လားရှိုးမြို့က Fully Light ဟိုတယ်မှာ တစ်လအတွင်း ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွား

သျှမ်းပြည် လားရှိုးခရိုင်၊ လားရှိုးမြို့ပေါ်ရှိ Fully Light ဟိုတယ်တွင် တစ်လအတွင်း ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားကြောင်း စုံစမ်း သိရသည်။

Fully Light ဟိုတယ်

ယမန်နေ့ ဇွန်လ ၂၈ ရက် ညပိုင်း ည ၈ နာရီဝန်းကျင် အချိန်တွင် လားရှိုးမြို့ပေါ် အမှတ် (၂) ရပ်ကွက်တွင် ရှိသည့် Fully Light Hotel တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပေါက်ကွဲမှု ဖြစ်တဲ့ ည ၈ နာရီအချိန်ဆိုတာ အဲ့နားပတ်ဝန်းကျင်က လူသွားလူလာများတဲ့ အချိန်ဖြစ်တယ်။ ပေါက်ကွဲမှုကတော့ တစ်ချက်ပါပဲ။ ထိခိုက်မှုတော့ မရှိပါဘူး။ စစ်ကောင်စီကလည်း လာစစ်ဆေးပေးတာတွေ ရှိတယ်” ဟု လားရှိုးမြို့နေ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားသည့် လားရှိုးမြို့မှ Fully Light Hotel သည် ယခင် ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့တွင် လည်း ပေါက်ကွဲမှု တစ်ကြိမ် ဖြစ်ခဲ့ပါသည်။

ယခုလ အတွင်းမှာပင် Fully Light Hotel မှ ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခြင်း နှင့် ပတ်သက်ပြီး လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုခုမှ အခွန်တောင်းဆိုမှုအတွက် ခြိမ်းခြောက်လုပ်ဆောင်မှု ဖြစ်နိုင်ကြောင်းလည်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခွန်လာတောင်းတာ မပေးလို့ ခြိမ်းခြောက်တဲ့ အနေနဲ့ လာလုပ်တာ ထင်တယ်၊ ဒါပေမဲ့ ဘယ်အဖွဲ့အစည်းက လာလုပ်တာတော့ မသိရဘူးပေါ့၊ အခုဆို လားရှိုးမြို့ပေါ်ကို လှုပ်ရှားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း စုံလှပါတယ်” ဟု အထက်ပါ လားရှိုးဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခင် ပထမအကြိမ် ပေါက်ကွဲမှုတွင် ဗုံးနှစ်လုံး ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲခြင်း ဖြစ်ပြီး၊ ကား ၃ စီးပါ ထိခိုက် ပျက်စီးခဲ့သော်လည်း ယခုတစ်ကြိမ် ပေါက်ကွဲမှုသည် ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။

ပေါက်ကွဲမှုသည် မည်သည့်လက်နက်ကိုင် တပ်ဖွဲ့မှ လုပ်ဆောင်သည်ကိုလည်း မသိရသေးသလို စစ်ကောင်စီ မှလည်း စစ်ဆေးမှု ဆက်လက်လုပ်ဆောင်နေလျက်ရှိကြောင်း သတင်း သိရသည်။

လားရှိုးမြို့နယ်အတွင်း လှုပ်ရှားသည့် လက်နက်ကိုင်တပ်ဖွဲ့များ အနေဖြင့် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ အပြင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ကြသည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA ၊ ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့က သွားလာလှုပ်ရှား နေလျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီမှ နိုင်ငံတော် အာဏာသိမ်းယူပြီး နောက်ပိုင်းတွင် သျှမ်းပြည်အတွင်း လှုပ်ရှားသည့် လက်နက်ကိုင် တပ်ဖွဲ့များသည် အခွန်တိုးကောက်ခြင်း၊ ပိုက်ဆံတောင်းခြင်း၊ ဆက်ကြေးတောင်း ပမဏ တိုးမြှင့်ခြင်း နှင့် အချင်းချင်းကြား ပစ်ခတ်သတ်ဖြတ်မှုများလည်း မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ယင်းကဲ့သို့ အခြေအနေများကြောင့် ဒေသအတွင်း မငြိမ်မသက်မှုများ ဖြစ်ပေါ်လာပြီး ဒေသခံများကလည်း လုံခြုံရေး ကင်းမဲ့နေသလို ခံစားရကြောင်း ပြောဆို ညည်းတွားနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...