ပင်းတယမြို့နယ် တောင်သူများကို အတိုး ၅ ရာခိုင်နှုန်းဖြင့် ချေးပေးနေ

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်ရှိ တောင်သူလယ်သမားများအတွက် စစ်ကောင်စီ လက်အောက်ခံ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မှ အတိုးငွေ ၅ ရာခိုင်နှုန်းဖြင့် ချေးငွေချပေးနေကြောင်း စုံစမ်းသိရသည်။

ထိုချေးငွေများကို တောင်သူများ လယ်ယာစိုက်ပျိုးချိန်တွင် လာရောက်ချေးပေးခြင်းမရှိဘဲ သီးနှံပေါ်လာချိန်မှ လာရောက်ချေးပေးပြီး အတိုးနှုန်းကိုလည်း ယခင်ကထက်များလာကြောင်း ပင်းတယမှ တောင်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီချေးငွေက အစိုးရကနေ တောင်သူလယ်သမား စိုက်ပျိုးရေးသမားတွေအတွက် လယ်ယာခြံဧကကြည့်ပြီး ထုတ်ပေးတဲ့ ချေးငွေပေါ့၊ တစ်ဧကကို တစ်သိန်းခွဲနှုန်းနဲ့ သူတို့ပေးတယ်၊ အရင်နှစ်ကချေးငွေရဲ့အတိုးက ၄ ရာခိုင်နှုန်းပဲ ပေးရတယ်၊ ဒီနှစ်က ၅ ရာခိုင်နှုန်းတဲ့၊ ကိုးလို့ကန့်လန့်ဖြစ်နေတာပေါ့၊ ကူညီရာမရောက်ပါဘူး” ဟု ပင်းတယမြို့နယ်မှ ကော်ဖီစိုက် တောင်သူတစ်ဦးက ပြောသည်။

ပင်းတယမြို့

ဒေသခံတောင်သူများတချို့သည် စားဝတ်နေရေး မပြေလည်မှုများကြောင့် စိုက်ပျိုးရေးရာသီတွင် လိုအပ်သည့် ချေးငွေ မရရှိသဖြင့် တောင်ယာတချို့စွန့်လွတ်လိုက်ရခြင်းများရှိသည့်အပြင် ယခုအခါမှ ရရှိသည့် ၅ ရာခိုင်နှုန်း တိုးချေးငွေသည် ဒေသခံပြည်သူများအပေါ် ထပ်ဆင့်စီးပွားရှာခေါင်းပုံဖြတ်သည့် ပုံစံဖြစ်နေကြောင်း ပင်းတယ ဒေသခံများက ဝေဖန် ပြောဆိုကြသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စိုက်ပျိုးရေးချေးငွေ မဆပ်နိုင်ခဲ့သည့် တောင်သူများအတွက် ဒေသခံစီးပွားရေး လုပ်ငန်းရှင်များထံမှတဆင့် အတိုးနှုန်း ၅ ကျပ်တိုးဖြင့် ဆပ်ထားပေးကြောင်း ပင်းတယမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်စီစဥ်နေကြောင်း သိရပါသည်။

“ပြီးတဲ့နှစ်မှာ ဒီဘက်က နိုင်ငံရေးအခြေအနေတွေကြောင့် စီးပွားရေးတွေ တော်တော်ထိခိုက်တယ်လေ၊ တောင်သူတွေအနေနဲ့လည်း ကုန်ထွက်ဈေးနှုန်းမကောင်းတာ၊ ရောင်းမရတာတွေကြောင့် တချို့က အဲ့ချေးငွေကို မဆပ်နိုင်ခဲ့ဘူး၊ အခုတော့ လောပန်းတွေနဲ့ပေါင်းပြီး ပြည်သူကို လာရိုက်ပြန်ပြီလားမသိဘူး” ဟု ပင်းတယလူငယ်တစ်ဦးက ပြောသည်။

လယ်ယာ အမတော်ကြေးဟု ဒေသခံများခေါ်ဆိုကြသည့် နှစ်စဥ်စိုက်ပျိုးရေးချေးငွေများကို ပင်းတယမြို့နယ် စစ်ကောင်စီ လက်အောက်ခံ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မှ တောင်သူလယ်သမားများအား နှစ်စဥ် ၅ လပိုင်း ကုန် (သိုမဟုတ်) ၆လပိုင်း အစတွင် ထုတ်ပေးလျက်ရှိခဲ့သော်လည်း ယခုနှစ်တွင် ၈ လပိုင်းမှသာ ထုတ်ပေးခြင်းဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်မှုနှင့် တောင်သူအကျပ်

0
၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်ဆနီးပါး တိုးမြှင့်ထုတ်ချေးပေးမည်ဟု စစ်ကော်မရှင် လက်အောက်ခံ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ စပါးတစ်ဧကလျှင် ၁ သိန်းခွဲကျပ်မှ ၃ သိန်းကျပ်အထိ တိုးမြှင့်ပေးလိုက်သော်လည်း မြေပြင်တွင် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...