ဆီဆိုင် စစ်ရှောင်များနေထိုင်သည့် ကျေးရွာအတွင်း စစ်ကောင်စီ လာရောက်နေထိုင်

စစ်ရှောင်များနေထိုင်သည့် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု ရေဖြူကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ လာရောက်ပြီး တပ်စွဲနေထိုင်သဖြင့် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း စုံစမ်းသိရသည်။

ရေဖြူကျေးရွာ

ပြီးခဲ့သည့် ဇွန်လ ၂၈ ရက် ညနေပိုင်းတွင် ကရင်နီ (ကယား) ပြည်အတွင်း စစ်အင်အား ဖြည့်တင်းရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ သည် စစ်အင်အား ကား ၄ စီးဖြင့် စစ်ရှောင်များနေထိုင်သည့် ရေဖြူကျေးရွာတွင် လာရောက်နေထိုင်ခဲ့ကြောင်း အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် စစ်အင်အား ကား ၄ စီးထဲမှ စစ်သား ၄၀ ခန့်သည် ရေဖြူကျေးရွာ၏ ဘုန်းကြီးကျောင်းဝိုင်းထဲ၌ တပ်စွဲနေထိုင်လျက်ရှိကြောင်း သိရသည်။

“ကျနော်တို့ ရွာမှာစစ်တပ် ကား ၄ စီး ရောက်လာတယ်ဗျ။ ရွာရဲ့ အလယ်မှာ အပြည့်ပဲ။ စစ်သား အင်အားက ဘယ်လောက်ရှိလဲ အတိအကျ မရှိဘူး။ အင်အားကတော့ တော်တော်များတယ်။ အခုထိ ရှိသေးတယ်။ အယောက် ၄၀ လောက်ရှိသေးတယ်။ ဘုန်းကြီးကျောင်းမှာ နေနေတာ“ ဟု ၎င်း ဒေသခံ တစ်ဦးက ပြောသည်။

လက်ရှိ ရေဖြူကျေးရွာအတွင်း တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်သည် မည်သည့် တပ်ရင်းမှ ဖြစ်ကြောင်း အသေးစိတ်ကိုတော့ မသိရသေးပေ။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲပြင်းထန်နေသည့် သျှမ်း – ကရင်နီ (ကယား) ပြည်နယ်စပ်ဒေသ၌ စစ်ကောင်စီသည် ကျေးရွာအတွင်းသို့ လာရောက်တပ်စွဲနေထိုင်ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း ၎င်း ဒေသခံတစ်ဦးက ဆက်ပြောသည်။

“အခု နယ်စပ်ဒေသမှာ တိုက်ပွဲပြင်းထန်နေတယ်။ ကျနော်တို့ စစ်ရှောင်အများဆုံး နေထိုင်တာကလည်း ရေဖြူမှာပဲ။ အခုလို လာနေတာက ကြောက်ရတာပေါ့။ ဘယ်ချိန်မှာ ပစ်မယ် မသိဘူး “ ဟု ၎င်းဒေသခံ တစ်ဦးက ထပ်လောင်းပြောသည်။

သျှမ်း – ကရင်နီ (ကယား) ပြည်နယ်စပ်ဒေသတိုက်ပွဲကြောင့် နေရပ်စွန့်ပြီး ဆီဆိုင်မြို့သို့ ထွက်ပြေးတိမ်းရှောင် လာရသည့် စစ်ရှောင်များသည် စုစုပေါင်း လူဦးရေ ၈ ထောင်ကျော် ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...