ဖယ်ခုံမြို့နယ် စစ်ဘေးရှောင်စခန်း မိုးကာ နှင့် ဘထ္ထရီ မီး လိုအပ်နေ

သျှမ်း – ကရင်နီ (ကယား) ပြည်နယ်စပ် ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် အဆောက်အဦး အတွက် မိုးကာ နှင့် ညဖက်ပြေးလွှားရန် ဓာတ်မီးများ လိုအပ်နေကြောင်း စုံစမ်းသိရသည်။

ဓာတ်မီး

လက်ရှိ မိုးရာသီ အချိန်ကာလတွင် မကြာခဏ မိုးသည်းထန်ရွာသွန်းပြီး မိုးသီးကြွေကျခြင်း၊ လေပြင်းတိုက်ခိုက်ခြင်းကြောင့် အဆောက်အဦး၏ အမိုးအကာများ ပျက်စီးသွားခဲ့ရာ လဲလှယ်ရန်အတွက် မိုးကာအသစ်လိုအပ်နေပြီး ညဖက် ပြေးလွှားစဉ် ဓာတ်မီးနှင့် ဖုန်းအားသွင်းရန် ဘထ္ထရီ၊ ဆိုလာများလည်း လိုအပ်နေကြောင်း စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

“အခု မိုးကာက လုံးဝ မရှိတော့တာ မဟုတ်ပါဘူး။ ရှိတော့ရှိတယ်။ ဒါပေမယ့် မလုံလောက်ဘူးလေ။ အပေါက်တွေ၊ အပြဲတွေနဲ့ ဆွေးကုန်နေလို့ပါ။ သိပ်ပြီး မိုးဖို့အတွက် အဆင်မပြေတော့ဘူး။ အသစ်လဲဖို့ လိုတာပေါ့။ ဘထ္ထရီတွေ၊ ဆိုလာတွေ မရှိခါကျတော့ ဖယောင်းတိုင်နဲ့ပဲ ထွန်းရတယ်၊ ဖုန်းအားလည်း မသွင်းရဘူး။ ကြာလာတော့ မဝယ်နိုင်တော့ဘူး။ တချို့လူတွေဆို တောမှာ ထင်းရှူးရှာပြီး မီးထွန်းဖို့ လုပ်နေရတယ် “ ဟု ၎င်း စစ်ရှောင်အမျိုးသမီးက ပြောသည်။

စစ်ရှောင်စခန်းရှိ မိုးကာ

စစ်ရှောင်များသည် တိုက်ပွဲကြောင့် နေရပ်စွန့်ပြီး တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် အလုပ်မရှိ၊ ဝင်ငွေမရှိကာ မိုးကာ၊ ဘထ္ထရီ၊ ဆိုလာပြား ဝယ်နိုင်ရန်အတွက် ခက်ခဲနေကြောင်း စုံစမ်းသိရသည်။

တိုက်ပွဲဖြစ်ပွားသည့် နယ်မြေဒေသကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်နေရာမှ ယခင် ခေါင်းစွပ်လက်နှိပ် တစ်လုံးကို ကျပ်ငွေ ၁ သောင်းခွဲကနေ လက်ရှိမှာ ကျပ်ငွေ ၃ သောင်းအထိ ဈေးနှုန်း မြင့်တက်လာနေကြောင်း စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။

“ဈေးတက်တာတော့ အမှန်ပဲဗျ။ အခုခေါင်းစွပ် လက်နှိပ်ဓာတ်မီး မူရင်းဈေး ၁ သောင်းခွဲဆိုရင် လက်ရှိ ၃ သောင်း ပေးပြီး ဝယ်နေရပြီ။ ဒါတောင် ဒီးမော့ဆိုဘက်ဝယ်မရဘူး။ ဈေးကြီးတော့ လိုအပ်နေတော့လည်း ဝယ်ရတာပါပဲ။ မီးကတော့ မထွန်းရတာ များတယ်။ ဆိုလာရယ်၊ ဘထ္ထရီရယ် အဓိကပေါ့။ ဖုန်းအားသွင်းဖို့ လိုအပ်တယ်။ ဓာတ်မီးကတော့ ညဘက် အရေးပေါ် ပြေးလွှားချိန်ဆို လိုတာပါပဲ “ ဟု ၎င်း စစ်ရှောင်အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

ထို့အပြင် သျှမ်း – ကရင်နီ (ကယားပြည်) နယ်စပ်ဒေသ ဖယ်ခုံ၊ မိုးဗြဲ နှင့် ပင်လောင်းမြို့နယ်ရှိ သောင်းနှင့်ချီ စစ်ရှောင်များသည် တိုက်ပွဲကြောင့် နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေချိန် လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာခြင်း၊ ဖုန်းလိုင်းမမိခြင်း နှင့် အလှူရှင် မရှိခြင်းတို့ကြောင့် ဖြတ်လေးဖြတ် ဖြတ်ခံထားနေရသလို ခံစားနေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...