ရွာငံပျူစောထီး ဖမ်းဆီးသွားသည့် ရွာသား (၁၀) ဦး ထောင်ဒဏ် (၆) နှစ်ချခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် ဗျူစောထီးအဖွဲ့မှ ဖမ်းဆီးသွားသည့် ရွာသား (၁၀) ဦး ကို ယမန်နေ့ (သြဂုတ် ၁၅) ရက်တွင် ထောင်ဒဏ် (၆) နှစ်စီ ချလိုက်ကြောင်း စုံစမ်းသိရသည်။

အဆိုပါ ရွာငံ ဒေသခံ (၁၀) ဦးကို မေလပိုင်းတွင် ဗျူစောထီးမှ ဖမ်းဆီးသွားပြီး စစ်ကောင်စီ လက်ထဲသို့ အပ်နှံခဲ့သည်။

ထိုဒေသခံများသည် ရွာငံမြို့နယ် နှင့် မန္တလေး သာစည်မြို့နယ်ကြားရှိ ငှက်ပျောတောကျေးရွာ တွင် နေထိုင်သူများ ဖြစ်သည်။

“ မနေ့ကတော့ ဖမ်းခံရတဲ့ ရွာသား (၁၀) ဦးကို ထောင်ဒဏ် (၆) နှစ်စီချလိုက်တယ်လို့ ကြားရတယ်။ ဗျူစောထီး က ဖမ်းဆီးသွားတဲ့ ရွာသားတွေ အများကြီးရှိတယ်။ သတင်းမထွက်လာတာတွေတော်တော်များတယ်” ဟု ရွာငံ ဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထောင်ဒဏ်ချမှတ်ခံရသည့် ရွာသား (၁၀) ဦးကို မည်သည့် ထောင်တွင် ထားရှိသည်ကို မသိရသေးပေ။

ရွာငံမြို့

ထိုဖမ်းခံရသည့် ရွာသားများ ပြန်လွှတ်ပေးရန် အတွက် ၎င်းမိသားစုဝင်များထံ တစ်ဦးလျှင် ကျပ်ငွေ (၅) သိန်းပေးရန် ဗျူစောထီးအုပ်စုမှ တောင်းခံခဲ့သည်။

“အစက ရွာသားတွေ ပြန်လွှတ်ပေးဖို့ တစ်ယောက်ကို (၅) သိန်း ကျပ်တောင်းခဲ့တယ်။ တက်နိုင်တဲ့သူတွေကပေးတယ်။ မတက်နိုင်တဲ့သူကတော့ နည်းနည်းပဲပေးတယ်။ ဒါပေမယ့် ပေးလည်းမထူးဘူး။ မပေးလည်းမထူးဘူး။ ထောင်ချလိုက်တာပဲ” ဟု အထက်ပါ အမျိုးသမီး ကဆိုသည်။

လက်ရှိ ဖမ်းခံထားရသည့် ရွာသားများကို စစ်ကောင်စီ အုပ်စုမှ (PDF) ထောက်ပို့ဟု စွပ်စွဲပြီး ထောင်ချလိုက်ခြင်းဖြစ်သည်။

ထို ရွာငံဗျူစောထီးအဖွဲ့သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလပိုင်းတွင် ဓနုတပ်မတော်အဖွဲ့ ဟု ဖွဲ့စည်းခဲ့သည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ မှ ဧပြီလ အထိ စစ်ကောင်စီမှ ရွာငံ ပြည်သူ ၁၀ ဦးကို ရက်စက်စွာ သတ်ဖြတ်ခြင်းများ ပြုလုပ်သည့်အပြင် ပြည်သူ (၇) ဦးကို ဖမ်းဆီးခဲ့ပြီး နေအိမ် (၈) လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် SHRF ကလည်း ထုတ်ပြန်ချက်မှာ ရေးသားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ပဋိပက္ခကြားက ကျောက်မဲ အထက်ရဲရွာစီမံကိန်းကို စစ်တပ်ပြန်စရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများ ရှုပ်ထွေးနေဆဲကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ပြည်ထောင်စုဘတ်ဂျက်သုံးစွဲကာ ပြန်လည်ပြင်ဆင်မည်ဟု စစ်ကော်မရှင်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်ရှိ အဆိုပါစီမံကိန်းမှ စက်ပစ္စည်းနှင့် အဆောက်အအုံများ ငွေကျပ် ၂၆ ဘီလီယံခန့်...

ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် စစ်တပ်က တွေ့သမျှ ဒေသခံများကို ဖမ်းဆီးရိုက်နှက်နေ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် စစ်ကော်မရှင်တပ်က ဒေသခံများကို တွေ့သမျှ ဖမ်းဆီးရိုက်နှက်မှုပြုလုပ်သဖြင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၂) ရက် နေ့လည်ပိုင်းတွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာ အုပ်စု ဆင်ဆာပြားကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...