ဒဏ်ရာရပြီး နေအိမ် အဆောက်အဦးများ ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန်လ ၁၄ ရက် ည ၉ နာရီကျော် အချိန်တွင် မိုးဗြဲမြို့...

Latest news