Monday, February 16, 2026

ပင်းတယမြို့နယ် မိုးကြီးလေပြင်းတိုက် လူနေအိမ် ၃၄လုံးပျက်စီး

သျှမ်းပြည်နယ်တောင်ပိုင်း၊ပင်းတယမြို့နယ်၊ပွေးလှမြို့၊ပွင့်လန်းရွာတွင် မိုးကြီး လေပြင်း တိုက်သဖြင့် ကျေးရွာရှိ လူနေအိမ် ၃၄ လုံး ပျက်စီးခဲ့ရကြောင်း ရွာသားတစ်ဦးထံမှ သိရသည်။

ယမန်နေ့ (မေ၂)ရက် ည ၅နာအချိန်တွင် မိုးကြီးပြီး လေပြင်း တိုက်ခတ်ခဲ့ပြီး၊ လူနေအိမ်၃၄လုံး ပျက်စီးခဲ့ရပြီး လူထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း သိရသည်။

“တစ်ချို့က စားဝတ်နေရးအဆင်မပြေတော့ အိမ်ပြန်ပြင်ဖို့ အကူညီလိုအပ်တာတွေ ရှိတယ်။မိုးကလည်း ရုတ်တရက်ကြီး လေလည်း အရမ်းပြင်းတော့ လန့်တောင် လန့်သွားတယ်။ကံကောင်းကြတော့ လူထိခိုက်မှုမရှိဘူး။”ဟု ရွာခံအမျိုးသားတစ်ဦးကပြောသည်။

အလားတူ တစ်ချိန်တည်းမှာပင် ကလောမြို့နယ် မိုးကောင်းကျေးရွာတွင်လည်း မိုးကြီး၊လေပြင်း တိုက်ခိုက်မှုကြောင့် လူအိမ်၅လုံး ထက်မနည်းလည်း ပျက်စီးခဲ့ရကြောင်း သိရသည်။

“သဘာဝဘေးကြောင့် ဒုက္ခရောက်ရသူ အိမ်ပျက်စီးရသူတွေကို ကူညီပေးဖို့ တိုက်တွန်းချင်ပါတယ်။ကျေးရွာအထိ သွားရောက် လှူဒါန်းကူညီနိုင်ပါတယ်။”ဟု ၄င်းကဆက်ပြောသည်။

ထို့အပြင် အောင်ပန်း-ရွာငံ သွားလမ်းပေါ် လည်း မိုးကြီးလေပြင်းတိုက်ခတ်မှုကြောင့် လမ်းဘေးရှိ သစ်ပင်များ လမ်းထဲ အပင်၊အကိုင်းများ လှဲကျသဖြင့် ခရီးသွားကားများ ပိတ်မိခဲ့သေးကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၂ရက်နေ့တွင်လည်း ပင်းတယမြို့နယ်တွင် မိုးကြီးခဲ့ပြီး၂လက်မခန့်အရွယ်ရှိသော မိုးသီးပါကြွေကျသဖြင့် သီးနှံပင်ဖြစ်သည့် ကော်ဖီ၊လက်ဖက်၊လိမ္မော်ပင်မှ အဖူး၊အပွင့် အညွှတ်များစွာလည်းပျက်စီးခဲ့ရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်းတယမြို့နယ် တောင်သူများကို အတိုး ၅ ရာခိုင်နှုန်းဖြင့် ချေးပေးနေ

0
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်ရှိ တောင်သူလယ်သမားများအတွက် စစ်ကောင်စီ လက်အောက်ခံ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မှ အတိုးငွေ ၅ ရာခိုင်နှုန်းဖြင့် ချေးငွေချပေးနေကြောင်း စုံစမ်းသိရသည်။ ထိုချေးငွေများကို တောင်သူများ လယ်ယာစိုက်ပျိုးချိန်တွင် လာရောက်ချေးပေးခြင်းမရှိဘဲ သီးနှံပေါ်လာချိန်မှ လာရောက်ချေးပေးပြီး အတိုးနှုန်းကိုလည်း ယခင်ကထက်များလာကြောင်း ပင်းတယမှ တောင်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီချေးငွေက...

ရွာငံပျူစောထီး ဖမ်းဆီးသွားသည့် ရွာသား (၁၀) ဦး ထောင်ဒဏ် (၆) နှစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် ဗျူစောထီးအဖွဲ့မှ ဖမ်းဆီးသွားသည့် ရွာသား (၁၀) ဦး ကို ယမန်နေ့ (သြဂုတ် ၁၅) ရက်တွင် ထောင်ဒဏ် (၆) နှစ်စီ ချလိုက်ကြောင်း စုံစမ်းသိရသည်။ အဆိုပါ ရွာငံ ဒေသခံ (၁၀) ဦးကို မေလပိုင်းတွင် ဗျူစောထီးမှ...

ပင်းတယမြို့နယ် မိုင်းအင်ကျေးရွာတွင် ဒလန်ဆိုသူတစ်ဦး ပစ်သတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် မိုင်းအင်ကျေးရွာတွင် ယနေ့ ဇူလိုင် ၂၆ ရက် နံနက် ၆ နာရီခွဲဝန်းကျင်က စစ်ကောင်စီ သတင်းပေး ဒလန်ဆိုသူ ကိုစိုးလှ သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။ ယနေ့ နံနက် ၆ နာရီခွဲအချိန်ခန့်က လက်ဖက်ရည်ဆိုင်အတွင်း ထိုင်နေသည့် ကိုစိုးလှကို...