Wednesday, January 28, 2026

အမည်မသိ လက်နက်ကိုင်မှ လာဖမ်းသည့် မူဆယ်ဒေသခံ ၂ ဦး ယနေ့အထိ အဆက်အသွယ်မရသေး

သျှမ်းပြည် မူဆယ်မြို့နယ် တိန်းလုံကျေးရွာတွင် နေထိုင်သည့် ဒေသခံ အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၁ ဦး တို့သည် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့၏ ဖမ်းဆီးမှုကို ခံရပြီး ယနေ့ ၁၀ ရက် ကျော်ကြာလာသည် အထိ အဆက်အသွယ် မရသေးကြောင်း စုံစမ်းသိရသည်။

မူဆယ်မြို့

ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်တွင် တိန်းလုံကျေးရွာအတွင်းသို့ အရပ်ဝတ်ဖြင့် လက်နက်ကိုင်ဆောင်သည့် လူတစ်စု ဝင်ရောက်လာပြီး အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုဆို သူတို့ ဖမ်းခေါ်သွားခံရတာ ၁၀ ရက်ကျော် ရက် ၂၀ နီးပါး ရှိလာပြီ။ ဘယ်မှာဖမ်းထားလဲ၊ ဘယ်သူက လာဖမ်းလဲဆိုတာတောင် မသိလိုက်ရဘူး၊ လာဖမ်းတဲ့သူတွေက သေနတ်ကိုယ်စီ နဲ့ အရပ်ဝတ်နဲ့ပဲ လာကြတာ၊ Mask တွေ တပ်ထားတော့ ဘယ်သူဘယ်ဝါမှန်း မသိလိုက်ဘူး” ဟု လုံခြုံရေး အရ အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသူ အမျိုးသားသည် အသက် ၅၀ ကျော်ရှိ လုံးထွန်းလှ ဖြစ်ပြီး အမျိုးသမီးသည်လည်း ၅၀ ဝန်းကျင်ရှိသည့် ပါနန်းခမ်းကျန် ဖြစ်ကြောင်း သိရသည်။

၎င်းတို့ ဖမ်းဆီးခံရမှု နှင့် ပတ်သက်ပြီး အကြောင်းရင်း သေသေချာချာ မသိရဘဲ ယနေ့ အချိန်အထိ အဆက်အသွယ်မရရှိခြင်းဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောဆိုထားသည်။

ယင်းကဲ့သို့ တိန်းလုံကျေးရွာ ဒေသခံ ၂ ဦး ဖမ်းဆီးခံရခြင်း နှင့် ပတ်သက်ပြီး ဒေသခံ နှင့် နီးစပ်သည့် ဆွေမျိုးများက ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) ထံ မေးမြန်းရာ ၎င်းတို့ တပ်ဖွဲ့ ဖမ်းဆီး ထိန်းသိမ်းခြင်း မဟုတ်ဟု အကြောင်းပြန်ကြောင်းလည်း နီးစပ်သည့် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ ရွာသားတွေ စုပေါင်းပြီး ဒီဘက်က SSPP အရာရှိတွေဆီကို သွားမေးပါတယ်၊ ဖမ်းထားတာ မရှိပါဘူးတဲ့၊ ဖမ်းတာကလည်း သူတို့လူမဟုတ်တဲ့ အကြောင်း ပြန်ပြောပါတယ်၊ ကျနော်တို့ကလည်း ဘယ်ကို ဆက်လိုက်ရမလဲဆိုတာ ဝေခွဲမရ ဖြစ်နေတယ်” ဟု နီးစပ်သည့် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

၎င်းတို့ နှစ်ဦး ဖမ်းဆီးခံရမှုသည် ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့တွင် တိန်းလုံကျေးရွာသို့ SSPP အဖွဲ့မှ တပ်သားသစ် စုဆောင်းမှု လာရောက်ပြုလုပ်စဉ်အတွင်း ဒေသခံများ နှင့် အချင်းများခဲ့ပြီး သေနတ်ပစ်ဖောက် ခြိမ်းခြောက်မှု ကို ဗီဒီယို ၊ ရုပ်ပုံ ရိုက်ကူးထားမှုကြောင့်ဟု ပြောဆိုနေကြသော်လည်း သျှမ်းသံတော်ဆင့်မှ သီးခြား အတည်ပြုချက် မရသေးပေ။

SSPP/SSA တပ်ဖွဲ့သည် မူဆယ်မြို့နယ် ၊ နမ့်ခမ်းမြို့နယ်တွင်းရှိ ကျေးရွာများထဲတွင် ၁၀ အိမ်ကို တပ်သား ၂ ယောက်ပေးဆောင်ရမည်ဟု ညွှန်ကြားထားကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

အလားတူ နမ့်ခမ်းမြို့ပေါ်တွင်လည်း တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က တပ်သားလိုက်လံ စုဆောင်းနေသည့်အပြင် အခွန်တွေကိုလည်း လိုက်ကောက်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...