Tuesday, January 27, 2026

ကရင်နီ စစ်ရှောင်စခန်း ဗုံးကြဲခံရ ကလေးအပါအဝင် ၂ ဦး သေဆုံး၊ ၄ ဦး ထိခိုက်ဒဏ်ရာရ

ကရင်နီ (ကယား) ပြည်ရှိ စစ်ဘေးရှောင်စခန်း (၂) နေရာကို စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် အပါအဝင် (၂) ဦး သေဆုံးပြီး (၄) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

Photo – Credit ( ဗုံးကြဲတိုက်ခိုက်ခံရသည့် အဆောက်အအုံ)

ယနေ့ ( ဇူလိုင် ၁၂) ရက် မနက် ၂ နာရီဝန်းကျင် အချိန်တွင် မြန်မာ – ထိုင်း နယ်စပ်ရှိ စစ်ရှောင်စခန်းတစ်ခုကို လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့၍ အမျိုးသား ၁ ဦး သေဆုံးပြီး အမျိုးသမီး ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့ Karenni Human Rights Group က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း၊ ဆေးခန်း၊ စစ်ရှောင် ပြည်သူ့နေအိမ်များ ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ ဇူလိုင် ၁၁ ရက် ညသန်းခေါင်ယံ အချိန်တွင် ဖားဆောင်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်း တစ်နေရာကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ် ၁ ဦး သေဆုံးသွားခဲ့ရပြီး ပြည်သူ ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Photo – Credit ( ဗုံးကြဲတိုက်ခိုက်ခံရသည့် အဆောက်အအုံ)

ထို့ပြင် ဘာသာရေး အဆောက်အဦး နှင့် နေအိမ်များ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

“စစ်ကောင်စီက စစ်ရှောင်စခန်းကို (၂) ရက်ဆက်တိုက် ဗုံးကြဲလာတဲ့အတွက် အသက် ၁၁ နှစ် အရွယ်တစ်ယောက် နဲ့ လူကြီး တစ်ယောက် ဆုံးတယ်ပြောတယ်။ အသေးစိတ် အပြည့်အစုံ သိဖို့က ဖုန်းဆက်လို့ မရသေးဘူး။ အခု စစ်ရှောင်တွေကို PDF မိသားစုတွေလို့ သူတို့ စွပ်စွဲပြီး တိုက်နေတာလေ။ ပြည်သူတို့ ဘာတို့လည်း မသတ်မှတ်တော့ဘူး “ ဟု သတင်းရင်းမြစ်မှ ရဲဘော် အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှု နှင့် ပတ်သက်ပြီး အသေးစိတ် သိနိုင်အောင် ဖုန်းဆက်သွယ်ခဲ့သော်လည်း မြေပြင်ဖုန်းလိုင်း ပြတ်တောက်မှုကြောင့် ဆက်သွယ်၍ မရခဲ့ပေ။

ထို့အပြင် ပြီးခဲ့သည့် ဇွန်လအတွင်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု အပါအဝင် စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်းများကြောင့် အရပ်သား ၃၃ ဦး သေဆုံးမှုရှိခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ကထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...