Friday, May 3, 2024

ပင်းတယမြို့နယ် မိုင်းအင်ကျေးရွာတွင် ဒလန်ဆိုသူတစ်ဦး ပစ်သတ်ခံရ

Must read

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် မိုင်းအင်ကျေးရွာတွင် ယနေ့ ဇူလိုင် ၂၆ ရက် နံနက် ၆ နာရီခွဲဝန်းကျင်က စစ်ကောင်စီ သတင်းပေး ဒလန်ဆိုသူ ကိုစိုးလှ သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

ယနေ့ နံနက် ၆ နာရီခွဲအချိန်ခန့်က လက်ဖက်ရည်ဆိုင်အတွင်း ထိုင်နေသည့် ကိုစိုးလှကို လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုက ဆိုင်ကယ်စီးလာပြီး ဝင်ရောက်ပစ်သတ်ခဲ့ကြောင်း ပင်းတယဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဒလန်ဟု ဆိုသူ ကိုစိုးလှ

“သေသွားတာတော့ ဟုတ်တယ်။ ဘယ်သူပစ်သွားလဲတော့ မသိဘူး။ ဆိုင်ကယ် နဲ့ လူနှစ်ယောက်စီးလာပြီးတော့ လာပစ်သွားတာ။ လက်ဖက်ရည်ဆိုင်ထဲမှာ လာပစ်သွားတာပါ” ဟု ၎င်းအမျိုးသားက ပြောသည်။

အဆိုပါ ပစ်သတ်ခံရသည့် ကိုစိုးလှသည် စစ်ကောင်စီ နှင့် လုပ်ငန်းပူးတွဲလုပ်ဆောင်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

ပင်းတယမြို့နယ်တွင် စစ်ကောင်စီသတင်းပေး ဒလန်ဟုဆိုပြီး ကိုစိုးလှ အပါအဝင် (၈) ဦး သတ်ဖြတ်ခံရပြီ ဖြစ်ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article