ကရင်နီ စစ်ရှောင်စခန်း ဗုံးကြဲခံရ ကလေးအပါအဝင် ၂ ဦး သေဆုံး၊ ၄ ဦး ထိခိုက်ဒဏ်ရာရ

ကရင်နီ (ကယား) ပြည်ရှိ စစ်ဘေးရှောင်စခန်း (၂) နေရာကို စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် အပါအဝင် (၂) ဦး သေဆုံးပြီး (၄) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

Photo – Credit ( ဗုံးကြဲတိုက်ခိုက်ခံရသည့် အဆောက်အအုံ)

ယနေ့ ( ဇူလိုင် ၁၂) ရက် မနက် ၂ နာရီဝန်းကျင် အချိန်တွင် မြန်မာ – ထိုင်း နယ်စပ်ရှိ စစ်ရှောင်စခန်းတစ်ခုကို လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့၍ အမျိုးသား ၁ ဦး သေဆုံးပြီး အမျိုးသမီး ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့ Karenni Human Rights Group က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း၊ ဆေးခန်း၊ စစ်ရှောင် ပြည်သူ့နေအိမ်များ ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ ဇူလိုင် ၁၁ ရက် ညသန်းခေါင်ယံ အချိန်တွင် ဖားဆောင်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်း တစ်နေရာကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ် ၁ ဦး သေဆုံးသွားခဲ့ရပြီး ပြည်သူ ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Photo – Credit ( ဗုံးကြဲတိုက်ခိုက်ခံရသည့် အဆောက်အအုံ)

ထို့ပြင် ဘာသာရေး အဆောက်အဦး နှင့် နေအိမ်များ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

“စစ်ကောင်စီက စစ်ရှောင်စခန်းကို (၂) ရက်ဆက်တိုက် ဗုံးကြဲလာတဲ့အတွက် အသက် ၁၁ နှစ် အရွယ်တစ်ယောက် နဲ့ လူကြီး တစ်ယောက် ဆုံးတယ်ပြောတယ်။ အသေးစိတ် အပြည့်အစုံ သိဖို့က ဖုန်းဆက်လို့ မရသေးဘူး။ အခု စစ်ရှောင်တွေကို PDF မိသားစုတွေလို့ သူတို့ စွပ်စွဲပြီး တိုက်နေတာလေ။ ပြည်သူတို့ ဘာတို့လည်း မသတ်မှတ်တော့ဘူး “ ဟု သတင်းရင်းမြစ်မှ ရဲဘော် အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှု နှင့် ပတ်သက်ပြီး အသေးစိတ် သိနိုင်အောင် ဖုန်းဆက်သွယ်ခဲ့သော်လည်း မြေပြင်ဖုန်းလိုင်း ပြတ်တောက်မှုကြောင့် ဆက်သွယ်၍ မရခဲ့ပေ။

ထို့အပြင် ပြီးခဲ့သည့် ဇွန်လအတွင်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု အပါအဝင် စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်းများကြောင့် အရပ်သား ၃၃ ဦး သေဆုံးမှုရှိခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ကထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...