အမည်မသိ လက်နက်ကိုင်မှ လာဖမ်းသည့် မူဆယ်ဒေသခံ ၂ ဦး ယနေ့အထိ အဆက်အသွယ်မရသေး

သျှမ်းပြည် မူဆယ်မြို့နယ် တိန်းလုံကျေးရွာတွင် နေထိုင်သည့် ဒေသခံ အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၁ ဦး တို့သည် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့၏ ဖမ်းဆီးမှုကို ခံရပြီး ယနေ့ ၁၀ ရက် ကျော်ကြာလာသည် အထိ အဆက်အသွယ် မရသေးကြောင်း စုံစမ်းသိရသည်။

မူဆယ်မြို့

ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်တွင် တိန်းလုံကျေးရွာအတွင်းသို့ အရပ်ဝတ်ဖြင့် လက်နက်ကိုင်ဆောင်သည့် လူတစ်စု ဝင်ရောက်လာပြီး အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုဆို သူတို့ ဖမ်းခေါ်သွားခံရတာ ၁၀ ရက်ကျော် ရက် ၂၀ နီးပါး ရှိလာပြီ။ ဘယ်မှာဖမ်းထားလဲ၊ ဘယ်သူက လာဖမ်းလဲဆိုတာတောင် မသိလိုက်ရဘူး၊ လာဖမ်းတဲ့သူတွေက သေနတ်ကိုယ်စီ နဲ့ အရပ်ဝတ်နဲ့ပဲ လာကြတာ၊ Mask တွေ တပ်ထားတော့ ဘယ်သူဘယ်ဝါမှန်း မသိလိုက်ဘူး” ဟု လုံခြုံရေး အရ အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသူ အမျိုးသားသည် အသက် ၅၀ ကျော်ရှိ လုံးထွန်းလှ ဖြစ်ပြီး အမျိုးသမီးသည်လည်း ၅၀ ဝန်းကျင်ရှိသည့် ပါနန်းခမ်းကျန် ဖြစ်ကြောင်း သိရသည်။

၎င်းတို့ ဖမ်းဆီးခံရမှု နှင့် ပတ်သက်ပြီး အကြောင်းရင်း သေသေချာချာ မသိရဘဲ ယနေ့ အချိန်အထိ အဆက်အသွယ်မရရှိခြင်းဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောဆိုထားသည်။

ယင်းကဲ့သို့ တိန်းလုံကျေးရွာ ဒေသခံ ၂ ဦး ဖမ်းဆီးခံရခြင်း နှင့် ပတ်သက်ပြီး ဒေသခံ နှင့် နီးစပ်သည့် ဆွေမျိုးများက ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) ထံ မေးမြန်းရာ ၎င်းတို့ တပ်ဖွဲ့ ဖမ်းဆီး ထိန်းသိမ်းခြင်း မဟုတ်ဟု အကြောင်းပြန်ကြောင်းလည်း နီးစပ်သည့် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ ရွာသားတွေ စုပေါင်းပြီး ဒီဘက်က SSPP အရာရှိတွေဆီကို သွားမေးပါတယ်၊ ဖမ်းထားတာ မရှိပါဘူးတဲ့၊ ဖမ်းတာကလည်း သူတို့လူမဟုတ်တဲ့ အကြောင်း ပြန်ပြောပါတယ်၊ ကျနော်တို့ကလည်း ဘယ်ကို ဆက်လိုက်ရမလဲဆိုတာ ဝေခွဲမရ ဖြစ်နေတယ်” ဟု နီးစပ်သည့် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

၎င်းတို့ နှစ်ဦး ဖမ်းဆီးခံရမှုသည် ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့တွင် တိန်းလုံကျေးရွာသို့ SSPP အဖွဲ့မှ တပ်သားသစ် စုဆောင်းမှု လာရောက်ပြုလုပ်စဉ်အတွင်း ဒေသခံများ နှင့် အချင်းများခဲ့ပြီး သေနတ်ပစ်ဖောက် ခြိမ်းခြောက်မှု ကို ဗီဒီယို ၊ ရုပ်ပုံ ရိုက်ကူးထားမှုကြောင့်ဟု ပြောဆိုနေကြသော်လည်း သျှမ်းသံတော်ဆင့်မှ သီးခြား အတည်ပြုချက် မရသေးပေ။

SSPP/SSA တပ်ဖွဲ့သည် မူဆယ်မြို့နယ် ၊ နမ့်ခမ်းမြို့နယ်တွင်းရှိ ကျေးရွာများထဲတွင် ၁၀ အိမ်ကို တပ်သား ၂ ယောက်ပေးဆောင်ရမည်ဟု ညွှန်ကြားထားကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

အလားတူ နမ့်ခမ်းမြို့ပေါ်တွင်လည်း တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က တပ်သားလိုက်လံ စုဆောင်းနေသည့်အပြင် အခွန်တွေကိုလည်း လိုက်ကောက်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...