Friday, May 3, 2024

ဒီးမော့ဆို စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

Must read

ကရင်နီ (ကယား) ပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း နှင့် အရှေ့ဘက်ခြမ်းဒေသရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။

.

ယနေ့ (သြဂုတ် ၃၁) ရက် နံနက်အစောပိုင်း ၄ နာရီမှစပြီး ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတစ်နေရာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ၄ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရှေ့ဘက်ခြမ်းဒေသရှိ စစ်ရှောင်စခန်း တနေရာကို ထပ်မံဗုံးကြဲကာ လူထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စစ်ရှောင်ကူညီသူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဒီနေ့ မနက် ၄ နာရီလောက်က ဒီးမော့ဆို အနောက်ဘက်ခြမ်းကို လေယာဉ်နဲ့ ဗုံးလာကြဲသွားတာ။ ပြီးတော့ ၇ နာရီ ဝန်းကျင်လောက် အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်ခုကို ထပ်လာကြဲသွားတယ်။ လူ ထိခိုက်သေဆုံးမှု ရှိတယ် “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရှေ့ဘက်ခြမ်းဒေသရှိ စစ်ရှောင်စခန်းမှ စစ်ရှောင် ၃ ဦး ထိခိုက်ဒဏ်ရာရပြီး ၁ ဦး သေဆုံးခဲ့သည်။

လေယာဉ် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် နယ်မြေတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က စစ်ရှောင်စခန်း ကိုသာ အဓိကထားပြီး မှတ်ပစ်တိုက်နေခြင်း ဖြစ်သည်။

“ကြဲဖို့ သင့်မသင့်ဆိုတာတော့ သူတို့လည်း သိမှာပေါ့။ ဒါပေမယ့် ကြဲနေတာပါပဲ။ အခုထိ စစ်ရှောင်စခန်းကို မကြဲသင့်တဲ့ နေရာတွေကိုပဲ အမြဲကြဲနေတာပါပဲ “ ဟု စစ်ရှောင်ကူညီသူ အမျိုးသားတစ်ဦးက ထပ်လောင်း ပြောသည်။

အလားတူ ပြီးခဲ့သည့် သြဂုတ် ၂၅ ရက်တွင်လည်း ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း တနေရာကို စစ်ကောင်စီတပ် က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် စာသင်ကျောင်း အပါအဝင် ဒေသခံ နေအိမ် နှင့် အဆောက်အဦး တချို့ ပျက်စီးခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article