စစ်ရှောင်အိပ်မောကျချိန် စစ်ကောင်စီ လေကြောင်းဖြင့် ဗုံးကြဲ၊ ကလေးငယ် အပါအဝင် မိသားစုဝင် ၃ ဦးထိခိုက်ဒဏ်ရာရ

ကရင်နီ (ကယား) ပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် မိသားစုဝင် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

လက်နက်ကြီးထိမှန်သည့် စစ်ရှောင်စခန်း

ယနေ့ (ဇူလိုင် ၄) ရက် နံနက် ၂ နာရီဝန်းကျင်မှစပြီး ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင် စခန်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့မှ လေယာဉ်ဖြင့် လာရောက်ပြီး ၄ ကြိမ်ခန့် ဗုံးကြဲချခဲ့သောကြောင့် ယာယီတဲအတွင်း အိပ်မောနေသည့် ၃ နှစ်အရွယ် ကလေးငယ် အပါအဝင် မိသားစုဝင် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“မနက် ၂ နာရီအချိန် လာကြဲတာ။ ကလေးက ၂ နှစ်ကျော် ၃ နှစ်ထဲပဲ ရှိသေးတာ။ အိပ်မောကျချိန်ဆိုတော့ ကယောင်ကတန်း ဖြစ်ကုန်တာ။ PDF ရှိတယ်ထင်ပြီး လာကြဲတယ်ထင်တာပဲ။ အမှန်က အဲ့ဖက်မှာ စစ်ရှောင်တွေပဲ ရှိတာလေ။ သူတို့ မိသားစု ၃ ယောက် ပြေးဝပ်ဖို့လုပ်တာ ပြန်ပတ်လာတော့ ဝပ်ချိန်မရလိုက်ဘူး “ ဟု ၎င်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လက်နက်ကြီးထိမှန်သည့် စစ်ရှောင်စခန်း

အဆိုပါ စစ်ကောင်စီမှ လေယာဉ်ဖြင့် လာရောက်ပြီး ဗုံးကြဲချမှုကြောင့် စစ်ဘေးရှောင်စခန်း အချို့ ပျက်စီးမှုရှိခဲ့ပြီး စာသင်ကျောင်းဆောင်လည်း ပျက်စီးခဲ့ကြောင်း သိရသည်။

လက်ရှိ ဗုံးကြဲတိုက်ခိုက်ခံရသည့် စစ်ဘေးရှောင်စခန်းရှိ စစ်ရှောင်များသည် နီးစပ်ရာဆွေးမျိုးနှင့် တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ အဲ့မှာ စစ်ရှောင်တဲက အလုံး ၅၀ လောက်ရှိတယ်။ တချို့တွေက နီးစပ်ရာ ဆွေမျိုးရှိတဲ့ ရွာတွေ ပြေးကြတယ်။ တောတောင်ထဲကို ပြေးကြတယ်။ တချို့လည်း ပြေးစရာမရှိလို့ ပြေးကိုပြေးရမှန်း မသိတဲ့သူလည်း ရှိတယ် “ ဟု ၎င်း သတင်းရင်းမြစ်တစ်ဦးက ထပ်လောင်းပြောသည်။

ထို့အပြင် စစ်ကောင်စီသည် ၎င်းတို့ကို တော်လှန်တိုက်ခိုက်နေသည့် တပ်ဖွဲ့များကို အပြင်းအထန် နှိမ်နှင်းလာပြီး တိုက်ခိုက်လာမှုကြောင့် ပြီးခဲ့သည့် ၂၈ လအတွင်း အရပ်သား ၄၆၂ ဦး သေဆုံးပြီး လေကြောင်းတိုက်ခိုက်မှု ၄၃၆ ကြိမ် ခံခဲ့ရကြောင်း ကရင်နီပြည်သူ့အင်အားစု PKPF က ယခင်လ (ဇွန် ၁) ရက်တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တောင်ထီဗွာကျေးရွာအုပ်စု ရှိ စစ်ရှောင်ကော်မတီများ ဆန်ပြန်ရောင်းချနေသည့် သတင်း မဟုတ်ဟုဆို

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်၊ တောင်ထီဗွာကျေးရွာအုပ်စုရှိ စစ်ဘေးရှောင်များအတွက် ထောက်ပံ့ပေးသည့် ဆန်များကို စစ်ဘေးရှောင်ကော်မတီများမှ ပြန်ရောင်းချနေသည် သတင်းသည် မမှန်ကန်ကြောင်း စစ်ရှောင်ကော်မတီဝင်များက ပြောသည်။ တောင်ထီဗွာကျေးရွာအုပ်စုရှိ စစ်ရှောင်ကော်မတီဝင်များသည် စစ်ရှောင်များကိုထောက်ပံ့ပေးသည့် ဆန်များပြန်ရောင်းနေသည့်သတင်းကို ဇူလိုင် လဆန်ပိုင်းတွင် သတင်းများထွက်ပေါ်ခဲ့သည်။ “တောင်ထီဗွာကျေးရွာအုပ်စု” တွင် ကျေးရွာပေါင်း ၂၁ ရွာရှိပြီး စစ်ဘေးရှောင်များသည်...

မိုးဗြဲ-နန်းမယ်ခုံ-ဒီးမော့ဆို လမ်းမကြီးထိန်းချုပ်ရန် စစ်တပ် ထိုးစစ်ပြင်နေ

0
သျှမ်း-ကရင်နီပြည် နယ်စပ် မိုးဗြဲ - နန်းမယ်ခုံဒေသတွင် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးရန် ပြင်ဆင်နေသဖြင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။ ယနေ့ ဇွန်လ (၃၀) ရက်တွင် မိုးဗြဲမြို့နယ် မှ နန်းမယ်ခုံဘက်သို့ စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်နိုင်ရန် ပြင်ဆင်နေခြင်းကြောင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...