မိုးဗြဲမြို့ တောထဲ ထွက်ပြေးခဲ့ရသည့်စစ်ရှောင်များ စားစရာမရှိ မြို့ပေါ်သို့ စိုးရိမ်စိတ်ဖြင့် ပြန်နေ

သျှမ်ပြည် မိုးဗြဲမြို့ စစ်ရှောင်များသည် တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင်နေစဉ် စားနပ်ရိက္ခာပြတ်လပ်မှုများ၊ နေထိုင်မှု အခက်အခဲများ ကြုံရခြင်းကြောင့် မြို့ပေါ်သို့ ပြန်ပြောင်းရွှေ့နေထိုင် ကြရကြောင်း စုံစမ်းသိရသည်။

.

တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင်နေရစဉ် အချိန်ကာလ၌ စစ်ရှောင်များသည် အလှူရှင်ထံမှ ထောက်ပံ့သည့် စားနပ်ရိက္ခာများကိုသာ အားကိုးနေရပြီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားသည့် လများတွင် နယ်မြေဒေသအတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ထောက်ပံ့မှုများ ရောက်ရှိမလာကာ စားနပ်ရိက္ခာပြတ်လပ်မှုများ ကြုံခဲ့ရခြင်း ဖြစ်သည်။

“တောတောင်တွေထဲမှာ နေရတုန်းက စားစရာ၊ နေစရာတွေ ခက်တာပါတယ်။ နောက်ပြီး ကိုယ့်အိမ်လောက် မမှီဘူးပေါ့။ ဖယ်ခုံမှာ အကုန်လုံး လာစုတဲ့အခါကျတော့ တော်တော်များတယ်။ တချို့က သူများအိမ်မှာနေရသလို အိမ်ငှားနေရတဲ့သူ၊ ဆွေမျိုးနား ကပ်နေရတဲ့သူလည်းရှိတယ်။ ဒီမှာက စခန်းတစ်ခုနဲ့ ဆောက်ပေးတာမရှိဘူး။ ကြာတော့အဆင်မပြေတော့ ငြီးငွေ့လာကြတယ် “ ဟု စစ်ရှောင်ကော်မတီ တစ်ဦးက ပြောသည်။

မိုးဗြဲစစ်ရှောင်စခန်း

လက်ရှိမှာ မိုးဗြဲမြို့ပေါ်အတွင်း နေရပ်ပြန်သွားသည့် စစ်ရှောင်များသည် လူဦးရေ ၂၀၀ ကျော် ရှိပြီး တိုက်ပွဲများ ထပ်မံဖြစ်ပွားပါက နေရပ်ပြန်သွားသည့် ပြည်သူများသည် ပြန်လည်ထွက်ပြေးတိမ်းရှောင်ကြရမှာဖြစ်ပြီး ယနေ့အချိန်ထိ မိုးဗြဲမြို့ပေါ်၌ အခြေတစိုက် နေထိုင်ခြင်း မရသေးကြောင်း သိရသည်။

အလားတူ မိုးဗြဲမြို့နေရပ်ပြန်သွားသည့် စစ်ရှောင် နှင့် နီးစပ်သူတစ်ဦးက “ ပြန်သွားတာတော့ ရှိတယ်။ ရပ်ကွက်တိုင်းမှာတော့ ပြန်နေလို့မရဘူး။ လမ်းဘေးတွေမှာပဲ ပြန်နေကြတယ်။ အကုန်လုံးတော့ မပြန်လာနိုင်သေးဘူး။ ဒီလိုနေရဲတဲ့သူတွေ၊ လမ်းဘေးမှာ နေတဲ့သူတွေ စည်ကား ရပ်ကွက် ၊ ပေါ်ဦး ရပ်ကွက်မှာပဲရှိတယ်။ ကျန်တဲ့ရပ်ကွက်တွေက စစ်ကောင်စီ တပ်စွဲထားတယ် “ ၎င်းကဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် သြဂုတ် ၆ ရက်တွင် လွိုင်ကော် – မိုးဗြဲ ကားလမ်းမကြီးပေါ်ရှိ ကျေးရွာတွင် တိုက်ပွဲပြန်လည် ဖြစ်ပြီးနောက်ပိုင်း လမ်းမကြီး အသုံးပြုရန် တားမြစ်ထားလိုက်သဖြင့် စစ်ရှောင်များအတွက် ရိက္ခာသယ်ယူ၍ မရကာ တခြားလမ်းကို အသုံးပြုပြီး သယ်ယူရသောကြောင့် အခက်ခဲရှိနေကြောင်း စစ်ရှောင်ကော်မတီများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...