ရွာငံ စစ်ရှောင်စခန်းပေါ် တောင်ပြိုကျမှု တစ်နှစ်ခွဲ ကလေးအပါအဝင် စစ်ရှောင်(၁၀)ဦး နစ်မြုပ်သေဆုံး

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ကျောက်တောကျေးရွာတွင် စစ်ဘေးရှောင်စခန်းပေါ် တောင်ပြိုကျပြီး တစ်နှစ်ခွဲအရွယ် ကလေးအပါအဝင် စစ်ဘေးရှောင် (၁၀)ဦး နစ်မြုပ်သေဆုံး ခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်တွင် ရွာငံမြို့နယ်ထဲ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် တောင်ကျရေနှင့်အတူ ရွှံ့နွံ၊ ကျောက်တုံး၊ သစ်တုံးများ မျှောပါလာပြီး ကျောက်တောရွာရှိ စစ်ဘေးရှောင်စခန်းပေါ်သို့ ကျရောက်ကာ စစ်ရှောင်(၁၀)ဦး နစ်မြုပ်သွားခဲ့သည်။

ထိုထဲမှ အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦး၏ ရုပ်အလောင်း တစ်လောင်းသာ ရှာဖွေတွေ့ရှိထားပြီး (၉) ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်ဦး (DSNDA) မှ ယနေ့ (စက်တင်ဘာ ၂၆ ရက်) တွင် ထုတ်ပြန်သည်။

“ရွာငံမှာက ခုတလော မိုးအရမ်းများတယ်။ စစ်ရှောင်နေရင်း သူတို့ပေါ်ကို မြေပြိုကျပြီး ဆယ်ဦးလုံး ပိသွားတာ။ တစ်ဦးတော့ တွေ့ပြီ၊ ကျန်တဲ့ ၉ ဦးကိုတော့ ရှာနေတုန်းပဲ”ဟု DSNDA တပ်ဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုကျားပျံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပျောက်ဆုံးနေသည့် စစ်ရှောင်များထဲတွင် အမျိုးသမီး (၅) ဦး၊ အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ် (၁) ဦး၊ အမျိုးသား (၄) ဦး၊ စုစုပေါင်း စစ်ဘေးရှောင် (၉) ဦးတို့ ဖြစ်ကြောင်း DSNDA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၈ ရက်တွင် စစ်ကော်မရှင်တပ်က ကျောက်တောကျေးရွာနှင့် ညောင်ပင်သာကျေးရွာဘက်သို့ လေကြောင်းဖြင့် ဗုံးကြဲကာ မြေပြင်မှလည်း စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည့်အပြင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ဒေသခံများမှာ တောတောင်ထဲသို့ စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။

ကျောက်တောကျေးရွာတွင် အိမ်ခြေ (၈၆) အိမ်ရှိပြီး ညောင်ပင်သာကျေးရွာတွင် (၄၆)အိမ်ရှိကာ နှစ်ရွာပေါင်း စစ်ဘေးရှောင် ၆၀၀ ဦးခန့် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

“စစ်တပ်ကလည်း လမ်းတွေပိတ်ပြီး တောက်လျှောက် စစ်ကြောင်းထိုးနေပါတယ်။ စစ်ရှောင်တွေကလည်း တောတောင်ထဲမှာ ဖြစ်သလို အသက်ရှင်ရုံ စားသောက်နေကြရပါတယ်။ သူတို့အတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း လိုအပ်လျှက်ရှိပါတယ်”ဟု DSNDA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုကျားပျံက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့တွင် စစ်ကော်မရှင်တပ်က ရွာငံမြို့နယ် မြောက်ဘက် တောတောင်ဘက်သို့ စစ်ကြောင်းထိုးရာတွင် လှိုဏ်ဂူထဲတွင် ပုန်းအောင်းနေသော ကျောက်တောကျေးရွာမှ စစ်ရှောင်မိသားစု နှစ်စုကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အထိ အဆက်အသွယ် ပြန်မရတော့ကြောင်း သိရသည်။

“စစ်ရှောင်မိသားစု နှစ်စုကို စစ်ကော်မရှင်က စစ်ကြောင်းထိုးရင်း လှိုဏ်ဂူထဲမှာ တွေ့လို့ ဖမ်းသွားတယ်။ ခုထိတော့ ဘယ်မှာ ဖမ်းထားလည်း ဆိုတာ သတင်းအစအန မရသေးဘူး” ဟု DSNDA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုကျားပျံ က ပြောသည်။

အလားတူ ဩဂုတ်လ ၂၄ ရက်နေ့တွင် စစ်ကော်မရှင်တပ်က ကျောက်တောကျေးရွာသို့ စစ်ကြောင်းထိုးလာစဉ် ကျန်ရှိနေသည့် နေအိမ်များကို မီးရှို့၍ ဒေသခံများ၏ ကျွဲ၊ နွား၊ ကြက် စသည်တို့ကို သတ်စားသွားကြောင်း သိရသည်။

ယခုလက်ရှိ ရွာငံတွင် စစ်ကော်မရှင်တပ်က မကြာခဏ စစ်ကြောင်းထိုးမှု ပြုလုပ်နေပြီး ဒေသခံများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးမှုများလည်း ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...

ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။  နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု...